1
မဿဲ 7:7
ခေတ်သစ်မြန်မာ သမ္မာကျမ်း
BCB
တောင်းကြလော့။ တောင်းလျှင် ရလိမ့်မည်။ ရှာကြလော့။ ရှာလျှင်တွေ့လိမ့်မည်။ တံခါးကို ခေါက်ကြလော့။ ခေါက်လျှင် ဖွင့်ပေးလိမ့်မည်။
Mampitaha
Mikaroka မဿဲ 7:7
2
မဿဲ 7:8
တောင်းသောသူတို့သည် ရကြ၏။ ရှာသောသူတို့သည် တွေ့ကြ၏။ ခေါက်သောသူတို့အတွက်လည်း တံခါးကိုဖွင့်ပေး၏။
Mikaroka မဿဲ 7:8
3
မဿဲ 7:24
ငါဟောပြောသော ဤတရားစကားကို ကြား၍ လိုက်နာသောသူသည် ကျောက်ပေါ်တွင် အိမ်ဆောက်သောပညာရှိနှင့် တူ၏။
Mikaroka မဿဲ 7:24
4
မဿဲ 7:12
သင်တို့အပေါ် ပြုစေလိုသည့်အတိုင်း တစ်ပါးသူတို့အပေါ် ပြုကြလော့။ ဤအရာသည် ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းတို့၏ အချုပ်ဖြစ်၏။
Mikaroka မဿဲ 7:12
5
မဿဲ 7:14
သို့ရာတွင် အသက်ရှင်ခြင်းသို့ သွားသော တံခါးနှင့်လမ်းသည် ကျဉ်းမြောင်းခက်ခဲသဖြင့် တွေ့ရှိသောသူနည်းလှ၏။
Mikaroka မဿဲ 7:14
6
မဿဲ 7:13
ကျဉ်းမြောင်းသောတံခါးဖြင့်သာ ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ကြလော့။ ငရဲသို့ သွားသော တံခါးနှင့်လမ်းသည် ကျယ်ဝန်းသဖြင့် ဝင်သောသူ များကြ၏။
Mikaroka မဿဲ 7:13
7
မဿဲ 7:11
သင်တို့သည် ဆိုးသောသူများဖြစ်လျက်ပင် သင်တို့၏သားသမီးများအား ကောင်းသောအရာကို ပေးတတ်ကြလျှင် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့၏အဖသည် တောင်းသောသူတို့အား ကောင်းသောအရာကို ပို၍ ပေးတော်မူမည် မဟုတ်လော။
Mikaroka မဿဲ 7:11
8
မဿဲ 7:1-2
သူတစ်ပါးတို့အား အပြစ်မစီရင်ကြနှင့်။ သို့မှသာ သင်တို့သည်လည်း အပြစ်စီရင်ခံရခြင်းမှ လွတ်လိမ့်မည်။ သူတစ်ပါးတို့ကို သင်တို့အပြစ်စီရင်သည့်အတိုင်း သင်တို့သည်လည်း အပြစ်စီရင်ခံရလိမ့်မည်။ သူတစ်ပါးကို အပြစ်စီရင်သောစံနှုန်းနှင့်အညီ သင်တို့သည်လည်း အပြစ်စီရင်ခံရလိမ့်မည်။
Mikaroka မဿဲ 7:1-2
9
မဿဲ 7:26
ငါဟောပြောသော တရားစကားကို ကြား၍ မနာခံသောသူသည် သဲပေါ်၌ အိမ်ဆောက်သော ပညာမဲ့နှင့် တူ၏။
Mikaroka မဿဲ 7:26
10
မဿဲ 7:3-4
သင်သည် သင်၏မျက်စိထဲက သစ်တုံးကို မမြင်ဘဲ သင့်မိတ်ဆွေ၏မျက်စိထဲက သစ်မှုန်စကို အဘယ်ကြောင့် မြင်သနည်း။ သင်၏မျက်စိထဲ၌ သစ်တုံးရှိနေပါလျက် ‘မိတ်ဆွေ… သင်၏မျက်စိထဲက သစ်မှုန်စကို ထုတ်ပေးပါရစေ’ ဟူ၍ သင့်မိတ်ဆွေကို အဘယ်ကြောင့်ပြောရသနည်း။
Mikaroka မဿဲ 7:3-4
11
မဿဲ 7:15-16
ပရောဖက်အတုအယောင်များကို သတိပြုကြလော့။ သူတို့သည် သိုးရေခြုံလျက် သင်တို့ထံ လာသော်လည်း အတွင်း၌မူ ကြမ်းကြုတ်သောဝံပုလွေများကဲ့သို့ ဖြစ်ကြ၏။ သင်တို့သည် ထိုသူတို့၏ ပြုမူပုံကို ထောက်ရှု၍ သူတို့သည် ပရောဖက်အတုအယောင်များဖြစ်ကြောင်းကို သိနိုင်၏။ ဆူးပင်မှ စပျစ်သီးကို ဆွတ်ခူးနိုင်သလော။ ဆူးချုံမှ သဖန်းသီးကို ဆွတ်ခူးနိုင်သလော။
Mikaroka မဿဲ 7:15-16
12
မဿဲ 7:17
ကောင်းသောအပင်သည် ကောင်းသောအသီးကို သီးတတ်၏။ မကောင်းသောအပင်သည် မကောင်းသောအသီးကို သီးတတ်၏။
Mikaroka မဿဲ 7:17
13
မဿဲ 7:18
ကောင်းသောအပင်သည် မကောင်းသောအသီးကို မသီးနိုင်။ မကောင်းသောအပင်သည်လည်း ကောင်းသောအသီးကို မသီးနိုင်။
Mikaroka မဿဲ 7:18
14
မဿဲ 7:19
ကောင်းသောအသီးမသီးသည့် အပင်ရှိသမျှတို့ကို ခုတ်လှဲ၍ မီးထဲသို့ ပစ်ချတတ်ကြ၏။
Mikaroka မဿဲ 7:19
Fidirana
Baiboly
Planina
Horonan-tsary