1
ယောဟန် 10:10
TPV-RV (Thamma Pitakadaw)
TPV-RV
သူခိုးသည် ခိုးယူ၊ သတ်ဖြတ်၊ ဖျက်ဆီးဖို့ရန်သာ လာတတ်၏။ ငါသည်ကား သိုးတို့အား အသက်ကို ရရှိစေရန်သာမက ထိုအသက်ကို ပြည့်ဝစွာရရှိစေရန်လာ၏။
Konpare
Eksplore ယောဟန် 10:10
2
ယောဟန် 10:11
ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။ ကောင်းသောသိုးထိန်းသည် သိုးတို့အဖို့ငှာ မိမိအသက်ကိုပင် စွန့်တတ်၏။
Eksplore ယောဟန် 10:11
3
ယောဟန် 10:27
ငါ့သိုးတို့သည် ငါ့အသံကို နားထောင်ကြ၏။ ငါသည်လည်း သူတို့ကိုသိ၍ သူတို့သည် ငါ့နောက်သို့လိုက်ကြ၏။
Eksplore ယောဟန် 10:27
4
ယောဟန် 10:28
ငါသည် သူတို့အား နိစ္စထာဝရအသက်ကို ပေး၍ သူတို့သည် ဘယ်သောအခါမျှ မပျက်စီးရ။ မည်သူမျှ သူတို့ကို ငါ့ထံမှ လုယူ၍မရနိုင်။
Eksplore ယောဟန် 10:28
5
ယောဟန် 10:9
ငါသည် တံခါးပေါက်ဖြစ်၏။ မည်သူမဆို ငါ့အားဖြင့်ဝင်လျှင် ကယ်တင်ခြင်းရလိမ့်မည်။ ထိုသူသည် တံခါးပေါက်မှဝင်ထွက်ကာ ကျက်စားရာကိုတွေ့ရလိမ့်မည်။
Eksplore ယောဟန် 10:9
6
ယောဟန် 10:14
ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။ ငါသည် ငါ့သိုးတို့ကို သိ၍ ငါ့သိုးတို့သည်လည်း ငါ့ကို သိကြ၏။
Eksplore ယောဟန် 10:14
7
ယောဟန် 10:29-30
သူတို့အား ငါ့ထံသို့ ပေးအပ်တော်မူသည့် ငါ၏ဖခမည်းတော်သည် ခပ်သိမ်းသောသူတို့ထက် ကြီးမြတ်တော်မူသည်ဖြစ်၍ မည်သူမျှ သူတို့ကို ဖခမည်းတော်၏လက်တော်မှ မလုယူနိုင်။ ငါနှင့် ခမည်းတော်သည် တစ်လုံးတစ်ဝတည်းဖြစ်၏” ဟုပြန်လည်မိန့်တော်မူ၏။
Eksplore ယောဟန် 10:29-30
8
ယောဟန် 10:15
ထိုသို့ပင် ငါ၏ဖခမည်းတော်သည် ငါ့ကိုသိတော်မူသကဲ့သို့ ငါသည်လည်း ငါ၏ဖခမည်းတော်ကို သိ၏။ ထို့ပြင် ငါသည် ငါ၏သိုးတို့အတွက် မိမိအသက်ကိုပင် စွန့်၏။
Eksplore ယောဟန် 10:15
9
ယောဟန် 10:18
မည်သူကမျှ ငါ့အသက်အား ငါ့ထံမှနှုတ်ယူသည်မဟုတ်။ ငါ့ဆန္ဒအလျောက် ငါ့အသက်ကို ငါစွန့်၏။ ငါ၌ မိမိအသက်ကို စွန့်ပိုင်ခွင့်ရှိ၍ ၎င်းကို ပြန်လည်ရယူပိုင်ခွင့်ရှိ၏။ ဤသည်မှာ ငါ၏ဖခမည်းတော်ထံမှရရှိသော အမိန့်တော်ဖြစ်၏” ဟု မိန့်တော်မူ၏။
Eksplore ယောဟန် 10:18
10
ယောဟန် 10:7
ထို့ကြောင့် တဖန် ကိုယ်တော်ယေရှုသည် “သင်တို့အား ငါအမှန်ဆိုသည်ကား ငါသည် သိုးတို့ဝင်သောတံခါးပေါက်ဖြစ်၏။
Eksplore ယောဟန် 10:7
11
ယောဟန် 10:12
သိုးထိန်းမဟုတ်၊ သိုးတို့၏ပိုင်ရှင်လည်းမဟုတ်သော လူငှားမူကား ဝံပုလွေလာသည်ကိုမြင်လျှင် သိုးတို့ကို ပစ်ထားကာ ထွက်ပြေးတတ်၏။ ထိုအခါ ဝံပုလွေသည် သိုးတို့ကို တိုက်ခိုက်သဖြင့် သိုးများတစ်ကွဲတစ်ပြားဖြစ်စေ၏။
Eksplore ယောဟန် 10:12
12
ယောဟန် 10:1
ထို့နောက် ကိုယ်တော်ယေရှုသည် “သင်တို့အား ငါအမှန်ဆိုသည်ကား သိုးခြံထဲသို့ တံခါးပေါက်မှမဝင်ဘဲ အခြားနည်းဖြင့် ကျော်ဝင်သောသူသည် သူခိုး၊ ဓားပြဖြစ်၏။
Eksplore ယောဟန် 10:1
Akèy
Bib
Plan yo
Videyo