ရှင်ယောဟန်ဩဝါဒစာပထမစောင် 1

1
နိဒါန်း
1အစအဦး​က​ပင်​ရှိ​သော​အရာ၊ ငါ​တို့​ကြား​ရ​သော​အရာ၊ ကိုယ့်​မျက်စိ​ဖြင့် မြင်​ရ​သော​အရာ၊ ငါ​တို့​ကြည့်ရှု​လျက် ကိုယ့်​လက်​ဖြင့် တို့ထိ​စမ်းသပ်​ရ​သော​အရာ​တည်းဟူသော အသက်​နှင့်ဆိုင်သည့် နှုတ်ကပတ်တော်​အကြောင်း​ဟူမူကား 2ထို​အသက်​သည် ထင်ရှား​ခဲ့​ပြီ​။ ငါ​တို့​သည်​လည်း ၎င်း​ကို​မြင်​ရ​၍ သက်သေခံ​လျက် ခမည်းတော်​နှင့်အတူ​ရှိ​ပြီး ငါ​တို့​၌​ထင်ရှား​သော ထို​ထာဝရ​အသက်​အကြောင်း​ကို သင်​တို့​အား ပြောကြား​ကြ​၏။ 3ငါ​တို့​မြင်​ရ​ကြား​ရ​သော​အရာ​ကို သင်​တို့​အား​ပြောကြား​ရ​ခြင်း​မှာ သင်​တို့​သည်​လည်း ငါ​တို့​နှင့်​မိတ်သဟာယ​ဖွဲ့​ခြင်း​ရှိ​စေရန်​ဖြစ်​၏။ ငါ​တို့​၏​မိတ်သဟာယ​ဖွဲ့​ခြင်း​သည် ခမည်းတော်​နှင့်​လည်းကောင်း၊ ခမည်းတော်​၏​သား​တော်​ယေရှု​ခရစ်တော်​နှင့်​လည်းကောင်း မိတ်သဟာယ​ဖွဲ့​ခြင်း​ဖြစ်​၏။ 4ငါ​တို့​၏​ဝမ်းမြောက်​ခြင်း​ပြည့်ဝ​စုံလင်​စေရန် ဤ​အရာ​များ​ကို ငါ​တို့​ရေး​လိုက်​၏။
ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ခြင်း
5“ဘုရားသခင်​သည် အလင်း​ဖြစ်​တော်မူ​၍ ဘုရားသခင်​၌ မှောင်မိုက်​ခြင်း​လုံးဝ​မ​ရှိ”​ဟူသော ဤ​သတင်း​စကား​သည် ကိုယ်တော်​ထံမှ ငါ​တို့​ကြား​ရ​၍ သင်​တို့​အား ပြောကြား​သော​သတင်းစကား​ဖြစ်​၏။ 6ငါ​တို့​သည် ဘုရားသခင်​နှင့်​မိတ်သဟာယ​ဖွဲ့​ခြင်း​ရှိ​၏​ဟု ဆို​လျက်​နှင့် အမှောင်​ထဲ၌​အသက်ရှင်​လျှောက်လှမ်း​နေ​ကြ​လျှင် ငါ​တို့​သည် လိမ်လည်​ပြောဆို​သည်​ဖြစ်၍ သမ္မာတရား​ကို​ကျင့်သုံး​နေ​ကြ​သည်​မ​ဟုတ်။ 7သို့သော် ဘုရားသခင်​သည် အလင်း​၌​ရှိ​တော်မူ​သကဲ့သို့ ငါ​တို့​သည်​လည်း အလင်း​၌​အသက်ရှင်​လျှောက်လှမ်း​ကြ​လျှင် ငါ​တို့​အချင်းချင်း​၌ မိတ်သဟာယ​ဖွဲ့​ခြင်း​ရှိ​၍ ဘုရားသခင်​၏​သား​တော်​ယေရှု​၏​သွေး​တော်​သည် ငါ​တို့​ကို အပြစ်​ရှိသမျှ​တို့​မှ စင်ကြယ်​စေ​တော်မူ​၏။
8ငါ​တို့​၌​အပြစ်​မ​ရှိ​ဟု ငါ​တို့​ဆို​လျှင် ငါ​တို့​သည် ကိုယ့်ကိုယ်ကိုယ်​လှည့်ဖြား​နေ​သည်​ဖြစ်၍ သမ္မာတရား​သည် ငါ​တို့​၌​မ​ရှိ။ 9ငါ​တို့​သည် ကိုယ့်​အပြစ်​များ​ကို​ဖော်ပြ​ဝန်ခံ​လျှင် ဘုရားသခင်​သည် သစ္စာ​နှင့်​ပြည့်စုံ​၍ ဖြောင့်မတ်​သော​အရှင်​ဖြစ်​တော်မူ​သောကြောင့် ငါ​တို့​၏​အပြစ်​များ​ကို​ခွင့်လွှတ်​ပြီး ငါ​တို့​ကို မတရားမှု​ရှိသမျှ​တို့​မှ စင်ကြယ်​စေ​တော်မူ​၏။ 10အပြစ်​မ​ပြု​ဖူး​ပါ​ဟု ငါ​တို့​ဆို​လျှင် ငါ​တို့​သည် ဘုရားသခင်​ကို လိမ်လည်​သော​သူ​ဟု​ဆို​ရာ​ရောက်​၍ ဘုရားသခင်​၏​နှုတ်ကပတ်တော်​သည် ငါ​တို့​၌​မ​ရှိ။#၁ယော 1:8၊ သု 20:9၊ ယေ 2:35။

Korostus

Jaa

Kopioi

None

Haluatko, että korostuksesi tallennetaan kaikille laitteillesi? Rekisteröidy tai kirjaudu sisään

YouVersion käyttää evästeitä mukauttaakseen käyttökokemustasi. Käyttämällä verkkosivustoamme hyväksyt evästeiden käytön Tietosuojakäytännössämme kuvatulla tavalla