Logo de YouVersion
Icono de búsqueda

Luke 9

9
1ကိုယ်တော်က တပည့်တော်ဆယ့်နှယောက်တို့ဝို ခေါ်ရိ စုဝေးစေပြီး အားလုံးသော မကွန်းဆိုးဝါးဒေဝို မောင်းထုတ်နိုင်ရန်န အနာရောဂါဒေဝို ပျော့ကင်းစေနိုင်တဲ့ တန်ခိုးစွမ်းအားဒေဝို ပေးအပ်လေရယ်။ 2အဲနော့ သူနို့ဝို ဖရားရှင်ရဲ့ သာသနာပြုရန်န အနာရောဂါကုသဝို့ စေလွှတ်လိုက်လေရယ်။ 3ကိုယ်တော်က သူနို့ဝို" နန်နို့နအတူ ဟဲအရာဝိုမျှယူမသွားပါန" သွန်ဝှီး၊ ခရီးဆွန်အိ၊ အစားအစာ၊ ရိက္ခာ၊ ပိုက်ဆံ၊ လဲစရာအပိုအန်းဂီ စတဲ့အရာဒေဝို ယူသွားန။ 4နန့်နို့ဝို ကြိုဆိုတဲ့ အီမှာ အဲဗြို့မှ မသွားမီထိ တည်းခိုပါ။ 5အဲလိုမဟုတ် နန်နို့ဝို မကြိုဆိုသောအီ ဒါမှမဟုတ် ဗြို့ဒေဝို အဲဗြို့မှထွခွာတံါအခါ သတိပေးတဲ့နေန နန်နို့ရဲ့ ခေဒေါ့က ဖူဝိုခါပြီး သတိပေးလိုက်ပါ"လို့ မိန့်တော်မူရယ်။ 6တပည့်တော်ဒေလည်း ထွခွာလာကေပြီး အနယ်နယ်အရပ်ရပ်ဆီသွားရိ ဘုရားရှင်ရဲ့ နှုတ်ထွက်(သ်)တရားတော်ဒေဝို မင်္ဂလာဒန်းကွန်းဒေဝို ဟောကြားပေးပြီး ဝေဒနာရှင်ဒေဝိုလည်း အနာရောဂါပျော့ကင်းအွန် ကုသပေးကေရယ်။ 7ဘုရင်ဟေရုဒ်က ကိုယ်တော်ယေရှုရဲ့ ဒန်းအဖြစ်အပျက်ဒေဝို ကြားသိတဲ့အခါ ပူပန်သောက ဖြစ်လာလေရယ်။ လူတချို့က ရေနှစ်မင်္ဂလာပေးသူ ဗတ္တိဇံဆရာ ယောဟန်က အသက်ပြန်ရှင်လာပြီလို့ ပြောနေကေလေရယ်။ 8အခြားသူဒေက "ဧလိယ" ကြွလာခြင်း ဒါမှမဟုတ် ဟိုးရှေးယခင်က ရှိခဲ့တဲ့ ပညာရှိ ပရောဖက် တစ်ပါး အသက်ပြန်ရှင်လာတယ်လို့ ပြောဆိုကေရယ်။ 9အပေမယ့် ဟေရုဒ်မင်းက "ငါက ယောဟန်ရဲ့ ဦးခွန်းဝို ဖြတ်ခဲ့ပြီးပြီ၊ ငါ့နားန မဆံ့အွန် ကြားပြီး ဒန်းထွက်နေသူမှာ ဟဲသူဖြစ်နိုင်မလဲ"လို့ပြောပြီး ကိုယ်တော်ဝို တွေ့ဆုံဝို့ ဆန္ဒပြင်းပြခဲ့ရယ်။ 10တပည့်တော်ဒေ ခရီးမှ ပြန်လာကေတဲ့အခါ ကိုယ်တော်ယေရှုဝို သူနို့ ဆောင်ရွက်ခဲ့တာဒေဝို ရွှတ်တံကေလေရယ်။ အဲနောက် ကိုယ်တော်က တပည့်တော်ဒေဝို သူနအတူ ခေါ်ဆွန်သွားဝီး ဗက်ဇဲဒဝွါဆီ သွားခဲ့လေရယ်။ အဲနေရာမှာ သူနို့ဘဲ သီးသန့်ရှိနေလေရယ်။ 11အပေမယ့် များစွာသောလူဒေက ကိုယ်တော်ဝို လိုက်ရှာဝီး ကိုယ်တော်နော့ဆီ လိုက်လာကေရာ ကိုယ်တော်လည်း သူနို့ဝို ကြိုဆိုရလေတော့ရယ်။ ကိုယ်တော်က ဖရားရှင်ရဲ့ သသနာတော်အကျွန်း ရှင်းလင်းဟောကြားပြီး ရောဂါသည်ဒေဝိုလည်း ပျော့ကင်းစေတော်မူလေရယ်။ 12မွန်းတည့်ခီ ကျော်လာဘီးဖြစ်ရိ တပည့်တော် ဆယ့်နှရွတ်က ကိုယ်တော်ဆီ ရွတ်ရှိလာဝီး "အဲလူအုပ်ဂီးဝို အနီးနားတဝိုက်မှာရှိတဲ့ ဝွါန လယ်ကွင်းဆီ စေလွှတ်လိုက်ပါ။ သူနို့မှာ တည်းခိုဝို့န အစားအသော့ဒေဘုံဂီး လိုအပ်ပါရယ်။ အဲနေရာမှာ ရလည်းမှေ့ရ အဲအရပ်က ကန္တရကဲ့သို့ ဖြစ်နေပါရယ်" လို့ရွှတ်တံကေလေရယ်။ 13ကိုယ်တော်က " နန်နို့ သူနို့ဝို စားစရာတခုခုပေးလိုက်ပါ" လို့တပည့်တော်‌ဒေဝို မိန့်တော်မူလိုက်ရာ သူနို့က "ကျနော်တို့ဒေမှာ ပါမု အသေးငါးလုံးန ငါးနှကွန်ဘဲရှိပါရယ်။ "အဲလူဒေအားလုံးဝို ကျွေးမယ်ဆိုရင် အစားအသော့‌ဒေ သွားရိဝယ်ရပါမယ်" လို့ ရွှတ်တံလေရယ်။ 14လူအုပ်ဂီးမှာ ယွတ်ကျားအရေအတွက် ငါးထွန်ခန့် ရှိလေရေယ်။ ကိုယ်တော်က သူရဲ့တပည့်တော်ဒေဝို" လူအယွတ်ငါးဆယ် တစ်ဖွဲ့စီ ထိုင်ခိုင်းလိုက်ပါ" လို့မိန့်တော်မူလေရယ်။ 15တပည့်တော်ဒေလည်း ကိုယ်တော်ရဲ့ အမိန့်အတိုင်း ဆောင်ရွက်ကေရယ်။ လူဒေလည်း အဲလိုဘဲ့ ထိုင်လိုက်လေရယ်။ 16ကိုယ်တော်က ပါမုငါးလုံးန ငါးနှကွန်ဝို ယူလိုက်ပြီး နိဗ္ဗာန်ရွှေဗြို့တော်ဆီ မျှော်ကေ့ရိ ဖရားရှင်ရဲ့ ဂုဏ်ကျေးဇူးတော်ဒေဝို ချီးမွမ်းဆုတောင်းလိုက်လေရယ်။ အဲနော့ ကိုယ်တော်ရဲ့ လတ်တော်န ပါမုန ငါးဒေဝို ဖဲ့ဝီး တပည့်တော်ဒေမှတဆင့် လူဒေဝို ဝေငှပေးလိုက်လေရယ်။ 17လူဒေအားလုံးက ဗိုက်ဝအွန်စားခဲ့လေပြင် သူနို့ရဲ့ စားကြွင်းစားကျန်ဒေဝိုကော့သီးရာ တွန်းဆယ့်နှတွန်း အပြည့်ရကေလေရယ်။ 18ကိုယ်တော်ယေရှုက တစ်ကိုယ်ထဲ ဆုတွန်းနေခါ တပည့်တော်ဒေရွတ်လာကေရာ ကိုယ်တော်က သူနို့ဝို "လူဒေက ကိုယ်တော်အကျွန်းဝို ဟဲမျိုးပြောနေကေလဲ" လို့မေးမြန်းလိုက်ရယ်။ 19သူနို့က " တချို့က ကိုယ်တော်ဝို ရေနှစ်မင်္ဂလာဆရာ ယောဟန်ဆိုလကွန်း ၊ ဧလိယဆိုလကွန်း၊ ပြန်လည်အသက်ရှင်လာသူ ပရောဖက်တစ်ပါးလို့ဆိုလကွန်း ပြောဆိုနေကေပါရယ်" လို့ရွှတ်တံလိုက်ကေလေရယ်။ 20အဲအခါ ကိုယ်တော်က " သူနို့က ငါ့ဝို ဟဲသူလို့ ပြောလိုကေနူး"လို့မေးတော်မူလေရယ်။ ပေတရုက " အရှင်က ဖရားရှင်စေလွှတ်တော်မူတဲ့ "မေရိယ" အရှင်ဖြစ်ပါရယ်"လို့ ရွှတ်ထားလိုက်လေရယ်။ 21ကိုယ်တော်က အဲအကျွန်းအရာဒေဝို ဟဲသူ့မျှ မပြောဝို့ တင်းကြပ်တားမြစ်တော်မူလေရယ်။ 22ကိုယ်တော်က သူရဲ့ တပည့်တော်ဒေဝို " အမျိုးသားခွန်းဆွန်ဒေ၊ ဘာသာရေးဂိုဏ်းချုပ်ဂီးဒေန မောရှေကျမ်းတတ်ပညာရှင်ဒေက" လူ့သားတော်"ဝို ညှဉ်းပန်းနှိပ်စက်ကေလိမ့်မယ်။ သူနို့က သူ့ဝို ငြင်းပယ်ကေပြီး သတ်ကေလေမယ်။ အပေမယ့် သုံးရက်မြောက်နေ့မှာ သူက ရှင်ပြန်ထမြောက်ပါလိမ့်မယ်" လို့မိန့်တော်မူလိုက်ရယ်။ 23အဲနော့ ကိုယ်တော်က ပရိသတ်ဒေဝို" အဲလိုမျိုး ငါရဲ့ တပည့်တော်ဖြစ်လိုသူက သူရဲ့ အတ္တကို စွန့်ပစ်ရမယ်။ သူနို့ရဲ့ လတ်ဝါးကပ်တိုင်ဝို ကိုယ်တိုင်ထမ်းဝီး ငါရဲ့နော့တော်ဆီ နေ့တိုင်းနေ့တိုင်း လိုက်နိုင်မယ့်သူဖြစ်ရမယ်။ 24သူနို့ရဲ့ အသတ်ဝို ကယ်တင်လိုရင် အတ္တန ပြည့်နှက်နေတဲ့ဘဝဝို စွန့်လွှတ်လိုက်ပါ။ အပေမယ့် ကိုယ်တော်အတွက်ကျော့ သူနို့ရဲ့ဘဝဝို စွန့်လွှတ်သူက သူ့ရဲအသတ်ဝို ကယ်တင်ခြင်းခံရမယ်။ 25နန်နို့က ကမ္ဘာဂီးတခုလုံး ပိုင်ဆိုးခွင့်ရလည်း နန်နို့ဘဝ ပျက်စီးပြီး အသက်ဆုံးရရင် ဟဲမျိုးကျိုးရှိမယ်နူး။ 26နန်နို့က ကိုယ်တော်ကျော့ ရှစ်ကြော့ရင်" လူ့သားတော်က အဖဖရားရဲ့ ဘုန်းတန်ခိုးတော်၊ မြင့်မြတ်တဲ့ နတ်စေတမန်ဒေန အတူကြွလာတဲ့အခါမှာလည်း ရှစ်တော်မူလိမ့်မယ်။ 27သေချာတာတခုက အဲနေရာမှာ မတ်တပ်ရပ်နေသူအချို့ဒေက ဖရားရှင်ရဲ့ သာသနာတော်ထွန်းကာားတာဝို မဖူးတွေ့ရဘဲ့ သေရလိမ့်မယ်မဟုတ်သေး"လို့မိန့်တော်မူလိုက်လေရယ်။ 28အဲလိုမျိုး မိန့်တော်မူဝီး ရှစ်ရက်ခန့်အကြာမှာ ကိုယ်တော်က ပေတရု၊ ယောဟန်န ယာကုတို့ဝို ခေါ်ဆွန်ရိ ဝတ်ပြုဆုတောင်းဝို့ တောင်ပေါ်ဆီကြွတော်မူရယ်။ 29ကိုယ်တော်ဆုတောင်းနေခါ သူ့ရဲ့ အဆင်းပုံစံ ပြောင်းလဲသွားပြီး သူ့ရဲ့ဝတ်ရုံတော်ကလည်း ဖြူဖွေးတော့ပြွန်သွားလေရယ်။ 30ချက်ချင်းဘဲ့ မောရှေန ဧလိယက ကိုယ်တော်န ဂါးပြောကေလေရယ်။ 31တပည့်တော်ဒေက ကိုယ်တော်ရဲ့ ဘုန်းတန်ခိုးတော်ဒေ ထွန်းလင်းလာပြီးနော့ ယေရူရှလင်ဗြို့မှာ ကိုယ်တော်အသေခံရမယ့် အကျွန်းဝို ပြောနေကေလေရယ်။ 32ပေတရုန အခြားတပည့်တော်ဒေက အိမောကလာ့(လ်) နေလေရယ်။ သူနို့ နိုးလာတဲ့အခါ ချက်ချင်းဘဲ့ ဘုန်းတန်ခိုးတော်ဒေန ပြည့်စုံတဲ့ ကိုယ်တော်ဝို ဖူးဗျင်လိုက်ကေလေရယ်။ သူနို့က ကိုယ်တော်နအတူ ဂါးပြောနေတဲ့နှဦးဝိုလည်း ဗျင်လိုက်ရလေရယ်။ 33မောရှေန ဧလိယ ထွက်ခွာသွားတဲ့အခါ ပေတရုက ကိုယ်တော်ဝို" အရှင် အဲအရပ်က အရမ်းနေချင်စဖွယ်ဖြစ်ပါရယ် ကိုယ်တော်အတွက် တဲအီတဆွန်၊ ဧလိယအတွက် တဲအီတဆွန်၊ မောရှေအတွက် တဲအီတဆွန်၊ ကျွန်ုပ်လေ ဆော့လုပ် လှူဒါန်းပါရစေ" လို့ ရွှတ်ထားလိုက်ရယ်။ အပေမယ့် သူက သူ့ကိုယ်သူ ဟဲမျိုးပြောလိုက်ဇာကိုဘဲ့ မသိရ။ 34ပေတရု အဲလိုရွှတ်ထားနေခါ မိုးတိမ်တခုက သူနို့အပေါ်မှာ အုပ်မိုးထားရိ အရိပ်ကျနေရယ်။ သူနို့က မိုးတိမ်တိုက်ဂီး သူနို့အပေါ်အုပ်မိုးထားရိ အရမ်းကြောက်ရွံ့ တုန်လှုန်လာလေရယ်။ 35အဲအခီမှာ မိုးတိမ်တိုင်မှ " အဲလူက ငါရွေးချယ်တော်မူတဲ့ သားဖြစ်ရယ်။ သူ့ဂါးကိုနားထွန်ကေပါ" ဆိုကာ အသံတော်တခြ ထွက်ပေါ်လာလေရယ်။ 36အဲအသံတော် ထွက်ပေါ်လာပြီးနော့ ပေတရု၊ ယောဟန်န ယာကု က ကိုယ်တော်တပါးထဲဝိုဘဲ့ ဖူးဗျင်ကေရလေရယ်။ သူနို့က သူနို့ဒေဗျင်ခဲ့တဲ့အကျွန်းအရာဒေဝို ဟဲသူ ဟဲသူမျှ မပြောဘဲ တိဆိနေကေလေရယ်။ 37နောက်တနေ့မှာ ကိုယ်တော်နတပည့်တော်သုံးဦးက တောင်ပေါ်မှ ဆင်းလာကေရာ များစွာသောလူအုပ်ဂီးဝိုတွေ့လေရယ်။ 38ပရိသတ်ထဲမှ လူတဦးက "အရှင် ကျေးဇူးပြုရိ ကျွန်ုပ်ရဲ့သားဝို နေကွန်းအွန် လုပ်ပေးပါ။ သူက ကျွန်ုပ်ရဲ့ တဦးထဲဖြစ်တဲ့ သားဖြစ်ပါရယ်။ သူ့ဝို 39မကွန်းဆိုးဝါးပူးကပ်နှိပ်စက်နေလို့ အလန့်တကြား အော်ဟစ်နေပါရယ်။ သူ့တကိုယ်လုံး သူလှုပ်ပြီး ပါးစပ်ထဲက အမြှုပ်ဒေ ထွက်လာတတ်ပါရယ်။ အဲမကွန်းဆိုးဝါးက သူ့ဝိုပင်ပန်းမောဆို့ နာကျင်စေဘီး ခက်ခက်ခဲခဲန ထွက်သွားတတ်ပါရယ်။ 40ကျွန်ုပ်က ကိုယ်တော်ရဲ့ တပည့်တော်ဒေဝို တွန်းပန်ရိ အဲမကွန်းဆိုးဝါးဝို မောင်းထုစေပေမယ့် သူနို့မလုပ်နိုင်ကေပါ" လို့ရွှတ်ထားလိုက်လေရယ်။ 41ကိုယ်တော်က တပည့်တော်ဒေဝို "နန်နို့ဒေ တော်တော်ခွန်းမာပြီး ယုံကြည်မှုအားနည်းကေရယ် ကိုယ်တော် နန်နို့န ဟဲလော့ကြာအွန်နေနိုင်မလဲ"လို့မိန့်လိုက်ရယ်။ ကိုယ်တော်က "နန်ရဲ့သားဝို ကိုယ်တော်ဆီနား ခေါ်လာခဲ့ပါ"လို့ မိန့်လိုက်လေရယ်။ 42အဲခလေးဝို ခေါ်လာခါ မကွန်းဆိုးဝါးက သူ့ဝိုဝမ်ပူဝီး တကိုယ်လုံး သူလှုပ်စေလေရယ်။ ကိုယ်တော်က မကွန်းဆိုးဝါးဝို အမိန့်ပေးလိုက်ရိ ရပ်တန့်သွားလေရယ်။ ကိုယ်တော်က အဲယွတ်ကျားလေးဝို ကုသဝီး သူ့ဖခင်ဆီနား ပြန်လည်အပ်နှံလိုက်လေရယ်။ 43လူတိုင်းက ဖရားရှင်ရဲ့ မဟာတန်ခိုးတော် အနန္တဒေဝို ဖူးဗျင်ကေရိ အံ့ဩမဆုံး ဖြစ်နေကေရယ်။ 44ကိုယ်တော်ယေရှုရဲ့ ဆွန်ဝွက်ခြင်းဝို လူတိုင်းနေကေခါ ကိုယ်တော်က သူရဲ့တပည့်တော်ဒေဝို " ကိုယ်တော် နန်နို့ဝို ပြောပြနေတာဒေဝို ဂရုတစိုက် အာရုံစိုက်ပေးကေပါ။ "လူ့သားတော်ဝို သူ့ရဲ့ရန်သူဒေလတ်ထဲဆီ အပ်ကေတော့မယ်" 45အပေမယ့် တပည့်တော်ဒေက ကိုယ်တော်ဆိုလိုအကျွန်းအရင်းဝို မသိကေ။ အဲအဓိပ္ပါယ် အပြည့်စုံဝို သိုဝှက်ထားကေလေရယ်။ သူနို့က နားမလည်နိုင်ရိ မေးမြန်လို့ ကျော့လန့်နေကေလေရယ်။ 46တပည့်တော်ဒေက သူနို့ထဲမှ ဟဲသူက အကီးမြတ်ဆုံးဖြစ်ရယ်ဆိုတာဝို ငြင်းခုံနေလေရယ်။ 47ကိုယ်တော်က အဲသူဒေ ငြင်းခုံနေဇာဝို သိတော်မူလေရယ်။ ခလေးတယွတ်က ကိုယ်တော်ရဲ့ဘေးမှာ မတ်တပ်ရပ်နေရယ်။ 48အဲအခါကိုယ်တော်က တပည့်တော်ဒေဝို " ကိုယ်တော့်တွက်ကျော့ ခလေးငယ်တယွတ်ဝို ကြိုဆိုတဲ့အခါမှာ နန်နို့က ကိုယ်တော်ဝို ကြိုဆိုခြင်းဘဲဖြစ်ရယ်။ ငါ့ဝိုကြိုဆိုရင် ငါက စေလွှတ်လိုက်သူ အရှင်ဝိုလည်း နန်နို့ကြိုဆိုခြင်းဘဲဖြစ်ရယ်။ နန်နို့ထံမှာ အနှိမ့်ချဆုံးသူက အကီးမြတ်ဆုံးသူဘဲဖြစ်ရယ်" လို့ မိန့်တော်မူလိုက်လေရယ်။ 49ယောဟန်က" အရှင်ကျွန်ုပ်လေက အရှင်ရဲ့နော်မယ်ကို လူဒေဆီက မကွန်းဆိုးဝါးဒေကို မောင်းထုတ်နေတဲ့ သူတဦးဝို တွေ့ခဲ့ရယ်" လို့ ရွှတ်တံလေရယ်။ 50ကိုယ်တော်က " သူ့ဝိုမတားပါန နန်နို့ဝို မဆန့်ကျင်သူက နန်နို့ဘက်သားဒေဘဲ ဖြစ်ရယ်" လို့ မိန့်တော်မူလေရယ်။ 51ကိုယ်တော်က နိဗ္ဗာန်ရွှေမြို့တော်ဆီ တက်လှမ်းဝို့ အခီမဝေးတော့ဖြင့် သူက ယေရုရှလင်ဗြို့ဆီသွားဝို့ ဆုံးဖြတ်လေရယ်။ 52သူက တပည့်တော်အခို့ဝို ရှမာရိဝွာဆီ ဦးဆုံးလွှတ်လိုက်ဝီး ကိုယ်တော့်အတွက် အဆင်သင့် ပြင်ထားစေရယ်။ 53အပေမယ့် ယေရုရှလင်ဆီသွားရာ လမ်းတရွှတ်ရှိ လူဒေက ကိုယ်တော့်ဝို ကြိုဆိုဝို့ ငြင်းဆိုလိုက်ကေရယ်။ 54အဲအခါ ယာကုန ယောဟန်က အဲအဖြစ်အပျက်ဝို ဗျင်ရင် " အရှင်ဖရား၊ အကျွန်ုပ်လေက မိုးပေါ်ကမီးဝို ကလာ့(လ်)စေဝီး အဲဝွါဒေဝို မီးရှို့ဖျက်ဆီး လိုက်ရမလား" လို့ရွှတ်တံကေလေရယ်။ 55အပေမယ့် ကိုယ်တော်က လှည့်ရိ" နန်နို့က ဟဲမျိုးဉာဏ်အလင်းတော်န သက်ဆိုင်တာဝို နန်နို့ မသိရလား၊ "လူ့သားတော်"က လူဒေအသတ်ရှင်နေထိုင်ခြင်းဝို ဖျက်ဆီးဝို့ ကြွလာခြင်းမဟုတ်ရ၊ လူဒေဝို ကယ်တင်ဝို့ ဘဲ့ဖြစ်ရယ်" လို့မိန့်တော်မူပြီး 56သူနို့က အခြားဝွါတဝွါဆီဝို ထွခွာသွားကေလေရယ်။ 57လမ်းခရီးတရွှတ်မှာ လူတယွတ်က ကိုယ်တော့်ဝို " ကျွန်ုပ်က အရှင်ကြွလာမူရာဆီ လိုက်ပါမယ်" လို့ရွှတ်ထားလေရယ်။ 58ကိုယ်တော်က "မြေခွီးမှာ တွမ်းရှိရယ်၊ ငှက်ဒေမှာ သိုက်ရှိရယ်။ အပေမယ့် "လူ့သားတော်မှာ ခေသလုံးအီတိုင်ဘဲ့ဖြစ်ရယ်" လို့ မိန့်တော်မုလိုက်လေရယ်။ 59ကိုယ်တော်က အခြားလူတဦးဝို သူနအတူလိုက်ဝို့ခေါ်ခါ အဲလူက "အရှင် ခဏလေးစော့ပေးပါ။ ကျွန််ုပဖခင်ရဲ့ အလွန်းဝို ဦးဆုံးသွားဝီး သင်္ဂြုဟ်ခွက်ပေးဆိုကာ" လို့ ရွှတ်တံလေရယ်။ 60ကိုယ်တော်က " နန်က ဖရားရှင်ရဲ့ သာသနာအကျွန်း ဟောပြောနေခါမှာ သေနေတဲ့သူဝို သေမယ့်သူဒေ အချင်းချင်းက စောင့်ရှောက်ကေပါဆို" လို့ မိန့်တော်မူလိုက်လေရယ်။ 61အခြားသူတယွတ်က "အရှင် ကျွန်ုပ်က အရှင်နော့တော်ဆီ လိုက်ပါမယ်။ အပေမယ့် ကျွန်ုပ်ရဲ့အီဆီခဏပြန်ဝီး သီးဆီးစရာဒေ သီးဆီးခွက်ပြုပါ" လို့ လျှောက်လိုက်လေရယ်။ 62ကိုယ်တော်က " လယ်ထွန်တုံးဝို ကိုင်ရိ နော့ဘက်ဝိုလှည့်ကေ့တတ်သူက ဖရားရှင်ရဲ့ သာသနာတော်သွ အသုံးမဝမ်" ဆိုကာ မိန့်တော်မူလိုက်လေရယ်။

Actualmente seleccionado:

Luke 9: ttpv-rv

Destacar

Compartir

Copiar

None

¿Quieres tener guardados todos tus destacados en todos tus dispositivos? Regístrate o inicia sesión