Logo de YouVersion
Icono de búsqueda

Luke 22

22
1ပဿခါနေ့လို့ခေါ်တဲ့ မုန့်ပွဲတော်ခီ နီးကပ်လာနေရယ်။ 2ပရောဟိတ်ဒေန မောရှေကျမ်းတတ်ဆရာဒေက ကိုယ်တော်ယေရှုဝို သတ်ဝို့ကြံစည်နေကေရယ်။ လူထုပရိသတ် အခြေအနေဝိုလည်း သူနို့ သတိထားနေရသေးရယ်။ 3တပည့်တော် ဆယ့်နှစ်ဦးမှာ ပါဝင်တဲ့ ယုဒရှကာရုတ်ရဲ့ နှလုံးသားဆီထဲ မာရ်နတ်ဝမ်ရွတ် ပူးကပ်လိုက်လေရယ်။ 4ယုဒရှကာရုတ်က ဗိမာန်တော်ရဲ့ အရာရှိဒေဆိ ချဉ်းကပ်ဘီး သူက ကိုယ်တော်ယေရှုဝို ဖမ်းဆီးရာမှာ ကူညီမယ်လို့ ဆွေးနွေးလေရယ်။ 5သူနို့က ဒင်္ဂါးဒေ ပေးမယ်လို့ ဝမ်းမြော့ဘီး ကတိပေးလိုက်ရယ်။ 6ယုဒလည်း သဘောတူရယ်။ သူက လူစုလူဝေးမရှိတဲ့အခီမှာ သူရဲ့ဆရာဝို ဖမ်းဆီးဝို့ အခွက်အခါကွန်းဝို စော့နေရယ်။ 7သိုးဒေဝို သတ်ဘီး ပဿခါပွဲတော် စားပွဲကျင်းပဝို့အခီဆီ ရွတ်လာပါရယ်။ 8အဲကျော့ ကိုယ်တော်က ပေတရုန ယောဟန်ဝို " ပဿခါစားဖို့ သွားပြင်ဆင်လိုက်ပါ" လို့ စေခိုင်းလိုက်ရယ်။ 9အပေမယ့် သူနို့က ဟဲနေရာမှာ ပြင်ဆင်စေချင်ပါနူး" လို့မေးရွှတ်လိုက်ရယ်။ 10ကိုယ်တော်က သူနို့ဝို "ဗြို့ထဲဝို ဝမ်သွားပါ၊ ဗြို့ထဲမှာ ရေအိုးသယ်လာတဲ့ လူတယွတ်ဝို တွေ့မယ်။ အဲလူနော့လိုက်ဘီး သူဝမ်လိုက်တဲ့ အီထဲဆီ ဝမ်သွားပါ။ 11ပြီးရင် အီရှင်ဝို " ကျနော်တို့ရဲ့ဆရာက သူ့တပည့်ဒေန ပဿခါပွဲတော် စားသော့မယ့် နေရာဝို သိချင်ပါရယ် လို့ပြောလိုက်ပါ။" 12"ပိုင်ရှင်က နန်နို့ဝို အပေါ်ထပ်ဆီ ခေါ်သွားဘီး ကျယ်ဝန်းတဲ့အခန်းတခန်းဝို ပြပါလိမ့်မယ်။ အဲဒီအခန်းမှာ ပြင်ဆင်လိုက်ပါ" လို့ မှာကြားလေရယ်။ 13ပေတရုန ယောဟန်က ကိုယ်တော်ပြောတဲ့အတိုင်း တွေ့ရှိကေ့ဘီး ပဿခါစားပွဲဝို ကွန်းမွန်စွာ အသင့်ပြင်ဆင်လေရယ်။ 14ကိုယ်တော်န တပည့်တော်ဒေ ပဿခါစားဝို့ အခီရွတ်လာတဲ့အခါ ကိုယ်တော်က 15" ကိုယ်တော် အသေမခံရမီ ဒီပွဲတော်ဝို တပည့်ဒေန အတူတူစားသော့ဝို့ အရမ်းဘဲ့ အလိုရှိတော်မူရယ်။ 16ဖရားရှင်ရဲ့ ရွှေဗြို့တော်မှာ ပွဲတော်မကျင်းပသေးခင် အခီထိ နော့ထပ် ပဿခါပွဲတော်ဝို မစားတော့ပါ။" လို့ မိန့်တော်မူလိုက်လေရယ်။ 17ကိုယ်တော်က စပျစ်ဝိုင်ခွက်ဝို ယူဘီး ဖရားဂုဏ်တော်ဝို ချီးမွမ်းလိုက်ရယ်။ အဲနော့ တပည့်တော်ဝို ဝိုင်ခွက်ဝိုပေးဘီး " ဒီဝိုင်ခွက်ဝိုယူပါ။ အားလုံးခွဲဝေ သော့ကေပါ။ 18ကိုယ်တော်က ဖရားရှင်ရဲ့ နိဗ္ဗာန်ရွှေဗြို့တော်ဆီ ရွတ်သွားတဲ့ အခီထိ စပျစ်ဝိုင်ဝို ဘယ်တော့မှ မသော့တော့ပါ" လို့ ကတိပေးလိုက်ရယ်။ 19အဲနော့ ကိုယ်တော်က ပါမုဝိုကိုင်ဘီး ဖရားဂုဏ်တော်ဝို ချီးမွမ်းဝီး တပည့်ဒေဝို ကမ်းပေးလိုက်လေရယ်။ "ဒီပါမုက နန်နို့ဝို စွန့်ကြဲတဲ့ ကိုယ်တော်ရဲ့ ခန္ဓာကိုယ်ဘဲဖြစ်ရယ်။ နန်နို့ တယွတ်ဝိုတယွတ် ကမ်းပေးပါ။ ကိုယ်တော့်ဝို အမှတ်တရဖြစ်စေဝို့အသွက် ဒီလိုမျိုး ကတိသစ္စာပြုပွဲဝို စားကေပါ" လို့ ကိုယ်တော်က ပြောလိုက်လေရယ်။ 20စားပြီးတဲ့အခါ ကိုယ်တော်က ဝိုင်ခွင်ဝို ကိုင်ထားဘီး " ဒီသွေးက ကိုယ်တော်ရဲ့ သွေးတော်ဖြစ်ရယ်။ ဒီသွေးဝို တပည့်တော်ဒေအသွက် စွန့်ကြဲခြင်းဖြစ်ရယ်။ ဒီသွေးက ဖရားရှင်ရဲ့ ပဋိဉာဉ် (သဘောတူညီမှု) အသစ်လည်းဖြစ်ရယ်။ 21ကိုယ်တော်ဝို သစ္စာဖော့မယ့်သူက ကိုယ်တော်နအတူ စားပွဲမှာရှိနေရယ်။ 22"လူ့သားတော်"က ဖရားရှင် သတ်မှတ်ထားတော်မူတဲ့အတိုင်း သေရလိမ့်မယ်။ " လူ့သာားတော်" ဝို သစ္စာဖော့တဲ့သူက ကြော့မက်ဖွယ်ကွန်းတဲ့ ဘေးအန္တရယ်ဆိုးန သေရလိမ့်မယ်" လို့ ထပ်မံ မိန့်ဆိုလိုက်ရယ်။ 23အဲနော့ တပည့်တော်ဒေက " ဒီလို ကိစရပ်မျိုးဝို ဟဲသူလုပ်ဆွန်လိမ့်မယ်နူး" လို့ အချင်းချင်း အငြင်းပွားနေကေလေရယ်။ 24တပည့်တော်ဒေက သူနို့ထဲက ဟဲသူက အကီးမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်နူး။ လို့ အငြင်းပွားနေကေရယ်။ 25အဲကျော့ ကိုယ်တော်က တိုင်းတပါးသားဒေရဲ့ ရှင်ဘုရင်ဒေက ပြည်သူလူထုဒေဝို အမိန့်န အုပ်ချုပ်ကေရယ်။ အာဏာရှင်ဒေက သူနို့ကိုယ် သူနို့ လူတိုင်းရဲ့ ကျေးဇူးရှင်လို့ ခေါ်ဝေါ်သုံးစွဲကေရယ်။ 26"နန်နို့ အဲလိုမျိုး မလုပ်ကေပါန၊ နန်နို့ထဲမှာ အရေးပါအရာရွတ်ဆုံးသူက အသိမ်ငယ်ဆုံး သူလိုမျိုး ဖြစ်သင့်ဘီး ခွန်းဆွန်ဖြစ်သူက အစေခံလိုမျိုး နှခလာ့(လ်)ပါ။ 27လူဒေ ပြုစုခြင်းခံရတဲ့သူ (ဒါမှမဟုတ်) အခြားသူဒေဝိုပြုစုတဲ့သူ နှစ်ယွတ်ထဲက ဟဲသူက အကီးမြတ်ဆုံးလို့ လူပရိသတ်က ဟဲမျိုး ထန်လိမ့်ပါမယ်နူး။ ပြုစြခြင်းဝိုခံရတဲ့သူလား ။ ကိုယ်တော်က နန်နို့နတူတူ အစေခံတယွတ်လိုမျိုး အလုပ်အကျွေးပြုစုသူဘဲ ဖြစ်ရယ်။ 28တပည့်တော်ဒေက ကိုယ်တော်အခက်အခဲန ကြုံတိုင်း နန်နို့က ကိုယ်တော်နအတူ ရပ်တည်ခဲ့ကေရယ်။ 29အဲကျော့ ဘုရင်တပါးလိုမျိုး လူဒေဝို အုပ်စိုးနိုင်မယ့် တန်ခိုးအာဏာဝို တပည့်တော်ဒေဝို ပေးမယ်ဖြစ်ရယ်။ ဒီတန်ခိုးအာဏာဒေက အဖဖရားရှင်က ကိုယ်တော်ဝို ပေးအပ်ထားတဲ့ တန်ခိုးတော်၊ ဂုဏ်တော်ဒေန တူရယ်။ 30တပည့်တော်ဒေက ငါရဲ့နန်းတော်မှာ အတူစားသော့ကေဘီး ပလ္လင်တခုစီပေါ်မှာထိုင်ဘီး ဣသရေလမျိုးနွယ် ဆယ့်နှစ်ရွတ်ဒေဝို စီရင်ဆုံးဖြတ်ရမယ်ဖြစ်ရယ်။ 31ကိုယ်တော်က " ရှိမုန်၊ ကိုယ်တော်ပြောတာ နားထွံ။ လယ်သမားက အစိန အခွံဝို ခွဲလိုက်သလိုမျိုး မာရ်နတ်ကလည်း နန်နို့တယွတ်ချင်းစီဝို စမ်းသပ်ဝို့ အခွက်အရေးရဝို့ စောင့်နေရယ်။ 32နန်နို့ဆီမှာ ခိုင်မာတဲ့ ယုံကြည်ချက်ရှိဝို့အသွက် ကိုယ်တော်ဆုတောင်းပါရယ်။ ကိုယ်တော်ဆီနား နန်တို့ပြန်လာတဲ့အခါ လူဒေဝို စော့ရှော့ကေပါ" လို့ ပေတရုဝို မိန့်ကြားလေရယ်။ 33ပေတရုကလည်း "ကိုယ်တော်န အတူဆိုရင် အကျဉ်းထွံဆီလကွန်း၊ သေဝွါဆီသွားမယ်ဆိုရင်လည်း လိုက်ပါမယ်" လို့ ကိုယ်တော်ဝို ပြန်ဘီး ရွှတ်ထားလေရယ်။ 34"တပည့် ပေတရု နန်က မနက်ဖြန်မနက် ကြစ်မသွန်မီမှာ ကိုယ်တော်ဝို မသိပါလို့ သုံးကြိမ်တိုင်တိုင် ငြင်းဆိုလိမ့်မယ်။" လို့ ကိုယ်တော်က ပေတရုဝို မိန့််ကြားလေရယ်။ 35အဲနော့ ကိုယ်တော်က " ငါက နန်နို့ဝို ပိုက်ဆံအိ၊ ခရီးဆွန်အိန ဖိနပ်ဝိုဘဲ့ ယူမသွားစေဘဲ့ စေလွှတ်ခဲ့ဘူးရယ်။ အဲအခါက နန်နို့မှာ တစုံတရာ ချို့တဲ့မှု ရှိခဲ့ဘဲ့လား။" လို့ ကိုယ်တော်က မေးခဲ့လေရယ်။ တပည့်တော်ဒေက "မရှိခဲ့ပါ" လို့ ရွှတ်တံကေလေရယ်။ 36အပေမယ့် အခုအခါမှာတော့ ပိုက်ဆံအိရှိရင် ယူပါ။ ခရီးဆောင်အိဝိုလည်း ယူကေပါ။ တပည့်တော်ဒေမှာ ဓါးရှည်မရှိခဲ့ရင် အဝတ်ထည်အချို့ဝို ရောင်းဘီး ဓါးရှည်ဝယ်ပါ။ 37ကျမ်းစာမှာ " အဲသုက ရာဇဝတ်သားလို့ သတ်မှတ်ခြင်းခံရမယ်လို့ ကျမ်းစာမှာ ပြောတဲ့အတိုင်း ငါဖြစ်ရတော့မယ်။ " ဟဲကျော့ဆိုတော့ ကျမ်းတော်မြတ်မှာ ငါါရဲ့အကျွန်းဝို ဖော်ပြထားတဲ့ကျော့ဖြစ်ရယ်။ 38ဒီမှာ ဓါးရှည်နှစ်ချောင်းရှိပါရယ်" လို့ တပည့်တော်ဒေက ရွှတ်တံတဲ့အခါ" ကိုယ်တော်က တော်လော့ဘီ" လို့မိန့်ဆိုလေရယ်။ 39ကိုယ်တော်က သူရဲ့အလေ့အထအတိုင်း သံလွင်တောင်ပေါ်ဆီ ကြွတော်မူလေရယ်။ တပည့်တော်ဒေလည်း နော့တော်ဆီ လိုက်လာကေလေရယ်။ 40အဲနေရာဆီရွတ်တဲ့အခါ ကိုယ်တော်က တပည့်တော်ဒေဝို " စမ်းသပ်ခြင်းမခံရအွန် ဆုတွန်းဘီးနေကေပါ" လို့ မှာကြားခဲ့ရယ်။ 41တပည့်တော်ဒေရှိတဲ့ နေရာန အနည်းငယ်ဝေးတဲ့ နေရာဆီရွတ်တဲ့အခါ ဒူးထော့ရိ 42"အဖဖရား အလိုတော်ရှိရင် ကျွန်ုပ်ဝို ဒုက္ခကြုံတွေ့ရမယ့် ဝေဒနာခွက်ဝို မသော့ခိုင်းပါန ဖရား၊ အပေမယ့် အဖဖရားရှင်ရဲ့ အလိုတော်ဘဲဖြစ်စေတော်မူပါ။ သားတော်အလိုအတိုင်း မဖြစ်စေပါန။ " လို့ ဆုတွန်းတော်မူလေရယ်။ 43အဲအခါ နိဗ္ဗာန်ရွှေဗြို့တော်မှ ဖရားရှင်ရဲ့ နတ်စေတမန်တပါး လာရွတ်ဘီး ကိုယ်တော်ဝို ဖေးမကူညီလေရယ်။ 44ကိုယ်တော်က ပြင်းထန်တဲ့ ဝေဒနညဝို ခံစားရင်း အာရုံစူးစိုက်ရိ ဆုတွန်းတော်မူလေရယ်။ အဲကျော့ ကိုယ်တော်ဆီမှာ စီးကလာ့(လ်)တဲ့ ချွေးသီးချွေးပေါ့ဒေက သွေးစက်ဒေလိုမျိုး မြေကီးပေါ်ဆီ ကလာ့(လ်)တော် မူလေရယ်။ 45ကိုယ်တော်က အဲလိုဆုတွန်းတော်မူဘီးရင် တပည့်တော်ဒေဆီ ကြွသွားလေရယ်။ တပည့်တော်ဒေက ဝမ်းနည်းပူဆွေးသွားရိ မောပန်းဘီး အိပျော်နေကေရယ်။ 46အဲကျော့ ကိုယ်တော်က တပည့်တော်ဒေဝို " ဟဲကျော့ အိပျော်နေကေတာလဲ၊ ထတော့၊ နန်နို့ စမ်းသပ်မခံရအွန် ဆုတွန်းကေပါ" ဆိုကာ ထပ်မံ မိန့်တော်မူလေရယ်။ 47ကိုယ်တော်ယေရှုက ဒီလိုမျိုး ဂါးပြောနေခါ လူအုပ်ဂီးက ကိုယ်တော်ဆီ ရွတ်လာခဲ့ရယ်။ အဲလူအုပ်ဝို တပည့်တော် ဆယ့်နှဦးထဲမှ ပါဝမ်သူ ယုဒရှကာရုတ်က ဦးဆွန်ဘီး ခေါ်ဆွန်လာခဲ့ရယ်။ ယုဒက ကိုယ်တော်ဝို အနမ်းန နှုတ်ခွန်းဆက်သလိုက်ရယ်။ 48ကိုယ်တော်က ယုဒရှက်ကာရုတ်ဝို "လူ့သားတော်"ဝို ဒီလိုမျိုး အနမ်းမျိုးန သစ္စာဖေါ့လိုက်လား" လိုမေးလေရယ်။ 49ကိုယ်တော်ရဲ့ တပည့်တော်တယွတ်က အဲအဖြစ်အပျက်ဝို ဗျင်တဲ့အခါ" အရှင် ကျွန်ုပ်‌လေ သူနို့ဝို ဓါးန ခုခံလိုက်ရမလား" လို့မေးလေရယ်။ 50တပည့်တော် တယွတ်က သာသနာရေးဆိုင်ရာ မဟာနယက တဦးရဲ့ တပည့်ဝို ဓါးန ခုတ်လိုက်ရာ ဘယ်ဖက် နားဝွက်ဝို ထိသွားလေရယ်။ 51ကိုယ်တော်က " တော်တော့" လို့ မိန့်တော်မူဘီး အဲပလုကလာ့(လ်) သွားတဲ့ အစေခံရဲ့ နားဝွက်ဝို ပြန်ဆက်ပေးလေရယ်။ 52အဲနော့ ကိုယ်တော်က သူ့ဝို လာဖမ်းကေတဲ့ ဘာသာာရေးဂိုဏ်းချုပ်ဂီးဒေ၊ ဗိမာန်တော် အစော့ တပ်သာား‌ဒေ၊ လူမျိုးရေးခွန်းဆွန်ဒေဝို " ဟဲကျော့ ငါ့တို ရာဇဝတ်သားလိုမျိုး ဓါးဒေ၊ ဒုတ်ဒေန ဖမ်းဝို့ လာကေနူး။ 53ငါက နေ့တိုင်း ဗိမာန်တော်မှာရှိနေတဲ့ အခီမှာ နန်နို့ ဟဲကျော့ငါ့ဝို မဖမ်းကေနူး။ အပေမယ့် ဒီအခီက နန်နို့ရဲ့ အခီဖြစ်ရယ်။ အမိုက်မှောင် ဖုံးလွှမ်းနေတဲ့ အပျက်ခီဘဲ ဖြစ်ရယ်" လို့ မိန့်တော်မူလေရယ်။ 54ကိုယ်တော်ဝို ဖမ်းဘီး သာသနာရေးဆိုင်ရာမဟာနာယကမင်းဂီးရဲ့ အီတော်ဆီ ခေါ်ဆွန်သွားခဲ့လေရယ်။ ပေတရုက ခပ်လှမ်းလှမ်းမှ နော့ယွန်ခံဘီး လိုက်သွားရယ်။ 55အီတော်ဝင်းထဲမှာ ပေတရု အပါအဝင် လူတချို့ ဝိုင်းထိုင်ဘီး မီးလှုံနေကေအခါ 56ပေတရုဝို အစေခံ အမျိုးသမီးတဦးက သေသေချာချာကေ့ဘီး " ဒီလူက ကိုယ်တော်န အတူတကွ လိုက်နေသူ" လို့ သူ့ဝို လတ်ညှိုးထိုးဘီးပြောလေရယ်။ 57ပေတရုက " ဒီမိန်းမဂီး ပြောတဲ့သူဝို ကျနော်မသိပါဝူး" လို့ ငြင်းဆိုလေရယ်။ 58အခီအနည်းငယ် ကြာတဲ့အခါ တဦးက ပေတရုဝို လတ်ညှိုးထိုးဘီး " နန်က ကိုယ်တော်ယေရှုရဲ့ အုပ်စုဒေထဲဘဲ" လို့ဆိုလေရယ်။ ပေတရုက " မဟုတ်ဝူး၊ ကျနော် အဲဒီအုပ်စုထဲက မဟုတ်ဝူးလို့ ငြင်းဆိုလေရယ်။ 59နော့ထပ် တနာရီကြာတဲ့အခါ လူတယွတ်က ပေတရုဝို ထိုးပြဘီး" ဒီလူက ယေရှုနအတူ ပါလာတာဘဲဖြစ်ရမယ်။ သူ့လေသံက ဂါလိလဲ လေသံဘဲ" လို့ ဆိုလေရယ်။ 60အဲအခါ ပေတရုက " နန်ရာတွေ ပြောနေလဲဆိုတာဝို ငါမသိဝူး" လို့ ပြန်ငြင်းလေရယ်။ အဲလိုမျိုး ပေတရု ပြောဆိုနေခါ ချက်ချင်းဘဲ့ ကြစ်သွန်လေရယ်။ 61ကိုယ်တော်က ပေတရုဝို လှည့်ကေ့လိုက်ရယ်။ အဲအခါ ပေတရုက ကိုယ်တော်မိန့်မှာခဲ့တဲ့" မနက်ဖြန် လင်းကြစ်မသွန်မီမှာ ကိုယ်တော်ဝို သင်မသိပါဝို့ သုံးကြိမ်တိတိ ပြောလိမ့်မယ်" ဆိုတဲ့ဂါးဝို အမှန်ရလေရယ်။ 62အဲနော့ ပေတရုက အပြန်ဆီထွဘီး ပြင်းထန်စွာ ငိုကြွေးလေတော့ရယ်။ 63ဖမ်းဆီးလာခဲ့ သူဒေက ကိုယ်တော်ဝို လှောင်ပြွန် သရော်ကေဘီး ကိုယ်တော်ဝို ထိုးနှက်ကေလေရယ်။ 64မျက်စိဝို အဝတ်န စည်းပတ်ဘီး ပိတ်လိုက်ကေဘီး " ခင်ဗျားဝို ဟဲသူရိုက်နေသလဲဆိုတာ ပြောစမ်း" လို့ဆိုကာ 65နည်းအမျိုးမျိုးန ကိုယ်တော်ဝို ညှဉ်းပန်း နှိစက်စော်ကားကေလေရယ်။ 66မိုးလန်းတဲ့အခါ ဘာသာရေးဂိုဏ်းချုပ်ဂီးဒေန မောရှေကျမ်းတတ်ဆရာဒေ ၊ ယုဒအမျိုးသား ခွန်းဆွန်ဒေပါဝင်တဲ့ ဘာသာရေးအဖွဲ့ချုပ်ရဲ့ ရှေ့မှာ ကိုယ်တော့့်ဝို စစ်ဆေး မေးမြန်းလေရယ်။ သူနို့က 67"နန်က မေရှိယ ဟုတ်ပါလား" လို့မေးရင် 68ကိုယ်တော်က " ငါပြောရင်လည်း နန်နို့ ယုံမှာမဟုတ်ဝူး၊ နန်နို့ဝို ငါမေးရင်လည်း နန်နို့ ဖြေမယ်မဟုတ်ဝူး" 69အပေမယ့် ဒီအခီကစဘီး ကိုယ်တော်က တန်ခိုးတော် အနန္တ၊ ဂုဏ်တော်အနန္တန ပြည့်စုံတဲ့ အဖဖရားရဲ့ ညာဖက်မှာ ထိုင်ရတော့မယ်ဖြစ်ရယ်" လို့ပြောဆိုလေရယ်။ 70ဒီလိုဆိုရင် နန်က ဖရားသားတော် ဟုတ်ဘဲလား" လို့ ဆက်လက်မေးမြန်းရာ ကိုယ်တော်က " ငါက နန်နို့ ပြောသလိုမျိုးဘဲဖြစ်ရယ်" လို့ ပြန်ပြောလေရယ်။ 71အဲလိုမျိုး ပြောဆိုတာဝို ကြားရတဲ့အခါ စစ်ဆေးသူဒေက " တရားခံကိုယ်တိုင် ဝန်ခံနေဘီ" လို့ ဆိုလေရယ်။

Actualmente seleccionado:

Luke 22: ttpv-rv

Destacar

Compartir

Copiar

None

¿Quieres tener guardados todos tus destacados en todos tus dispositivos? Regístrate o inicia sesión