9
1အဲနော့ ကိုယ်တော်ယေရှုဟ လမ်းရှော့ကြွတော်မူခီမှာ မွီးရာပါ မျစ်မမြင်တယော့ဝို တွီ့လေရယ်။ 2ဗြိတော်ဒွေဟ ကိုယ်တော်ဝို 'ဆရာ၊ အယ်မိုလူဟ မျစ်စိဗြင်ဘဲန မွီးလာရဇာဟ သူကိုယ်တိုင်ပြစ်လုပ်မိရိလော၊ သူ့မိဖဒွေဟ ပြစ်လုပ်မိရိလော'ဆိုပီး မေးဂေ့လေရယ်။ 3ကိုယ်တော်ဟ 'အယ်မိုလူပြစ်လုပ်ရိလဲမုဝ၊ သူ့မိသူ့ဖဒွေ ပြစ်လုပ်ရိလဲမုဝ၊ သူ့ပေါ်မှာ ဘုရားရှင်ရဲ့မှုတော် ထံရှားစေဝို့တွက်ဖြစ်ရယ်။ 4နေ့ခီရှေ့နေသမျှကာလပတ်လုံး နို့ဝိုစေလွှတ်လိုက်တော်မူဝိုအရှင်ရဲ့အမှုဝို ဆော်ဝက်ရမယ်ဖြစ်ရယ်။ ဟယ်သူလဲလုပ်လုပ်နိုင်ဘဲဝို ညစ်ခမ်းဇာခီဝို ရော့လာမှာဖြစ်ရိတွက်ဖြစ်ရယ်။ 5ငါဟ အယ်မိုဘာလောကမှာ ရှေ့နေခီမှာ ငါဟ အယ်မိုလောကရဲ့လန်းရော်ဖြစ်ရယ်' ဆိုပီး မိတော်မူလေရယ်။ 6ကိုယ်တော်ဟ အဲမိုမျိုးမိတော်မူပီးနော့ မလေပေါ်ဝို ထွီးရယ်နထွီးပီး အဲမိုမလေဝို ရွံ့ပုံစံလုပ်ပီး အဲမိုရွံ့န မျစ်မမြင်ရဲ့ မျစ်လုံးပေါ်ဝို လူးပေးပီး 7မျစ်မမြင်ဝို 'ရှိလောင်ရေကန်ဝို သွားပီး မျစ်လုံးဝို ဆေးလိုက်'ဆိုပီး မိတော်မူလေရယ်။ရှိလောင်ရဲ့ ဓိပ္ပာယ်ဟ 'စေလွှတ်ရယ်' ဆိုပီး ဖြစ်ရယ်။ အဲဂျော့ မျစ်မမြင်ဟ သွားဆေးပီးခါမှာ သူ့မျစ်စိပလန်ဗြင်ပီး ပလန်လာလေရယ်။ 8အဲနော့ သူ့အီဇာနီးချင်းဒွေန သူဒေါဇားဖြစ်ခဲ့ဇာဝို ဗြင်ဖူးဝိုလူဒွေဟ 'အယ်မိုလူဟ ထိုင်ပီး တောဇားနေဝိုလူမုဝလော' ဆိုပီး ပြောဂေ့လေရယ်။ 9လူချို့ဟ 'မှန်ရယ်'ဆိုပီး ပြောဂေ့ရယ်။ ခြားလူဒွေဟလဲ 'မှန်ဟ၊ခြားယော့နရုပ်တူဇာဖြစ်ရယ်'ဆိုပီး ပြောဂေ့လေရယ်။ အယ်ဘေမဲ့ အဲမိုမျစ်စိပလန်ဗြင်သူဟ 'ငါဟ အဲမိုလူဘဲ့ဖြစ်ရယ်' ဆိုပီး ပြောလေရယ်။ 10လူဒွေဟလဲ အဲဆိုဝါ 'နန်ဟဲမျိုး မျစ်စိပလန်ဗြင်လာနူး'ဆိုပီး မေးဂေ့လေရယ်။ 11အဲမိုလူဟ 'ယေရှုဆိုပီး နော်မယ်နလူဟ ငါ့ဝို ရွံ့နလုပ်ဝိုမလေဝို မျစ်စိမှာလူးပေးပီး ရှိလောင်ရေကန်ဝို သွားပီးဆေးဆိုပီး ပြောရိ ငါသွားဆေးရာဟနေ ငါ့မျစ်စိပလန်ဗြင်လာဇာဖြစ်ရယ်'ဆိုပီး ဖြေလေရယ်။ 12လူဒွေဟလဲ 'အဲမိုလူ ဟယ်မှာနူး' ဆိုပီး မေးဂေ့ရာ မျစ်စိပလန်ဗြင်လာဝိုလူဟ 'ငါသိရ'ဆိုပီး ဖြေလေရယ်။ 13အဲခါမှာ လူဒွေဟ မျစ်စိပလန်ဗြင်ဝါးဝိုလူဝို ဖာရိရှဲဒွေဆီဝို ခေါ်ဝါးဂေ့လေရယ်။ 14ကိုယ်တော်ယေရှုဟ ရွှံ့လုပ်ပီး သူရဲ့မျစ်စိဝို ပလန်ဗြင်စေဝိုနေ့ဟ ဥပုသ်နေ့ဖြစ်ရယ်။ 15အဲဂျော့ ဖာရိရှဲဒွေဟလဲ သူ့ဝို ဟဲမျိုးမျစ်စိပလန်ဗြင်လာနူးဆိုဇာဝို မေးဂေ့လေရယ်။ မျစ်စိပလန်ဗြင်လာဝိုသူဟလဲ "အဲမိုလူဟ ငါ့မျစ်လုံးပေါ်ဝို ရွံ့နလူးပေးရယ်၊ ပီးန ငါဟမျစ်လုံးဝို ဆေးလိုက်ခီမှာ မျစ်စိဟပလန်ဗြင်လာရယ်'ဆိုပီး ပြောပြလေရယ်။ 16အဲခါမှာ ဖာရိရှဲချို့ဟ 'ဥပုသ်နေ့ဝို စော့ထီးနိုင်ဘဲရိတွက် အဲမိုလူဟ ဘုရားရှင်ဆီဟ လာဇာဖြစ်နိုင်ရ'ဆိုပီး ပြောလေရယ်။ ခြားလူဒွေဟလဲ 'ပြစ်ဒုစရိုက်ပြုဝို လူတယော့ဟ အယ်မိုမျိုးအံ့ဖွယ်နမိလက္ခဏာဝို ဟယ်မျိုးပြုလုပ်နိုင်မယ်နူး'ဆိုပီး ပြောဂေ့လေရယ်။ အဲမိုမျိုးနဘဲ့ သူ့နို့ဂျားထဲမှာ ချင်းချင်း ဘောထားကွဲလွဲနေဂေ့လေရယ်။ 17အဲဂျော့ ဖာရိရှဲဒွေဟ 'အဲမိုမျစ်မမြင်ဝို 'နန့်မျစ်စိဝို ပလန်ဗြင်အော်လုပ်ပေးဝိုလူဝို နန်ဟဲမျိုးပြောမယ်နူး'ဆိုပီး နော့ထပ်တခါမေးခါမှာ အဲမိုမျစ်မဗြင်ဟ 'သူဟ အရိယာသူတော်ဇင်တစ်ဦးဖြစ်လေရယ်'ဆိုပီး ပလန်ဖြေလေရယ်။ 18အယ်ဘေမဲ့ ဂျူးလူမျိုးကြီးကဲဒွေဟ အဲမိုလူမျစ်စိဗြင်ဘဲနနေခဲ့ပီး ခုမျစ်စိပလန်ဗြင်လာဇာဝို ယုံနိုငိသေးဘဲနဖြစ်နေရိတွက် အဲမိုလူမိဖဒွေဝို ခေါ်ပီး 19သူဟ မွီးရာပါမျစ်စိဗြင်ဘဲနနေဇာမုဝလော ဟဲမျိုးမျစ်စိပလန်ဗြင်လာနူး'ဆိုပီး မေးလေရယ်။ 20သူ့ရဲ့မိဖဒွေဟလဲ 'အယ်မိုလူဟ ငါ့သားဖြစ်ပီး မွီးရာပါမျစ်စိဗြင်ဘဲနနေလာဇာဝို နို့သိရယ်။ 21အယ်ဘေမဲ့ သူဟဲမျိုးမျစ်စိပလန်ဗြင်လာနူးဆိုဇာန ဟယ်သူဟ သူ့ဝိုမျစ်စိပလန်ဗြင်အော် လုပ်ပေးလိုက်နူးဆိုဇာဝို နို့သိရ၊ သူ့ဝိုဘဲ့မေးဂေ့၊ သူဟရွယ်ရော့နေပီဖြစ်ရိတွက် သူ့ကြောဝိုသူကိုယ်တိုင် ပြောပြပါလိမယ်။'ဆိုပီး ပလန်ပြောလေရယ်။ 22သူ့ရဲ့မိဖဒွေဟ ဂျူးလူမျိုးကြီးကဲဒွေဝို ကြော့ရိတွက် အဲမျိုးပြောဇာဖြစ်ရယ်။ ဟဲဂျော့ဆိုဝါ ဂျူးလူမျိုးကြီးကဲဒွေဟ ဟယ်သူမဆို ကိုယ်တော်ယေရှုဟ ကယ်တံရှင်မေရှိယဖြစ်ရယ်ဆိုပီးပြောဝို လူဒိုင်းဝို ဓမ္မာရုံထဲမှာ ဝတ်ပြုဆုတောခွမ့်ဝို တားဝို့ ဘောတူထားပီးဖြစ်ရယ်။ 23အဲဂျော့ သူ့ရဲ့မိဖဒွေဟ 'သူဟရွယ်ရေ့ာနေပီဖြစ်ရိတွက် သူ့ဝိုဘဲ့မေးဂေ့လော့'ဆိုပီး ပြောဇာဖြစ်ရယ်။ 24အဲခါမှာ သူ့နို့ဟ မျစ်မမြင်ဝို နော့ထပ်တခါခေါ်ပီး သူ့ဝို 'ဘုရားရှင်ရဲ့ဂုဏ်တော်ဝို ချီးမွမ်းလော့၊ အဲမိုလူဟ ပြစ်သားဆိုဇာဝို နို့သိရယ်'ဆိုပီး ပြောလေရယ်။ 25သူဟလဲ 'အဲမိုလူဟ ပြစ်သားဟုတ်မဟုတ်ဆိုဇာဝို ငါသိရ၊ ငါသိဇာဟလော ငါဟမျစ်မမြင်ဖြစ်ခဲ့ပေမဲ့ ခုပလန်ဗြင်နေပီဖြစ်ရယ်'ဆိုပီး ပြောလေရယ်။ 26ဂျူးလူမျိုးကြီးကဲဒွေဟ 'သူဟ နန့်ဝိုဟဲမျိုးလုပ်ပေးလိုက်ရိဂျော့ နန့်မျစ်စိဒွေပလန်ဗြင်လာနူး'ဆိုပီး ထပ်ပီးမေးဂေ့လေရယ်။ 27သူဟလဲ 'နန်းနို့ဝို ငါပြောပီးပီဖြစ်နေဂိုမှ နန်းနို့နားထော်ဂေ့ရ၊ ဟဲဖြစ်ရိ နော့ထပ်တခါကြားရှင်နေဂေ့နူး၊ နန်းနို့ဟလဲ အဲမိုလူရဲ့ဗြိဖြစ်ရှင်ရိလော'ဆိုပီး ပလန်ပြောလေရယ် 28အဲခါမှာ ဂျူးလူမျိုးကြီးကဲဒွေဟ သူ့ဝို 'နန်ဟ အဲလူရဲ့နော့လိုက်ဖြစ်ပီး နို့ဟ မောရှေရဲ့ဗြိတော်ဒွေဖြစ်ရယ်။ 29ဘုရားရှင်ဟ မောရှေဝို မိတော်ရှေ့ရစ်ဇာဝို နို့သိရယ်၊ အယ်ဘေမဲ့ အဲမိုလူဟ ဟယ်နေရာဟနေလာရယ်ဆိုဇာဝို နို့သိရ'ဆိုပီး စော်ကားပြောဆိုဂေ့လေရယ်။ 30မျစ်စိပလန်ဗြင်သူဟလဲ 'သူဟ ငါ့ဝို မျစ်စိပလန်ဗြင်ဇေနိုင်ဂိုမှ အဲမိုလူဟ ဟယ်နေရာဟ လာရယ်ဆိုဇာဝို နန်းနို့သိဂေ့ရဆိုဇာဟ အံ့ဩဖွယ်ဖြစ်လေရယ်။ 31ဘုရားရှင်ဟ ပြစ်ဒုစရိုက်မားဒွေရဲ့ ဂါးဒွေဝိုနားထော်တော်မူရ၊ အယ်ဘေမဲ့ ဘုရားရှင်ဟ သူ့ဝိုဝတ်ပြုဆုတောပီး သူ့ပေါ်နာခံတော်မူဝိုလူဒွေရဲ့ဂါးဒွေဝို နားထော်တော်မူကြော နို့သိရယ်။ 32မွီးရာပါမျစ်စိဗြင်ဘဲဝိုလူဝို မျစ်စိပလန်ဗြင်ဇေနိုင်ဝိုလူဟ အယ်မိုဘာဦးစဒဲဟ ဟယ်သူလဲကြားဖူးဂေ့မှာမုဝ။ 33အဲမိုလူဟ ဘုရားရှင်စီဟ လာလူမုဘဲနေဆိုဝါ ဟဲရာလဲပြုလုပ်နိုင်မှာမုဝ'ဆိုပီး ပြောလေရယ်။ 34ဂျူးလူမျိုးကြီးကဲဒွေဟလဲ 'နန်ဟ မွီးဒဲဟ ပြစ်ဒုစရိုက်ဒွေန ပလဲ့နေပီး နို့ဝိုလာဆုံးမနေလော'ဆိုပီး ပြောပီး သူ့ဝို ပလန်ဝိုနှံထုလိုက်ဂေ့လေရယ်။ 35ဂျူးလူမျိုးကြီးကဲဒွေဟလဲ အဲမိုလူဝို ပလန်ဝိုနှံထုလိုက်ဇာဝို ကိုယ်တော်ယေရှု ကြားတော်မူပီး အဲမိုလူဝိုတွီ့ခါမှာ 'သင်ဟ ဘုရားရှင်စေလွှတ်တော်မူဝို လူ့သားတော်ဝို ယုံကြည်ပါလော'ဆိုပီး မေးတော်မူလေရယ်။ 36သူဟလဲ 'အရှင် ကျော့်ဟ သူ့ဝို ယုံကြည်နိုင်ဝို့တွက် အဲမိုလူဟ ဟယ်သူဖြစ်ရယ်ဆိုဇာဝို ပြောပြပါ'ဆိုပီး ရှော့တံလေရယ်။ 37ကိုယ်တော်ယေရှုဟ သူ့ဝို 'သင်ဟ သူ့ဝို ဗြင်တွီ့ရပီဖြစ်ရယ်။ သူဟ ခုသင်န ဂါးပြောနေဝိုသူဘဲ့ဖြစ်ရယ်'ဆိုပီး မိတော်မူလေရာ 38အဲမိုလူဟလဲ 'ကျော် ယုံကြည်ပါရယ်၊ အရှင်'ဆိုပီး ပြောပီး ကိုယ်တော်ဝို ဝတ်ပြုရှေ့ခိုးလေရယ်။ 39ကိုယ်တော်ယေရှုဟ 'ငါဟ ဗြင်ဘဲနေဝိုလူဒွေဝို ဗြင်စေဝို့န ဗြင်နေဝိုလူဒွေဝို မျစ်စိကွယ်စေဝိုဟူသော ရားစီရင်ဇာတွက် အယ်မိုလောက ကဘာဝို ကြွလာဇာဖြစ်ရယ်'ဆိုပီး မိတော်မူလေရယ်။ 40ကိုယ်တော်ယေရှု န တူတူရှေ့နေဝို ဖာရိရှဲချို့ဟ အယ်မိုဇာဝိုကြားခီမှာ သူ့နို့ဟ ကိုယ်တော်ဝို 'နို့ဝို မျစ်မမြင်ဒွေဆိုပီး နန်ထံနေလော'ဆိုပီး ပြောဂေ့လေရယ်။ 41ကိုယ်တော်ယေရှုဟ သူ့နို့ဝို 'နန်းနို့ဟ မျစ်မမြင်ဒွေဖြစ်ဂေ့မယ်ဆိုဝါ နန်းနို့မှာ ပြစ်ရှေ့မှာမမုဝ၊ အယ်ဘေမဲ့ ခုနန်းနို့ဟ 'နို့ဗြင်ရယ်'ဆိုပီး နေဂေ့ရိတွက် နန်းနို့မှာ ပြစ်ရှေ့နေသေးရယ်'ဆိုပီး မိတော်မူလေရယ်။