6
1အဲနော့ ကိုယ်တော်ယေရှုဟ တိဗေရေအိုင်ဆိုပီးခေါ်ဝို ဂါလိလဲအိုင်ရဲ့ ဖက်ကမ်းဝို ကူးတော်မူလေရယ်။ 2အဲ့နော့ လူအုပ်ကီးဟ ကိုယ်တော်ရဲ့နော့တော်ဝို လိုက်ပါလာဂေ့လေရယ်။ ဟဲဖြစ်နူးဆိုဝါ ကိုယ်တော်ယေရှုဟ ဖျားနေဝိုလူဒွေဝို ကုသပေးရစ်ဇာန အံ့ဖွယ်နမိလက္ခဏာဒွေ ပြုလုပ်ပေးနေဇာဝို သူနို့ဗြင်တွီ့ခဲ့ဂျော့ဖြစ်ရယ်။ 3အဲခါမှာ ကိုယ်တော်ဟ တော်ပေါ်ဝိုတက်ပီး အဲမိုနေရာမှာ သူ့ရဲ့ဗြိတော်ဒွေနတူတူ ထိုင်ဂေ့လေရယ်။ 4ပဿခါပွဲတော်ဆိုရိခေါ်ဝို ဂျူးလူမျိုးဒွေရဲ့ပွဲတော်ပြုလုပ်ဝို့ ခီဟလဲ နီးကပ်လာပီဖြစ်ရယ်။ 5ကိုယ်တော်ယေရှု လှည့်ကေ့လိုက်ခါမှာ လူအုပ်ကီးဟ သူ့ဆီဝိုလာနေဇာဝို ဗြင်ခီမှာ ဖိလိပ္ပုဝို “အယ်မိုလူဒွေ ကျွေးဝို့တွက် လုံလော့အော်ပါမုဒွေ ဟယ်နေရာမှာဝယ်ရမယ်နူး” ဆိုပီး မေးလေရယ်။ 6ကိုယ်တော်ဟ မိမိဟယ်မျိုးလုပ်မယ်ဆိုဇာဝို သိသိရီးန ဖိလိပ္ပုဝို စမ်းသပ်ရှင်ရိတွက် အဲမိုမျိုးမေးလိုက်ဇာဖြစ်ရယ်။ 7ဖိလိပ္ပုဟ “လူဒွေဝို လုံလော့အော် ပါမုနဲနဲရားစီ ကျွေးနိုင်ဝို့န ပါမုဒွေဝယ်ဝို့တွက် ဒေနာရီဒန်းဂါးပြားနှေ့ရာထပ် ပိုပီး ကူကလလိမယ်” ဆိုပီး ပလန်ရှော့တံလေရယ်။ 8ကိုယ်တော်ရဲ့ ဗြိတော်ဒွေထဲဟ တယော့ဖြစ်ဝို ရှိမုန်ပေတရုရဲ့ညီအန္ဒြေဟ ကိုယ်တော်ဝို 9“မုယော ပါမုသေးသေးရားငါးလုံးန ငါးသေးသေးရားနှေ့ကော်ရှေ့ဝို လူဝါးယော့အယ်နေရာမှာရှေ့ပါရယ်။ အယ်ဘေမဲ့ အယ်မိုလူဒွေအားလုံးတွက်ဝို အဲမိုပါမုငါးလုံးန ငါးနှေ့ကော်ဟ လုံလော့ဝို့မုရ” ဆိုပီး ရှော့တံလေရယ်။ 10ကိုယ်တော်ယေရှုဟ “လူဒွေဝို ထိုင်ခိုင်းလိုက်ဂေ့” ဆိုပီး မိတော်မူလေရယ်။ အဲမိုနေရာမှာ ဗြစ်ပံဒွေများရီးပေါ့နေပီး လူဒွေဟလဲ ထိုင်ဂေ့လေရယ်။ (အဲမိုလူဒွေထဲမှာ ယော့ကျားသားလေခဲ ငါးထော်လော့ရှေ့ရယ်။) 11အဲနော့ ကိုယ်တော်ဟ မုဒွေဝိုယူပီး ဘုရားရှင်ရဲ့ ကျေးဇူးတော်ဝို ချီးမွမ်းပီးနော့ ထိုင်နေဝိုလူဒွေဝို သူနို့လိုရှင်မျှ ဝွီပေးလေရယ်။ ငါးဒွေဝိုလဲ အဲမိုမျိုးဘဲ့ သူ့နို့ဝို ခွဲဝွီပေးတော်မူလေရယ်။ 12အဲမိုလူဒွေအားလုံး ဝဝလင်လင်စားသော့ပီးနော့ ကိုယ်တော်ဟ “ဟဲရာဝိုလဲ အယ်လည်ကားမဖြစ်အော် ပိုလျှံနေဝိုပါမုပိုင်းစဒွေဝို ကော့ယူသီးဂေ့လော့” ဆိုပီး သူ့ရဲ့ဗြိတော်ဒွေဝို မိတော်မူလေရယ်။ 13အဲဂျော့ ဗြိတော်ဒွေဟလဲ ကော့ယူသီးဂေ့ဝိုခါမှာ လူဒွေစားသော့ရစ်ဝို မုယောပါမုငါးလုံးန ပိုလျှံနေဝိုပိုင်းစဒွေဟ တောဆယ့်နှေ့တော့ပလဲ့ရလေရယ်။ 14ကိုယ်တော်ယေရှုပြုတော်မူဝို အံ့ဖွယ်နမိလ္ခဏာဒွေဝို လူဒွေဗြင်ခါမှာ “အယ်မိုလူဟ အယ်မိုဘာလောကဝို ကြွရော့တော်မူလာဝို ပရောဖက်စစ်စစ်ဖြစ်ရယ်” ဆိုပီး ပြောဆိုဂေ့လေရယ်။ 15လူဒွေဟ သူ့ဝို တင်းကြပ်တွန်းအားပေးပီး ဘုရင်ဖြစ် တံမြှော့ဝို့ကြောဝို ကိုယ်တော်ယေရှုသိတော်မူရိတွက် ကိုယ်တော်ဟ ထပ်ပီး တော်ပေါ်ဝို ဘားတည်း ကြွတော်မူလေရယ်။ 16ညစ်နေပိုင်းဝို ရော့ခီမှာ ကိုယ်တော်ရဲ့ ဗြိတော်ဒွေဟ ဂါလိလဲအိုင်ဝို ဆင်းလာဂေ့ပီး 17လှေပေါ်ဝိုတက်ပီး ရေအိုင်ဝိုဖြတ်ပီး ကပေရနောင်ဗြို့ဝို ကူးဂေ့လေရယ်။ မိုးချုပ်နေပီဖြစ်နေဂိုမှ ကိုယ်တော်ယေရှုဟ ဗြိတော်ဒွေဆီဝို ခုထိ ကြွလာသေးရ။ 18အဲခီမှာ လေပြင်းတိုက်ခတ်လာပီး ရေအိုင်မှာ လှိုင်းဒွေကီးလာလေရယ်။ 19သူ့နို့ဟ သုံးလေးမိုင်လော့ လှေလှော်ခတ်ပီးနော့ ကိုယ်တော်ယေရှုဟ ရေပေါ်မှာ လမ်းလျှော့ပီးလှေနားဝို ကြွလာနေဇာဝို ဗြင်ခါမှာ သူ့နို့ဟ ကြော့လန့်နေဂေ့လေရယ်။ 20 အယ်ဘေမဲ့ ကိုယ်တော်ဟ ဗြိတော်ဒွေဝို “ကြော့လန့်ဂေ့ပါန၊ ငါဘဲ့ဖြစ်ရယ်” ဆိုပီး မိတော်မူရယ်။ 21အဲခါမှာ ဗြိတော်ဒွေဟ ဝမ်းသာအားရစွာန ကိုယ်တော်ဝို လှေပေါ်ဝိုခေါ်နေခီမှာဘဲ့ လှေဟ သူ့နို့သွားဝို့ဆိုပီး ရည်ရွယ်ထားဝိုကမ်းဖက်ဝို ချင့်ချင်းဘဲ့ရော့သွားလေရယ်။ 22နော့နေ့မှာ ရေအိုင်တဖက်ကမ်းမှာ ကျန်ရစ်ဝိုလူအုပ်ကီးဟ အဲမိုနေရာမှာ လှေတစီးဟဘဲ့ရှေ့ပီး အဲမိုလှေမှာ ကိုယ်တော်ယေရှုဟ ဗြိတော်ဒွေနတူတူ လိုက်ပါသွားဇာမှေ့ဘဲန ဗြိတော်ဒွေဘဲ့ ထွက်သွားဂေ့ဇာဝို ဒိထားမိဂေ့လေရယ်။ 23အယ်ဘေမဲ့ တိဗေရိဗြို့ဟလာဝို ခြားလှေငယ်ဒွေဟ ကိုယ်တော်ဟ ဘုရားရှင်ရဲ့ကျေးဇူးတော်ဝို ချီးမွမ်းပေးပီးနော့ လူဒွေမုစားသော့ခဲ့ဝို နေရာနားဝို ရော့လာဂေ့လေရယ်။ 24လူအုပ်ကီးဟလဲ အဲမိုနေရာမှာ ကိုယ်တော်န သူ့ရဲ့ဗြိတော်ဒွေမှေ့ဘဲဇာဝို သိခါမှာ ကိုယ်တော်ဝိုရှာဖွီဝို့တွက် လှေဒွေပေါ်တက်ပီး ကပေရနောင်ဗြို့ဝို သွားဂေ့လေရယ်။ 25အဲမိုလူဒွေဟ ကိုယ်တော်ယေရှုဝို အိုင်တဖက်ကမ်းမှာ ရှာတွီ့ဂေ့ဝိုခါမှာ “ဆရာ၊ အယ်နေရာဝို ဟယ်ခီဒူးဟ ရော့တော်မူခဲ့နူး” ဆိုပီး ကိုယ်တော်ဝို မေးရှော့ဂေ့လေရယ်။ 26ကိုယ်တော်ဟလဲ သူ့နို့ဝို “ငါမှန်တိုင်းပြောရမယ်ဆိုဝါ နန်းနို့ဟ ငါပြုလုပ်တော် နမိလက္ခဏာဒွေဝို တွီ့ဗြင်ဂေ့တွက်ဂျော့ ငါ့ဝိုရှာဂေ့ဇာမုဘဲန နန်းနို့လိုရှေ့မျှမုဝို စားခဲ့ရရိတွက်ဂျော့သာ ငါ့ဝိုရှာဇာဖြစ်ရယ် ဆိုပီး မိတော်မူလေရယ်။ 27ပုတ်သိုးတတ်ဝိုစားစာတွက် လုပ်လုပ်ဂေ့ဘဲန အဲမိုစား လူ့သားတော်ဟ နန်းနို့ဝို မြဲတမ်းကောမွန်နေပီး နိစထာဝရသက်ဝိုပေးဝို စားစာတွက်ဘဲ့လုပ်လုပ်ဂေ့ကြ။ ဟဲဂျော့ဆိုဝါ အဖဘုရားရှင်ဟ လူ့သားတော် ထော့ခံကြောဝို ပြသရစ်ပီးဖြစ်ရယ်” ဆိုပီး မိတော်မူရယ်။ 28အဲခါ သူ့နို့ဟ ကိုယ်တော်ဝို “ဘုရားရှင်လိုရှေ့ဇာဝို ဆောင်ဝက်နိုင်ဝို့ ကျော်ဒို့ ဟဲမျိုးလုပ်ရမယ်နူး” ဆိုပီး မေးရှော့ဂေ့လေရယ်။ 29ကိုယ်တော်ယေရှုဟ သူ့နို့ဝို “နန်းနို့ဆီဟ ဘုရားရှင်လိုရှေ့ဇာဟ သူစေလွှတ်လိုက်ဝိုလူဝို ယုံကြည်ဂေ့ဝို့ဘဲ့ဖြစ်ရယ်” ဆိုပီး ပလန်ဖြေလေရယ်။ 30အဲမိုခါမှာ သူ့နို့ဟ “ကျော်ဒို့ဗြင်ပီး ကိုယ်တော်ဝို ကျော်ဒို့ ယုံကြည်နိုင်အော် ကိုယ်တော်ဟ ဟဲမျိုးရာဒွေန ဟဲမျိုးနမိလက္ခဏာဒွေဝို ပြုလုပ်ပြသမယ်နူး။ 31ကျမ်းစာထဲမှာ ‘သူဟ ရွှေဗြို့တော်ဟမုဝို သူ့နို့စားဝို့’ ဆိုပီး ရေးသားရားဝိုတိုင်း ကျော်ဒို့ရဲ့ဘိုးဘေးဒွေဟ တောကန္တာရထဲမှာ မန္နမုဝို စားဂေ့ရရယ်” ဆိုပီး ရှော့တံဂေ့လေရယ်။ 32ကိုယ်တော်ယေရှုဟလဲ “ငါမှန်တိုင်းပြောရမယ်ဆိုဝါ ရွှေဗြို့တော်ဟမုဝို နန်းနို့ဝို ပေးခဲ့ဝိုလူဟ မောရှေမုဝ။ ရွှေဗြို့တော်ဟ စစ်မှန်ဝိုမုဝို ငါ့ရဲ့အဖဘုရားရှင်ဟဘဲ့ နန်းနို့ဝို ပေးဇာဖြစ်ရယ်။ 33ဟဲဂျော့ဆိုဝါ ဘုရားရှင်ရဲ့မုမှာ ရွှေဗြို့တော်ဟလာဇာဖြစ်ပီး ဘာပေါ်မှာရှေ့ဝို လူသားအားလုံးရဲ့ နိစ္စထာဝရသက်ဝို ပေးမဲ့မုဖြစ်ရယ်” ဆိုပီး ကိုယ်တော်ဟ မိတော်မူလေရယ်။ 34အဲခါမှာ လူဒွေဟ ကိုယ်တော်ဝို “ဆရာ၊ အဲမိုမုဝို ကျော်ဒို့ဝို မြဲတမ်းပေးတော်မူပါ” ဆိုပီး ရှော့တံဂေ့လေရယ်။ 35အဲနော့ ကိုယ်တော်ဟ လူဒွေဝို “ငါဟ နိစ္စထာဝရသက်ဝိုပေးဝို အသက်မုဖြစ်ရယ်။ငါ့ဆီဝို လာသူဒိုင်းဟ ဟယ်ခါမှ ဆာလော်ဂေ့မှာမုဘဲ ငါ့ဝိုယုံကြည်သူဒွေဟလဲ ဟယ်ခါမှလဲ ရေငတ်ဂေ့လိမှာမုဟန်း။ 36အယ်ဘေမဲ့ နန်းနို့ဝိုငါဆိုလိုဇာဟ နန်းနို့ဟ ငါပြုလုပ်တော်မူရစ်ဇာဝို ဗြင်နေရနေဂိုမှ ငါ မေရှိယဖြစ်ဇာဝို နန်းနို့ယုံကြည်ဂေ့ရ။ 37အဖဘုရားရှင်ဟ ငါ့ဝိုပေးဇာရာအားလုံးဟ ငါ့ဆီဝိုရော့လာဂေ့မှာဖြစ်ပီး ငါ့ဝိုယုံကြည်ပီး လာဝိုလူအားလုံးဝို ငါနှမ်ထုမှာမုဝ။ 38ဟဲဂျော့ဆိုဝါ ငါဟ ငါ့ရဲ့လိုဆန္ဒဝို လုပ်ဆော်ဝို့တွက် ရွှေဗြို့တော်ဟ ကြွလာဇာမုဘဲန ငါ့ဝိုစေလွှတ်လိုက်တော်မူဝို အရှင်ရဲ့လိုဆန္ဒတိုင်း လုပ်ဆော်ဝို့တွက် ရွှေဗြို့တော်ဟ ကြွလာဇာဖြစ်ရယ်။ 39ပီးရယ်ဆိုဝါ ငါ့ဝိုစေလွှတ်လိုက်တော်မူဝို အရှင်ရဲ့လိုဆန္ဒမှာ ငါ့ဆီဝို အရှင်ပေးအပ်ရားဝို လူအားလုံးထဲမှာ နော့ဆုံးနေ့ထိ ဟယ်လူသက်ဝိုမှ ဆုံးရှုံးစေဘဲ သူ့နို့ဝို ပလန်လည် ရှင်သန်ထမြော့စေရန်ဖြစ်ရယ်။ 40ဟဲဂျော့ဆိုဝါ ငါ့ရဲ့ဘုရားရှင်လိုတော်ဟ သားတော်ဝိုဗြင်ပီး ယုံကြည်သူတိုင်း ထာဝရသက်ဝိုရဝို့တွက်ဖြစ်ပီး ငါဟလဲ အဲမိုလူဒွေဝို နော့ဆုံးနေ့မှာ သက်ပလန်လည်ရှင်သန်စေဝို့ ဖြစ်ရယ်” ဆိုပီး မိတော်မူလေရယ်။ 41အဲနော့ ကိုယ်တော်ယေရှုဟ “ငါဟ ရွှေဗြို့တော်ဟ ဆင်းသက်လာဝို မုဖြစ်ရယ်” ဆိုပီး မိတော်မူဇာဝို ကိုယ်တော်ကြောဝို စပီး ဂျူးလူမျိုးဒွေဟ ကျေနပ်ဘဲပြောဆိုဂေ့လေရယ်။ 42အဲဂျော့ သူ့နို့ဟ “အယ်မိုလူဟ ယောသပ်ရဲ့သား ယေရှုမုဝလော၊ သူ့မိဖဝို နို့သိရယ်မုလော၊ အဲမိုဇာဝို အခု သူ့ဟ ‘ငါဟ ရွှေဗြို့တော်ဟ လာရယ်ဆိုပီး’ ဟဲဂျော့ပြောရနူး” ဆိုပီး ကိုယ်တော်ဝို ပြောနေဂေ့လေရယ်။ 43အဲခါမှာကိုယ်တော်ယေရှုဟ “ငါပြောဝိုဂါးဂျော့ မကျေမနပ်ဖြစ်နေဂေ့န။ 44ငါ့ဝိုစေလွှတ်တော်မူဝို အဖဘုရားရှင်မခေါ်ဆော်ဘဲဆိုဝါ ဟယ်သူမှ ငါ့ဆီဝို လာနိုင်မှာမုဝ၊ ငါ့ဟလဲ ငါ့ဆီလာဝို အဲမိုလူဒွေဝိုဘဲ့ နော့ဆုံးနေ့မှာ ပလန်လည်ရှင်သန်စေမယ်ဖြစ်ရယ်။ 45ပရောဖက်ဒို့ရဲ့ကျမ်းဒွေမှာ ‘လူဒွေအားလုံးဟ ဘုရားရှင်ရဲ့ ဆုံးမသွန်သန်ဇာဝို ခံရဂေ့မယ်’ ဆိုပီး ရေးသားထားဝိုတိုင်း အဖဘုရားရှင်ဆီဟကြားနာပီး ဆုံးမသွန်သန်ဇာခံရဝိုလူဒွေဟ ငါ့ဆီဝိုလာဂေ့လိမယ်ဖြစ်ရယ်။ 46အယ်မိုဇာဟ အဖဘုရားရှင်ဝို လူတိုင်း ဗြင်တွီ့ခဲ့ရပီဆိုပီး ပြောရှင်ဇာမုဝ။ ဘုရားရှင်ဆီဟ လာဝိုလူယော့တည်းဟဘဲ့ အဖဘုရားရှင်ဝို ဗြော်ဖူးခဲ့ပီဖြစ်ရယ်။ 47ငါမှန်တိုင်းနန်းနို့ဝို ပြောရမယ်ဆိုဝါ ယုံကြည်ဝိုသူဟ နိစထာဝရသက်ဝို ရရှေ့မယ်ဖြစ်ရယ်။ 48ငါဟ နိစ္စထာဝရသက်ဝို ပေးဝိုမုဖြစ်ရယ်။ 49နန်းနို့ရဲ့ဘိုးဘေးဒွေဟ တောကန္တာရလူမေ့ဘဲနေရာမှာ မန္နမုဝိုစားခဲ့ဂေ့ပေမဲ့ သူ့နို့လေ သေဆုံးဂေ့လေရယ်။ 50အယ်မုဟ ရွှေဗြို့တော်ဟလာဝိုမုဖြစ်ရိတွက် အယ်မုဝိုစားဝို ဟယ်လူမဆို သေဆုံးဂေ့လိမယ်ဖြစ်ရယ်။ 51ငါဟ ရွှေဗြို့တော်ဟကြွတော်မူလာဝို အသက်ရှင်နေဝိုမုဖြစ်ရိ အယ်မိုမုဝို စားသော့ဝိုဟယ်သူမဆို ထာဝရသက်ရှင်လိမယ်ဖြစ်ရယ်။ အယ်မိုမု့ဟ ဘာပေါ်မှာရှေ့ဝို လူဒွေရဲ့သက်ဝိုပေးဝို ငါ့ရဲ့သွီးသားဘဲ့ဖြစ်ရယ်” ဆိုပီး မိတော်မူလေရယ်။ 52အဲခါမှာ ဂျူးလူမျိုးဒွေဟ “အယ်လူဟ သူ့ရဲ့အသားဝို နို့စားဝို့ ဟယ်မျိုးပေးနိုင်မယ်နူး” ဆိုပီး ချင်းချင်း ဒေါသကီးစွန ငြင်းနေဂေ့လေရယ်။ 53ကိုယ်တော်ယေရှုဟ သူ့နို့ဝို “ငါမှန်တိုင်းပြောရမယ်ဆိုဝါ လူသားတော်ရဲ့ သားဝိုစားပီး သွီးဝိုသော့ရဆိုဝါ နန်းနို့မှာ စစ်မှန်ဝို အသက်တာဝို ရရှေ့ဂေ့လိမှာမုဝ။ 54ငါ့အသားဝိုစားပီး ငါသွီးဝိုသော့သုံးသူတိုင်းဟ နိစထာဝရသက်ရှင်ခြင်းဝို ရပီး အဲမိုလူဒွေဝို ငါဟ နော့ဆုံးနေ့မှာ ပလန်လည်ရှင်သန် ထမြော့စေမယ်ဖြစ်ရယ်။ 55ဟဲဖြစ်ရိနူးဆိုဝါ ငါ့ရဲ့အသားဟ စစ်မှန်ဝို စားဇာဖြစ်ပီး ငါ့ရဲ့သွီးဟ စစ်မှန်ဝို သော့ဇာဖြစ်ရယ်။ 56ငါ့အသားဝိုစားပီး ငါသွီးဝိုသော့သုံးသူတိုင်းဟ ငါ့နတသားတည်းဖြစ်ပီး ငါဟလဲ သူ့နို့န တသားတည်းဖြစ်ရယ်။ 57သက်ရှင်တော်မူဝို အဖဘုရားရှင်ဂျော့ငါ့ဟ ငါ့ဝိုစေလွှတ်တော်မူရိတွက် သက်ရှင်ရမျိုး ငါ့အသားဝိုစားဝိုလူဟလဲ ငါ့ဂျော့သက်ရှင်ရမယ်ဖြစ်ရယ်။ 58အယ်မုဟ ရွှေဗြို့တော်ဟ လာဝိုမုဖြစ်ရယ်။ နန်းနို့ဘိုးဘေးဒွေ မန္နမုဝိုစားသော့ခဲ့ပီး သေဆုံးဂေ့ပေမဲ့ အဲမိုမုဝို စားဝိုလူတိုင်းဟ ထာဝရသက်ရှင်လိမယ်ဖြစ်ရယ်” ဆိုပီး မိတော်မူလေရယ်။ 59ကိုယ်တော်ယေရှုဟ အယ်ကြောရာဒွေဝို ကပေရနောင်ဗြို့မှာရှေ့ဝို ဓမ္မာရုံမှာ ဟောပြောသွန်သန်နေခီမှာ မိတော်မူရစ်ဇာဖြစ်ရယ်။ 60ကိုယ်တော်ယေရှုရဲ့ ဗြိတော်များစုဟ အဲမိုကြောရာဒွေဝိုကြားခီမှာ “အယ်မိုသွန်သင်ချင့်ဒွေဟ ရဒိုင်းခက်ခဲရိတွက်ဂျော့ ဟယ်သူဟ လက်ခံနိုင်မယ်နူး” ဆိုပီး ပြောဆိုဂေ့လေရယ်။ 61ကိုယ်တော်ဟောပြောဝို ဒန်းဂါးကြောရာဒွေနပတ်သတ်ပီး ဗြိတော်ဒွေဟ မကျေမနပ်ပြောဆိုနေဂေ့ဇာဝို ကိုယ်တော်ယေရှုဟ သိတော်မူရယ်။ အဲဂျော့ ကိုယ်တော်ယေရှုဟ “ငါပြောဝို အဲမိုဟောပြောသွန်သန်ချင့်ဒွေဟ နန်းနို့ဝိုဟဲဖြစ်ဂျော့ မကျေမနပ်ဘဲဖြစ်စေနူး။ 62အယ်မိုမျိုးဖြစ်မယ်ဆိုဝါ လူသားတော်ဟ ရွှေဗြို့တော်ဝို ပလန်လည်ကြွတော်မူဇာဝို နန်းနို့ဗြင်မယ်ဆိုဝါ နန်းနို့ဟဲမျိုးထံမယ်နူး။ 63ဉာဏ်လင်းတော်ဟ သက်ဝိုပေးထားဇာဖြစ်ရယ်။ လူဒွေရဲ့ခွန်အားဟ ဟဲရာဇာဝိုလဲ လုပ်နိုင်ရ။ ငါပြောဝိုဂါးဒွေဟ ဉာဏ်လင်းတော်ဟ ဆင်းသက်လာပီး နန်းနို့ဝို သက်ပေးထားဇာဖြစ်ရယ်။ 64အယ်ဘေမဲ့ နန်းနို့ထဲမှာ ချို့ဟ ငါ့ဝို ယုံကြည်ဂေ့ရ” ဆိုပီး မိတော်မူရယ်။ ကိုယ်တော် အဲမိုမျိုးမိတော်မူဇာဟ ဟယ်သူဟ ယုံကြည်ဘဲနေပီး ဟယ်သူဟ သူ့ဝို သစ္စာဖော့မယ်ဆိုဇာဝို စဒဲဟ သိတော်မူဂျော့ဖြစ်ရယ်။ 65ကိုယ်တော်ယေရှုဟ ထပ်ပီး “အဲဂျော့ အဖဘုရားရှင် လိုတော်မှေ့ဘဲနေဆိုဝါ ဟယ်သူမှ ငါ့နားဝိုလာနိုင်ရဆိုဇာဝို နန်းနို့ဝို ငါပြောရစ်ပီးပီဖြစ်ရယ်” ဆိုပီး မိတော်မူလေရယ်။ 66အဲမိုကြောဂျော့ ဗြိတော်ဒွေထဲဟ များစုဟ အဲခီဟနေစပီး ကိုယ်တော်ယေရှုရဲ့နော့တော်ဝို ထပ်မလိုက်တော့ဘဲန စွန့်ခွာသွားဂေ့လေရယ်။ 67အဲနော့ ကိုယ်တော်ယေရှုဟ ဗြိတော်ဆယ့်နှေ့ယော့ဝို “နန်းနို့လဲ ထွက်ခွာသွားရှင်ဂေ့လော” ဆိုပီး မေးတော်မူခီမှာ 68ရှိမုန်ပေတရုဟ ကိုယ်တော်ဝို “အရှင်၊ ကျော်ဒို့ဟ ယ်သူ့ဆီဝို သွားရဝို့နူး။ ဘုရားရှင်နတူတူ ထာဝရသက်ရှင်ခြင်းဒွေဝို အရှင်ဟဘဲ့ ကျော်ဒို့ဝို ပြောပြဇာဖြစ်ရယ်။ 69ကိုယ်တော်ဟ ဘုရားရှင်ဆီဟလာဝို ကြီးမြတ်ဝိုအရှင်ဖြစ်ကြောဝို ကျော်ဒို့ အခု သိပီး ယုံကြည်ဂေ့ပါရယ်” ဆိုပီး ရှော့တံဂေ့လေရယ်။ 70အဲခါ ကိုယ်တော်ဟလဲ “ငါ့ဟ နန်းနို့ ဆယ့်နှေ့ယော့ဝို ဝီးချယ်ခဲ့ဇာမုဝလော။ အယ်ဘေမဲ့ နန်းနို့ထဲဟ တယော့ဟ မာရ်နတ်ရဲ့ ထိန်းချုပ်ဇာဝိုခံထားရရယ်” ဆိုပီး မိတော်မူလေရယ်။ 71အဲမိုဇာဟ ဗြိတော်ဆယ့်နှေ့ယော့ထဲဟ တယော့ဖြစ်ပီး နော့ပိုင်းမှာ ကိုယ်တော်ဝို သစ္စာဖော့ဝိုလူ ရှိမုန်ရဲ့သား ယုဒရှကာရုတ်ကို ရည်ညွှန်းပီး မိတော်မူဇာဖြစ်ရယ်။