16
1နန်းနို့ရဲ့ယုံကြည်ချင့်ဒွေဝို မပျက်ပြားစေဝို့တွက် အယ်မိုဂါးဒွေဝို နန်းနို့ဝို ငါပြောရစ်ရယ်။ 2လူဒွေဟ နန်းနို့ဝို ဓမ္မာရုံဒွေထဲဟ နှံထုဂေ့ဝို့ပြင် နန်းနို့ဝို သတ်ဝို့လူဒွေဟလဲ သူ့နို့ကိုယ်သူ့နို့ ဘုရားရှင်ဝို ပူဇော်နေရယ်ဆိုပီး ထံမှတ်ဝို ခီကာလဝို ရော့လာဝေါ့မယ်ဖြစ်ရယ်။ 3သူ့နို့ဟ အဖဘုရားရှင်ဝိုရော၊ငါ့ဝိုရော သိဂေ့ဘဲရိတွက် အဲမိုမျိုးလုပ်ဂေ့မှာဖြစ်ရယ်။ 4အဲမိုခီကာလဝို ရော့ခါမှာ ငါဟ အယ်မိုမျိုးပြောဇာဝို နန်းနို့ဒိရနေစေဝို့ ငါဟ အယ်မိုကြောရာဒွေဝို နန်းနို့ဝို ပြောထားဇာဖြစ်ရယ်။ 5ခုကလလော ငါ့ဝို စေလွှတ်တော်မူဝို အရှင်ဆီဝို ငါသွားဝေါ့မယ်ဖြစ်နေဘေမဲ့ နန်းနို့ထဲဟ ဟယ်သူလဲ 'ကိုယ်တော်ဟ ဟယ်ဝို သွားဝို့နူး'ဆိုပီး ငါ့ဝိုမေးဂေ့ရ။ 6အယ်မိုကြောရာဒွေဝို ငါပြောရိတွက် နန်းနို့စိနှလုံးမှာ ရားဒိုင်း ဝမ်းနည်းပူဆွေးနေဂေ့လိမယ်။ 7အယ်ဘေမဲ့ ငါမှန်ဆိုဇာဟ၊ ငါသွားရဇာဟ နန်းနို့တွက် ကျိုးရှေ့ရယ်။ ငါသွားဘဲနေဆိုဝါ နန်းနို့ဝို ကူညီဝို့လူရော့လာမှာမုဝ။ ငါသွားမှ အဲမိုလူဝို နန်းနို့ဆီဝို ငါလွှတ်နိုင်မှာဖြစ်ရယ်။ 8အဲမိုကူညီဝို့လူဟ သူရော့လာခီမှာ ပြစ်ဒုစရိုက်ဝိုပြုဇာဟ မှားဇာဝိုရော၊ ဖြော့မတ်ဇာဝိုရော၊ ရားစီရင်ဇာဝိုရော အယ်မိုဘာလောကဝို သက်သေပြတော်မူလိမယ်။ 9လူဒွေဟ ငါ့ဝို ယုံကြည်ဂေ့ဘဲဇာဟ ပြစ်ဖြစ်ရယ်ဆိုဇာဝိုရော 10ငါဟ ခမည်းတော်ဆီဝို ပလန်သွားမှာဖြစ်ရိတွက် နန်းနို့ဟ ငါ့ဝို တွီ့ဗြင်ရမှာမုဟန်းဘဲဝို ဖြော့မတ်မှန်ကန်ရှင်းရားဝိုရော ဖော်ထုပြသလိမယ်ဖြစ်ရယ်။ 11ဘုရားရှင်ဟ အယ်မိုလောက ဘာဝိုအုပ်ချုပ်သူဝို ရားစီရင်ရစ်ပီဖြစ်ရိတွက် သူ့နို့ဟ ရားစီရင်ရှင်းကြောနပတ်သက်ပီး မှားနေဂေ့ရယ်။ 12နန်းနို့ဝို ငါပြောဇာဘုံကီးရှေ့ဘေမဲ့ ခုခီမှာ အဲမိုဇာဒွေဟ နန်းနို့နားလည်နိုင်ဇာထက် ကျော်လွန်နေပီဖြစ်ရယ်။ 13အယ်ဘေမဲ့ မှန်တရားရဲ့ ဝိဉာဥ်တော်ကြွရော့လာဝိုခီမှာ သူဟ နန်းနို့ဝိုမှန်တရားဂူလုံးဆီဝို ခေါ်ဆော်သွားလိမယ်ဖြစ်ရယ်။ ဟဲဂျော့ဆိုဝါ အဲမိုဝိဉာဥ်တော်ဟ သူ့ဆန္ဒတိုင်း ပြောဆိုမှာမုဘဲန သူကြားဇာမှန်သမျှဝိုဘဲ့ ပြောဆိုမှာဖြစ်ပီး နန်းနို့ဝိုလဲ နော့ဖြစ်လာဝို့ဇာဒွေဝို ထုဖော် ပြောကြားလိမယ်ဖြစ်ရယ်။ 14သူဟ ငါ့ရဲ့ဒန်းဂါးဒွေဝို ယူလာပီး နန်းနို့ဝိုဟောပြောပေးရင်းန ငါ့ဆီဝို ဘုန်းအသရေဝို ယူဆော်လာလိမယ်ဖြစ်ရယ်။ 15ဖခမည်းတော်ပိုင်ဆိုင်ဇာမှန်သမျှဝို ငါလဲပိုင်ဆိုင်ရယ်။ အဲဂျော့ သူဟ ငါ့ရဲ့ဒန်းဂါးဒွေဝို လက်ခံပီး နန်းနို့ဝို ထုဖော်ဟောကြားလိမယ်ဖြစ်ရယ်။ 16ခီတိုတွမ်းမှာဘဲ့ ငါဟ နန်းနို့ဝို ထားရစ်ပီး ငါ့ဝိုဗြင်ဂေ့ရမှာမုဟန်း။ အယ်ဘေမဲ့ နော့ထပ်ရှစ်သားကြာခီမှာ ငါ့ဝို ပလန်ဗြင်တွီ့ရလိမယ်'ဆိုပီး မိတော်မူလေရယ်။ 17အဲခါမှာ ဗြိတော်ချို့ဟ 'ခီတိုတွမ်းမှာ နန်းနို့ဟ ငါ့ဝိုဗြင်ဂေ့ရမှာမုဘေမဲ့ နော့ထပ်ခီတိုတွမ်းမှာဘဲ့ ငါ့ဝို ပလန်တွီ့ဗြင်ဂေ့ရလိမယ်'ဆိုဝိုဝေါ၊ ငါဟ အဖဘုရားရှင်ဆီဝို သွားဝေါ့မယ်'ဆိုပီး နို့ဝို မိတော်မူဝို အဲမိုဂါးဟ ဟဲရာဝိုဆိုလိုနူး"ဆိုပီး ချင်းချင်းပြောနေဂေ့လေရယ်။ 18ထပ်ပီး သူ့နို့ဟ ကိုယ်တော်မိတော်မူဝို 'ရှစ်သားကြာရာ' ဆိုဝို ဂါးရဲ့ဓိပ္ပါယ်ဟ ဟဲရာနူး။ ကိုယ်တော်မိတော်မူဝို ဂါးဝို နို့နားမလည်ရ'ဆိုပီး ပြောနေဂေ့ရယ်။ 19ကိုယ်တော်ယေရှုဟ သူ့ဝို ဗြိတော်ဒွေ မေးရှော့ရှင်နေဇာဝို သိဗြင်တော်မူရိတွက် 'ခီတိုတွမ်းမှာ နန်းနို့ဟ ငါ့ဝိုဗြင်ဂေ့ရမှာမုဘေမဲ့ နော့ထပ်ခီတိုတွမ်းမှာဘဲ့ ငါ့ဝို ပလန်တွီ့ဗြင်ဂေ့ရလိမယ်'ဆိုဝို ငါပြောရားဇာန ပတ်သက်ပီး ချင်းချင်းမေးမြန်းပြောဆိုနေဂေ့လော။ 20ငါ မှန်ပြောရမယ်ဆိုဝါ နန်းနို့ဟ ငိုဂေ့ဘေမဲ့ လောကီလူသားဒွေဟ ဝမ်းသာနေဂေ့လိမယ်။ နန်းနို့ဟ ဝမ်းနဲနေဘေမဲ့ ဝမ်းသာဇာဝို ပလောလဲသွားလိမယ်။ 21သားမွီးခံနီး မီးမယော့ဟ မွီးဖွားခီမှာ ဟဲမျိုးနာကျင်ခံစားရမယ်ဆိုဇာဝို သိရိတွက် ဝမ်းနဲပူဆွေးရရယ်။ အယ်ဘေမဲ့ သားမွီးဖွားပီးခီမှာ အယ်မိုဘာမလေတွက် လူတယော့မွီးဖွားပေးရဇာတွက် ဝမ်းသာကြည်နူးပီး နာကျင်ခံစားခဲ့ရဝို ဒုတ်ခ ဝေဒနာဒွေဝို မေ့ပျော့လေရယ်။ 22အဲမိုမျိုးဘဲ့ နန်းနို့ဟ ခုဝမ်းနဲပူဆွေးနေရဘေမဲ့ နန်းနို့ဟ ငါ့န ထပ်ပီး ပလန်တွီ့ရမှာဖြစ်ရိတွက် နန်းနို့ရဲ့စိနှလုံးဟ ပျော်ရွှင်ဝမ်းမြော့ခြင်းန ပလဲ့ဇုံလိမယ်။ အဲမိုပျော်ရွှင်ဝမ်းမြော့ဇာဝို နန်းနို့ဆီဟ ဟယ်သူလဲဖယ်ရှားနိုင်ရ။ 23အဲမိုမျိုးနေ့ရော့ခါမှာ နန်းနို့ဟ ဟဲရာလဲ ငါ့ဝို မေးဂေ့မှာမုဝ။ ငါမှန်ပြောရမယ်ဆိုဝါ ခမည်းတော်ဟ နန်းနို့ တောဇာမှန်သမျှဝို ပေးလိမယ်ဖြစ်ရယ်။ 24ခုထိ နန်းနို့ဟ ငါ့နော်မယ်ဝို တိုင်တည်ပီး ဟဲရာလဲ တောဇာမှေ့သေးရ။ နန်းနို့ရဲ့ ဝမ်းမြော့ခြင်းန ပလဲ့ဇုံစေဝို့ တောရှော့ဂေ့လော့။ တောရယ် ရဂေ့မယ်။ 25ပုံဥပမာဒွေန အယ်မိုဇာဒွေဝို နန်းနို့ဝို ငါဟောပြောရစ်ရယ်။ နန်းနို့ဝို အဖဘုရားရှင်ရဲ့ကြောဒွေဝို ပုံဥပမာအားန ငါဟ ဟောပြောဇာလုပ်ဟန်းဘဲန ရိုးရိုးရှင်းရှင်း ဟောပြောဖော်ပြဝို့ခီကာလဝို ရော့လာဝေါ့မယ်ဖြစ်ရယ်။ 26အဲမိုနေ့မှာ နန်းနို့ဟ ငါ့ရဲ့ခွမ့်အာဏာဝို မှီပြုပီး နန်းနို့လိုဇာမှန်သမျှဝို တောရှော့ဂေ့လိမယ်ဖြစ်ရယ်။ နန်းနို့တွက် ငါဟ ဘုရားရှင်ဆီမှာ တောရှော့ပေးမယ်ဆိုပီး ပြောရှင်ဇာမုဝ။ 27ဟဲဖြစ်ရိနူးဆိုဝါ နန်းနို့ဟ ငါ့ဝို ရှစ်မြတ်နိုးပီး ငါဟ အဖဘုရားရှင်ဆီဟ ကြွလာရယ်ဆိုဇာဝို ယုံကြည်ဂေ့ရိတွက် အဖဘုရားရှင်ကိုယ်တိုင် နန်းနို့ဝို ရှစ်မြတ်နိုးတော်မူလေရယ်။ 28ငါဟ အဖဘုရားရှင်ဆီဟ ကြွလာပီး အယ်မိုလောကဝို ရော့လာဇာဖြစ်ရယ်။ ထပ်ပီး အယ်မိုလောကဟနေ ထွက်ခွာပီး အဖဘုရားရှင်ဆီဝို သွားဝေါ့မယ်'ဆိုပီး မိတော်မူလေရယ်။ 29ကိုယ်တော်ရဲ့ဗြိတော်ဒွေဟ 'ခု ကိုယ်တော်ဟ ပုံဥပမာဒွေဝို သုံးဘဲန ရိုးရှင်းဝိုဂါးဒွေန ပြောနေလေပီ။ 30ကိုယ်တော်ဟ ရာခပ်သီးဝို သိဗြင်တော်မူပီး ဟယ်သူဟမှ ကိုယ်တော်ဝို မေးရှော့ဇာမလိုဘဲကြော ခု ကျော်ဒို့ သိပီဖြစ်ရယ်၊ အဲဂျော့ရိ ကိုယ်တော်ဟ ဘုရားရှင်ဆီဟ ကြွလာတော်မူဇာဝို ကျော်ဒို့ ယုံကြည်ပါရယ်'ဆိုပီး ရှော့တံဂေ့လေရယ်။ 31ကိုယ်တော်ဟ သူ့နို့ဝို 'ခု နန်းနို့ ငါ့ဝို ယုံကြည်ဂေ့ပီ'ဆိုပီး ပြောဆိုပီး 32နန်းနို့ဟ ဂွဲတပြားဖြစ်ပီး ယော့ချင်းစီ ကိုယ့်လမ်းကိုယ်ရှော့ပီး ငါ့ဝိုပါးတည်း အယ်မိုနေရာမှာ ထားရစ်ဝို့ ခီကလရော့ပီဖြစ်ရယ်။ အယ်ဘေမဲ့ အဖဘုရားရှင်ဟ ငါ့နတူတူရှေ့တော်မူရိတွက် ငါဟ ပါးတည်းဖြစ်နေမှာမုဝ။ 33ငါဟ ငြီးချမ်းရှင်းဟ နန်းနို့နတူတူ ရှေ့စေဝို့တွက် အယ်မိုကြောဝို ငါဟောပြောရစ်ရယ်။ နန်းနို့ဟ အယ်ဘာလောကမှာ ဆင်းရဲဒုတ်ခန တွီ့ကြုံဂေ့ရလိမယ်။ အယ်ဘေမဲ့ စိုးရီပူပန်ရှင်းမှေ့ဂေ့န။ ငါဟ အယ်မိုဘာလောကဝို အောင်နိုင်ခဲ့ပီဖြစ်ရယ်' ဆိုပီး မိတော်မူလေရယ်။