YouVersion Logo
Search Icon

Luke 18

18
1ကိုယ်တော်ယေရှုက သူရဲ့တပည့်တော်ဒေဝို ဟဲအခါမှ စိအားမလျှော့ဘဲ အမြဲတမ်း ဆုတွန်းနေသင့်ကျွန်းဝို ပုံပြင်ဥပမာဒေန ဆုံးမ သွန်သင်တော်မူရယ်။ 2ကိုယ်တော်က "ဗြို့တဗြို့မှာ တရားသူကီး တဦးရှိရယ်။ သူက ဖရားကိုလည်း မကြော့၊ ပြည်သူလူထုဝိုလည်း အရေးမထားတဲ့သူ ဖြစ်ရယ်။ 3အဲဗြို့မှာဘဲ မုဆိုးမတဦးရှိရာ သူက တရားသူကီးဆီနား အကြိမ်ကြိမ်သွားရွတ်ဘီး "ရုံးတော်မှ ဒီအမှုဝို တရားမျှတအွန်စီရင်ပေးပါ" လို့သွားရွတ်တွန်းပန်လေရယ်။ 4အဲအခါ တရားသူကီးက အခီအတော်ကြာတဲ့အထိ အဲအမျိုးသမီးရဲ့ တွန်းဆိုချက်ဝို ငြင်းဆန်နေလေရယ်။ နော့ဆုံးမှာ တရားသူကီးက" ကျွန်ုပ်က ဖရားလည်းမကြော့၊ ပြည်သူလူထုဝိုလည်း အရေးမထားလည်းဘဲ 5ဒီအမျိုးသမီးကို ကူညီမှဖြစ်တော့မယ်၊ ဟဲကျော့လဲဆိုတော့ သူကငါ့ဝိုတခီလုံး နှောက်ယှက်နေရယ်။ တကယ်လို့ ငါမကူညီပေးရင် ငါ့ဝို ပန်ပန်းစေလိမ့်မယ်" ဆိုကာပြောလေရယ်။ 6အဲနော့အရှင်က "ဒီ မသမာတဲ့ တရားသူကီးဘဲ အဲလိုပြုလုပ်ရင် 7ဖရားရှင် ရွေးကော့တော်မူတဲ့ တပည့်တော်ဒေက နေ့ညမပြတ် ဆုတောင်းကေ့ရင် ဖရားရှင်က စော့ရှော့ခြင်းမပြုဘဲ တပည့်တော်ဒေန မသက်ဆိုင်သလိုမျိုး နေတော်မူလိမ့်မယ် မဟုတ်။ 8သေချာတာကတော့ ဖရားရှင်က အဲသူဒေဝို မြန်မြန် ကယ်တင်ပေးတော်မူလိမ့်မယ်။ အပေမယ့် "လူ့သားတော်" ကြွလာတဲ့အခီမှာ ဒီကမ္ဘာမြေပေါ်မှာ ယုံကြည်သက်ဝမ်သူ တစုံတယွတ်ကိုဘဲ့ ရှာဘီးတွေ့ဆုံနိုင်လိမ့်မယ် မဟုတ်" လို့မိန့်တော်မူလေရယ်။ 9အခြားပုဂ္ဂိုလ်ဒေထပ် မိမိတို့က မြင့်မြတ်တယ်လို့လကွန်း၊ သူတပါးဒေဝို အထန်သေးစရာအဖြစ် ထန်မြင်ယူဆတတ်တဲ့ သူဒေဝို ကိုယ်တော်က ဒီလို ဆုံးမဂါး ပြောဆိုလိုက်လေရယ်။ 10လူနှစ်‌ယွတ်က ဆုသွန်းဝိုအသွက်ဗိမာန်တော်ဆီသွားလေရယ်။တစ်ီဥးကဖာရိရှဲဖြစ်ပြီးကျန်တစ်ီဥးမှာမူ အခွန်ကောက်သူဖြစ်ရယ် 11ဖာရိရှိကမတ်တပ်ရပ်ဘီး''ဖရားရှင် တပည့်တော်က လောဘမကီးပါ။ အခြားသူဒေလိုမျိုး သူတပါးအီယာဝိုလည်း ကျူးလွန်ခြင်းမရှိပါ။ အဲနေရာမှာ ရပ်နေတဲ့ အခွန်ကော့သူ လိုမျိုး အပြစ်ဒေ ကျူးလွန်ခြင်းမရှိသဖြင့် အမှန်ဘဲ့ ဝမ်းမြော့ဝမ်းသာဖြစ်ရပါရယ်။ 12တစ်ပတ်မှာနှရက် အစာရွှံဝီး ဥပုသ်စော့နေပါရယ်။ တပည့်တော် လုပ်အားခရဲ့ ဆယ်ပုံတပုံဝိုလည်း ဖရားရှင်ဝိုလှူဒါန်းပါရယ်" ဆိုကာ ကိုယ့်ကိုကိုယ် ဖော်ကျူးလေရယ်။ 13အခွန်ကော့ ဝန်ထမ်းကဘဲ့ ခပ်လှမ်းလှမ်းအကွာမှာ ရပ်နေဝီး ကွန်းကင်ကိုဘဲ မော့မကေ့ရဲဘဲ ဖြစ်နေရယ်။ သူက အရမ်းနော်တရနေဘီး ရင်ကိုထုကာ "အရှင်ဖရား တပည့်တော်ဝို ငဲ့ညှာတော်မူပါ။ တပည့်တော်က အကုသိုလ်အပြစ်သမားပါ" လို့တွန်းပန်လေရယ်။ 14အဲနော့ ကိုယ်တော်ယေရှုက "အဲလူနှစ်ယွတ်အီဆီပြန်ရွတ်တဲ့ခါ ဖရားရှင်ရဲ့ ကျေနပ်နှစ်သက်မှုဝို ရရှိသူကတော့ ဖာရိရှဲမဟုတ်ဘဲ အခွန်ကော့သူဘဲဖြစ်ရယ်။ မိမိကိုယ်ကို အထန်ကီးသူဒေက နှိခလာ့(လ်)ခြင်းခံရဘီး မိမိကိုယ်ကို နှိခလာ့(လ်)သူက ချီးမြှော့ခြင်းခံရလိမ့်မယ်" လို့ ဆုံးမလမ်းညွှန်လိုက်လေရယ်။ 15အချို့လူဒေက သူနို့ရဲ့ခလေးဒေဝို ကိုယ်တော်ဆီနား ကွန်းချီးရစေဝို့ ခေါ်ဆွန်လာကေရယ်။ အပေမယ့် တပည့်တော်န တွေ့တဲ့အခါ ကိုယ်တော်ယေရှုဝို မနှောက်ယှက်ဝို့ အဲသူဒေဝို တားမြစ်လေရယ်။ 16အဲကျော့ ခလေးငယ်ဒေဝို သူရဲ့အနီးဆီ ခေါ်လိုက်ဘီး " ခလေးဒေဝို လာခွက်ပေးလိုက်ပါ သူနို့ဝို မတားပါန 17အဲခလေးဒေလို ဖြူစင်တဲ့သူဒေက ဖရားရှင်ရဲ့ သာသနာတော်န သက်ဆိုင်ရယ် အဲကလေးဒေလို မဖြူစင်ရင် ဖရားရှင်ရဲ့ သာသနာထဲဝို ဟဲတော့မှ ဝမ်ခွက်မရ" လို့မိန့်တော်မူလေရယ်။ 18ဩဇာအာဏာ ကီးမားတဲ့ သူတဦးက ကိုယ်တော်ဝို " ကွန်းမြတ်တော်မူတဲ့အရှင် ၊ နိစထာဝရအသတ်ဝို ရဝို့ ဟဲအရာဒေဝို လုပ်ဆောင်ရမယ်နူး" လို့မေးရွှတ်လေရယ်။ 19အဲအခါ ကိုယ်တော်က " ငါ့ဝို ဟဲကျော့ ကွန်းမြတ်တော်မူတယ်လို့ ပြောပါသလဲ၊ ဖရားတပါးထဲဘဲ့ ကွန်းမြတ်တော်မူပါရယ်။ 20ပညတ်တော် တရားဒေဖြစ်တဲ့ သူ့အီယာဝို မပြစ်မှားန၊ လူ့အသတ်ဝို မသတ်န၊ သူများဥစ္စာဝို မခိုးန၊ သူတပါးဝို မလိမ်ညာန၊ မိဘဝိုရိုသေပါ။ ဆိုတဲ့ ပညတ်တော်ဒေဝို နန်သိမှာပါ"လို့ မိန့်တော်မူလိုက်ရာ 21အဲသူဌေးက ကိုယ်တော်ဝို "ဒီအမိန့်တော်အားလုံးဝို ငယ်စဉ်ကတည်းက လိုက်နာခဲ့ပါရယ်" လို့ ရွှတ်တံလေရယ်။ 22အဲဂါးဝို ကိုယ်တော်ကြားတဲ့ခါ ကိုယ်တော်က " ဒီလိုဆိုရင် နန်တခုဘဲ့ လုပ်စရာကျန်ပါတော့ရယ်၊ နန်ပိုင်ဆိုင်သမျှဒေဝို သွားရွန်းလိုက်ပါ၊ ပြီးရင် ဆင်းရဲသားဒေဝို ပေးကမ်းစွန့်ကြဲပါ။ အဲမှဘဲ နန်က နိဗ္ဗာန်ရွှေဗြို့တော်မှာ ချမ်းသာကြွယ်ဝမှုဝို ရလိမ့်မယ်။ ဒါဒေဝို လုပ်ဆွန်ဘီးရင် ငါရဲ့ တပည့်တော်အဖြစ်လိုက်ခဲ့ပါ" လို့ မိန့်တော်မူလေရယ်။ 23အဲဂါးဝို ကြားရတဲ့အခါ အဲသူက ချမ်းသာသမျှဝို မစွန့်လွှတ်နိုင်ရိ ဝမ်းနည်းသွားလေရယ်။ 24အဲလူ ဟဲမျှဝမ်းနည်းသွားတာဝို ကိုယ်တော်ဗျင်တွေ့ရတဲ့အခါ "ချမ်းသာတဲ့သူဒေအသွက် ဖရားသာသနာတော်ထဲဆီ ဝမ်ရွတ်ဝို့ အရမ်းခက်ခဲလေရယ်။ 25အပ်ထိုးပေါ့ထဲ ကုလားအုတ်ကီးတကွန် တိုးဝမ်လို့ လွယ်ကွန်းလွယ်လိမ့်မယ်။ ဖရားရှင်ရဲ့ သာသနာတော်ဆီ ချမ်းသာကြွယ်ဝသူတဦး ဝမ်ရောက်ဝို့က အရမ်းခက်ခဲရယ်" လို့မိန့်တော်မူလိုက်လေရယ်။ 26ပရိသတ်ဒေ အဲဂါးဝို ကြားရရင် "ဒီလိုဆိုရင် ဟဲသူက ကယ်တင်ခြင်း ခံရပါမယ်နူးး" လို့ မေးရွှတ်ကေလေရယ်။ 27ကိုယ်တော်က "လူဒေမတတ်နိုင်တဲ့အရာဝို ဖရားရှင်က ဟဲအရာမဆို တတ်နိုင်ပါရယ်" လို့ မိန့်တော်မူလိုက်လေရယ်။ 28ပေတရူးက " အရှင်၊ ကျွန်ုပ်လေက မိမိတို့ရဲ့ အိုးအီဝိုစွန့်ရိ အရှင့်နော့ဆီ လိုက်ခဲ့ကေတာဝို မှတ်မိဘဲလား" လို့ရွှတ်တင်လေရယ်။ 29ကိုယ်တော်က " နန်နို့က ဖရားရှင်ရဲ့ သာသနာတော်အသွက် မိမိဒေရဲ့ အီ၊ ဇနီး၊ ညီအစ်ကိုမောင်နှမ၊ မိဘ၊ သားသမီးဒေဝို စွန့်လွှတ်တဲ့သူက 30ဒီဘဝမှာဘဲ အဆပွန်းများစွာ ခံစားရမယ်သာမက အနာဂါတ် ကမ္ဘာမှာလည်း "နိစထာဝရအသတ်ဝို ရရှိကေမှာ အသေအချာဘဲ့ဖြစ်ရယ်။" လို့ မိန့်ကြားလိုက်လေရယ်။ 31ယေရုရှလင်ဆီ သွားတဲ့ခရီးမှာ ကိုယ်တော်က တပည့်တော် ဆယ့်နှယွတ်လုံးဝို အနားဝို လာစေရိ " အခု ကိုယ်တော်ဒေက ယေရုရှလင်ဝို သွားတဲ့လမ်းမှာဖြစ်နေရယ်။ ပရောဖက်ဒေ" လူ့သားတော်"အကျွန်းဝို ရေးသားခဲ့သလို အရာရာတိုင်းက ဒီအတိုင်း ဖြစ်လာမယ်။ 32သူ့ဝို တိုင်းတပါးသားလတ်ထဲဆီ အပ်ကေလိမ့်မယ်။ သူ့ဝို ပျက်ရေပြုကေမယ်။ လှောင်ပြွန်ကေမယ်။ အကြမ်းဖက်ကေမယ်။ မျက်နှာဝို တံတွေးန ထွီးမယ်။ 33သူ့ဝို ရိုက်နှက်မယ်။ သတ်ဖြတ်လိုက်ကေမယ်။ အပေမယ့်လည်း သုံးရက်မြောက်တဲ့နေ့မှာ သူအသတ်ပြန်ရှင်မယ်" လို့ မိန့််ဆိုလေရယ်။ 34တပည့်တော်ဒေက ကိုယ်တော်ရဲ့ ဂါးအဓိပ္ပါယ်ဒေဝို နားမလည်နိုင်ကေရယ်။ အဲစကားလုံးဒေရဲ့ အနက်ရှိုင်းဆုံး အဓိပ္ပါယ်ဝို နားမလည်နိုင်ကေရယ်။ 35ကိုယ်တော်န တပည့့်ဒေ ယေရိခေါဗြို့အနီးဆီ ချဉ်းကပ်လာတဲ့ လမ်းခရီးမှာ မျက်မမြင် ဒွန်းဇားတဦးက လမ်းဘေးမှာ ထိုင်ကာ တွန်းရမ်းနေလေရယ်။ 36သူက လူအုပ် လမ်းရှော့လာတဲ့ အသံဝိုကြားရတဲ့အခါ စုံစမ်းမေးမြန်းလိုက်ရယ်။ 37ပရိသတ်အချို့က နာဇရက်ဗြို့မှာ ကိုယ်တော်ယေရှု ကြွလာတာဝို့ ပြောလိုက်ရယ်။ 38အဲအခါ သူက "ဒါဝိဒ်ရဲ့သားတော် ယေရှု၊ ကျနော့ဝို သနားတော်မူပါ" လို့ အော်လိုက်ရယ်။ 39ကိုယ်တော်နအတူ သွားနေကေတဲ့ သူနို့က တိတိဆိဆိနေဝို့ သတိပေးပြောကေရယ်။ အပေမယ့် သူက " ဒါဝိဒ်ရဲ့သား ကိုယ်တော်ယေရှု ကျနော့ဝို သနားတော်မူပါ" လို့ ပိုဘီး ကျယ်ကျယ်လောင်လောင် အော်ဟစ်လေရယ်။ 40အဲကျော့ ကိုယ်တော်က ရပ်တန့်တော်မူလိုက်ဘီး အဲသူဝို ခေါ်လာဝို့ လူတချို့ဝို ပြောလိုက်ရယ်။ မျက်မမြင်ရွတ်လာတဲ့အခါ 41ကိုယ်တော်က " ကိုယ်တော် နန့်အသွက် ဟဲမျိုးလုပ်ပေးရမလဲ" လို့မေးလိုက်ရယ်။ "သခင် ကျနော် မျက်စီဗျင်လိုပါရယ်" လို့ တောင်းပန်လေရယ်။ 42ကိုယ်တော်က " ကေ့လိုက်ပါ နန်ဗျင်ရမယ်။ ဟဲကျော့လည်းဆိုတော့ နန့်ရဲ့ ယုံကြည်ချက်က နန့်ဝို ကုသပေးလိုက်တာဘဲ" လို့ပြောလိုက်ရယ်။ 43ချက်ချင်းဘဲ မျက်စိဗျင်သွားလေရယ်။ သူက ကိုယ်တော်နအတူ လိုက်သွားဘီး ဖရားရှင်ရဲ့ ကျေးဇူးတော်ဝို ချီးမွမ်းလေရယ်။ အဲအဖြစ်ပျက်ဒေဝို ဗျင်တဲ့ကလည်း ဖရားရှင်ရဲ့ ဂုဏ်တော်ဝို ချီးမွန်းကေလေရယ်။

Currently Selected:

Luke 18: ttpv-rv

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in