YouVersion Logo
Search Icon

ဗျာ​ဒိတ် 1

1
1ဤ​ကျမ်း​စောင်​တွင်​ယေ​ရှု​ခ​ရစ်​ပေး​တော်​မူ သော ဗျာ​ဒိတ်​တော်​အ​ကြောင်း​ကို​မှတ်​တမ်း တင်​ထား​၏။ ဘု​ရား​သ​ခင်​သည်​ခ​ရစ်​တော် အား​ဤ​ဗျာ​ဒိတ်​တော်​ကို​ပေး​ရ​ခြင်း​မှာ များ မ​ကြာ​မီ​ဖြစ်​ပျက်​ရ​မည့်​အ​မှု​အ​ရာ​များ ကို မိ​မိ​၏​အ​စေ​ခံ​တို့​အား​သိ​စေ​ရန်​ဖြစ် ပေ​သည်။ ခ​ရစ်​တော်​သည်​မိ​မိ​၏​အ​စေ​ခံ ယော​ဟန်​ထံ​သို့​ကောင်း​ကင်​တ​မန်​ကို​စေ လွှတ်​၍ ဤ​ဗျာ​ဒိတ်​တော်​ကို​ပြန်​ကြား​စေ တော်​မူ​၏။- 2ယော​ဟန်​သည်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ် တော်​နှင့် ယေ​ရှု​ခ​ရစ်​ဖော်​ပြ​တော်​မူ​သည့် သမ္မာ​တ​ရား​ကို မိ​မိ​တွေ့​မြင်​ကြား​သိ​ရ​သည် အ​တိုင်း​ဤ​စာ​စောင်​တွင်​ရေး​သား​ထား​ပေ သည်။- 3ဖော်​ပြ​ပါ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​မည့် အ​ချိန်​နီး​ကပ်​လျက်​ရှိ​ပြီ​ဖြစ်​ရာ ဤ​ဗျာ​ဒိတ် ကျမ်း​ကို​ဖတ်​ရှု​သူ​များ​နှင့်​အ​ဆို​ပါ​အ​နာ ဂတ်​ကျမ်း​တွင် ရေး​သား​ပါ​ရှိ​သည့်​တ​ရား စ​ကား​များ​ကို​နာ​ယူ​ကျင့်​သုံး​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏။
အ​သင်း​တော်​ခု​နစ်​ပါး​သို့​နှုတ်​ခွန်း​ဆက်​သ​ခြင်း
4ယော​ဟန်​ထံ​မှ​အာ​ရှ​နယ်​ပယ်​ရှိ​အ​သင်း​တော် ခု​နစ်​ပါး​သို့​စာ​ရေး​လိုက်​ပါ​သည်။ ပစ္စုပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ​အ​စဉ်​ရှိ​တော်​မူ​သော​ဘု​ရား သ​ခင်​၏​ထံ​တော်​မှ​လည်း​ကောင်း၊ ပလ္လင်​တော်​ရှေ့ ၌​ရှိ​သည့်​ဝိ​ညာဉ်​ခု​နစ်​ပါး​ထံ​မှ​လည်း​ကောင်း၊-#ထွ၊ ၃:၁၄။ ဗျာ၊ ၄:၅။ 5သစ္စာ​ရှိ​စွာ​သက်​သေ​ခံ​တော်​မူ​ထ​သော၊ သေ ခြင်း​မှ​ဦး​စွာ​ပ​ထ​မ​ရှင်​ပြန်​ထ​မြောက်​တော် မူ​ထ​သော၊ လော​ကီ​ဘု​ရင်​တို့​ကို​အ​စိုး​ရ တော်​မူ​ထ​သော​ယေ​ရှု​ခ​ရစ်​ထံ​တော်​မှ​လည်း ကောင်း ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​ကို သင်​တို့​ခံ​စား​ရ​ကြ​ပါ​စေ​သ​တည်း။
ငါ​တို့​ကို​ချစ်​တော်​မူ​၍​အ​သက်​တော်​ကို​စွန့် တော်​မူ​ခြင်း​အား​ဖြင့် ငါ​တို့​အား​အ​ပြစ်​၏ အ​နှောင်​အ​ဖွဲ့​မှ​လွတ်​မြောက်​စေ​တော်​မူ​ပြီး လျှင်၊-#ဟေရှာ၊ ၅၅:၄။ ဆာ၊ ၈၉:၂၇။ 6မိ​မိ​၏​ခ​မည်း​တော်​ဘု​ရား​သခင်​၏​အ​မှု​တော် ကို​ဆောင်​ရွက်​နိုင်​စေ​ရန် ငါ​တို့​အား​ရှင်​ဘု​ရင် အ​ရာ​ကို​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ ကို​လည်း​ကောင်း​ပေး​အပ်​တော်​မူ​သော​ယေ​ရှု ခ​ရစ်​သည်​ကမ္ဘာ​အ​ဆက်​ဆက်​ဘုန်း​အ​သ​ရေ၊ တန်​ခိုး​အာ​နု​ဘော်​တော်​ရှိ​တော်​မူ​ပါ​စေ သ​တည်း။ အာ​မင်။#ထွ၊ ၁၉:၆။ ဗျာ၊ ၅:၁၀။
7ကြည့်​ရှု​လော့။ ကိုယ်​တော်​သည်​မိုး​တိမ်​စီး​၍​ကြွ လာ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​အား​လှံ​ဖြင့် ထိုး​ဖောက်​ခဲ့​သူ​များ​ပါ​မ​ကျန် လူ​အ​ပေါင်း တို့​သည်​ကိုယ်​တော်​ကို​ဖူး​မြင်​ကြ​ရ​လိမ့်​မည်။ ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​ရှိ​သ​မျှ​တို့​သည်​ဝမ်း နည်း​ကြေ​ကွဲ​ကြ​လိမ့်​မည်။ ထို​အ​တိုင်း ဖြစ်​ပါ​စေ​သော။#ဒံ၊ ၇:၁၃။ မ၊ ၂၄:၃၀။ မာ၊ ၁၃:၂၆။ လု၊ ၂၁:၂၇။ ၁သက်၊ ၄:၁၇။ ဇာ၊ ၁၂:၁၀။ ယော၊ ၁၉:၃၄၊၃၇။
8ပစ္စုပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ​အ​စဉ်​ရှိ​နေ တော်​မူ​သော​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​က``ငါ​သည်​အ​စ​နှင့်​အ​ဆုံး ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။#ဗျာ၊ ၂၂:၁၃။ ထွ၊ ၃:၁၄။
ခ​ရစ်​တော်​အား​ရူ​ပါ​ရုံ​မြင်​ခြင်း
9ငါ​ကား​နိုင်​ငံ​တော်​သား​များ​ခံ​ရ​သည့်​ဆင်း ရဲ​ဒုက္ခ​ကို သင်​တို့​နှင့်​အ​တူ​သည်း​ခံ​နေ​ရ​သူ၊ သင်​တို့​၏​အစ်​ကို​ယော​ဟန်​ဖြစ်​၏။ ငါ​သည် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​နှင့်​သ​ခင် ယေ​ရှု​ဖော်​ပြ​သက်​သေ​ခံ​သည့်​သမ္မာ​တ​ရား ကို​ဟော​ပြော​ကြေ​ညာ​သည့်​အ​တွက်​ပတ်​မု ကျွန်း​သို့​အ​ပို့​ခံ​ရ​၏။- 10သ​ခင်​ဘု​ရား​နေ့​၌​ဝိ​ညာဉ်​တော်​သည် ငါ့ အ​ပေါ်​သို့​သက်​ရောက်​တော်​မူ​လျက် ငါ​သည် တံ​ပိုး​ခ​ရာ​သံ​နှင့်​တူ​သော​အ​သံ​ကြီး တစ်​ခု​ကို​ငါ့​နောက်​၌​ကြား​ရ​၏။- 11ထို​အ​သံ​က``သင်​မြင်​ရ​သည့်​အ​ရာ​ကို​စာ စောင်​တွင်​ရေး​သား​၍​ဧ​ဖက်​မြို့၊ စ​မု​ရ​န​မြို့၊ ပေ​ရ​ဂံ​မြို့၊ သွာ​တိ​ရ​မြို့၊ သာ​ဒိ​မြို့၊ ဖိ​လ ဒေ​ဖိ​မြို့၊ လော​ဒိ​ကိ​မြို့​များ​ရှိ​အ​သင်း​တော် ခု​နစ်​ပါး​သို့​ပေး​ပို့​လော့'' ဟု​ဆို​၏။
12ထို​သို့​ငါ့​အား​ပြော​နေ​သော​အ​သံ​သည်​မည် သူ​၏​အ​သံ​ဖြစ်​ပါ​သ​နည်း​ဟု လှည့်​၍​ကြည့် လိုက်​သော​အ​ခါ ငါ​သည်​မီး​ခွက်​ခု​နစ်​လုံး ကို​လည်း​ကောင်း၊- 13ထို​မီး​ခွက်​များ​အ​လယ်​၌​လူ​နှင့်​တူ​သူ​တစ် ဦး​ကို​လည်း​ကောင်း​တွေ့​ရ​၏။ ထို​သူ​သည်​ခြေ ဖျား​တိုင်​အောင်​ရောက်​သည့်​ဝတ်​လုံ​ရှည်​ကို​ခြုံ ၍​ရွှေ​ရင်​စည်း​ကို​ဝတ်​ဆင်​ထား​၏။-#ဒံ၊ ၇:၁၃၊ ၁၀:၅။ 14သူ​၏​ဆံ​ပင်​သည်​မိုး​ပွင့်​ကဲ့​သို့​လည်း​ကောင်း၊ သိုး​မွေး​ကဲ့​သို့​လည်း​ကောင်း​ဖြူ​၏။ သူ​၏​မျက် လုံး​များ​သည်​လည်း​မီး​လျှံ​ကဲ့​သို့​တောက်ပ လျက်​နေ​၏။-#ဒံ၊ ၇:၉၊ ၁၀:၆။ 15သူ​၏​ခြေ​တို့​သည်​မီး​ဖြင့်​ချွတ်​ထား​သည့် တောက်​ပ​သော​ကြေး​ဝါ​နှင့်​တူ​၏။ သူ​၏​အ​သံ မှာ​ရေ​တံ​ခွန်​ကြီး​၏​အ​သံ​နှင့်​တူ​၏။-#ယေဇ၊ ၁:၂၄၊ ၄၃:၂။ 16သူ​သည်​လက်​ယာ​လက်​ဖြင့်​ကြယ်​ခု​နစ်​လုံး ကို​ကိုင်​၍​ထား​၏။ သူ​၏​ခံ​တွင်း​မှ​ထက်​သော သန်​လျက်​ထွက်​လာ​၏။ သူ​၏​မျက်​နှာ​သည် လည်း​မွန်း​တည့်​နေ​ကဲ့​သို့​တောက်​ပ​၏။- 17ထို​အ​ရှင်​ကို​တွေ့​သော​အ​ခါ​ငါ​သည်​သူ​သေ သ​ဖွယ် ခြေ​တော်​ရင်း​၌​လဲ​ကျ​သွား​လေ​သည်။ ကိုယ်​တော်​သည်​ငါ့​အ​ပေါ်​သို့​လက်​ယာ​လက် တော်​ကို​တင်​တော်​မူ​ပြီး​လျှင်``မ​ကြောက်​နှင့် ငါ​သည်​အ​စ​နှင့်​အ​ဆုံး​ဖြစ်​၏။-#ဟေရှာ၊ ၄၄:၆၊ ၄၈:၁၂။ ဗျာ၊ ၂:၈၊ ၂၂:၁၃။ 18ငါ​သည်​အ​သက်​ရှင်​တော်​မူ​သော​သူ​ဖြစ်​၏။ ငါ သည်​သေ​ခဲ့​၏။ ယ​ခု​မှာ​မူ​ကမ္ဘာ​အ​ဆက်​ဆက် အ​သက်​ရှင်​လျက်​ရှိ​၏။ ငါ​သည်​သေ​ခြင်း​တ​ရား နှင့်​မ​ရ​ဏာ​နိုင်​ငံ​ကို​အ​စိုး​ရ​၏။- 19သင်​တွေ့​မြင်​ရ​သည့်​အ​မှု​အ​ရာ​များ​မှာ ယ​ခု မျက်​မှောက်​နှင့်​နောင်​အ​ခါ​၌​ဖြစ်​ပျက်​မည့်​အ​မှု အ​ရာ​များ​ဖြစ်​၏။ ထို​အ​ရာ​များ​အ​ကြောင်း​ကို ရေး​ထား​လော့။- 20ငါ​၏​လက်​ယာ​တော်​လက်​တွင်​သင်​မြင်​တွေ့​ရ သည့်​ကြယ်​ခု​နစ်​လုံး​နှင့် ရွှေ​မီး​ခွက်​ခု​နစ်​ခု​၏ လျှို့​ဝှက်​သည့်​အ​နက်​အ​ဋ္ဌိပ္ပါယ်​မှာ မီး​ခွက်​ခု​နစ် လုံး​သည်​အ​သင်း​တော်​ခု​နစ်​ပါး​ဖြစ်​၍ ကြယ် ခု​နစ်​လုံး​သည်​ထို​အ​သင်း​တော်​ခု​နစ်​ပါး​ကို စောင့်​သော​ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​ဖြစ် သ​တည်း'' ဟု​မိန့်​တော်​မူ​၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy