YouVersion Logo
Search Icon

၁ ကော 6

6
ခ​ရစ်​ယာန်​ညီ​အစ်​ကို​အ​ချင်း​ချင်း တ​ရား​စွဲ​ဆို​ခြင်း
1သင်​တို့​အ​ချင်း​ချင်း​အ​မှု​ဖြစ်​ပွား​လျှင် ဘု​ရား သ​ခင်​လူ​စု​တော်​၏​စီ​ရင်​ဆုံး​ဖြတ်​ခြင်း​ကို​ခံ မည့်​အ​စား အ​ဘယ်​ကြောင့်​ဘု​ရား​မ​ရှိ​သည့် တ​ရား​သူ​ကြီး​များ​ထံ​သို့​သွား​ကြ​ပါ သ​နည်း။- 2ဘု​ရား​သ​ခင်​၏​လူ​စု​တော်​သည်​ကမ္ဘာ​လော​က ကို​တ​ရား​စီ​ရင်​ရ​မည်​ဖြစ်​ကြောင်း သင်​တို့ မ​သိ​ကြ​ပါ​သ​လော။ ကမ္ဘာ​လော​က​ကို​တ​ရား စီ​ရင်​ရ​မည့်​သင်​တို့​သည် အ​မှု​ကိစ္စ​အ​သေး အ​ဖွဲ​က​လေး​များ​ကို​မ​စီ​ရင်​မ​ဆုံး​ဖြတ် နိုင်​ပါ​သ​လော။- 3ငါ​တို့​သည်​ကောင်း​ကင်​တ​မန်​များ​ကို​တ​ရား စီ​ရင်​ရ​ကြ​မည်​ဖြစ်​ကြောင်း မ​သိ​သ​လော။- 4ထို​အ​မှု​ကိစ္စ​မျိုး​ပေါ်​ပေါက်​လာ​သော​အ​ခါ အ​သင်း​တော်​နှင့်​မည်​သို့​မျှ​မ​သက်​ဆိုင်​သူ များ​အား​စီ​ရင်​ဆုံး​ဖြတ်​စေ​ကြ​ပါ​မည် လော။- 5သင်​တို့​ရှက်​ဖွယ်​ကောင်း​လှ​၏။ ခ​ရစ်​ယာန်​ညီ​အစ်​ကို အ​ချင်း​ချင်း​အ​မှု​အ​ခင်း​ဖြစ်​ပွား​ကြ​သော​အ​ခါ အ​သင်း​တော်​နှင့်​တ​ရား​စီ​ရင်​ဆုံး​ဖြတ်​နိုင်​သူ ပ​ညာ​ရှိ​တစ်​ယောက်​မျှ​မ​ရှိ​သ​လော။- 6မ​ယုံ​ကြည်​သူ​တ​ရား​သူ​ကြီး​များ​၏​ရှေ့​တွင် ညီ​အစ်​ကို​အ​ချင်း​ချင်း​တ​ရား​စွဲ​ဆို​ကြ​ပါ သည်​တ​ကား။
7ဤ​သို့​အ​ချင်း​ချင်း​တ​ရား​စွဲ​ဆို​ခြင်း​သည် သင် တို့​၏​အ​တွက်​ဆုံး​ရှုံး​မှု​ဖြစ်​စေ​၏။ တ​ရား​စွဲ​ဆို မည့်​အ​စား မ​တ​ရား​ပြု​ခြင်း​ကို​ခံ​သည်​က​ပို ၍​မ​ကောင်း​ပါ​လော။ လု​ယက်​ခြင်း​ခံ​ရ​သည် က​ပို​၍​မ​ကောင်း​ပါ​လော။- 8သင်​တို့​သည်​ဤ​သို့​ခံ​မည့်​အ​စား​ညီ​အစ်​ကို ရင်း​အ​ချင်း​ချင်း​ကို​ပင်​လျှင် မ​တော်​မ​တ​ရား ပြု​ကြ​၏။ လု​ယက်​ကြ​၏။- 9ဆိုး​ညစ်​သော​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​သား​ဖြစ်​ကြ​ရ​လိမ့်​မည်​မ​ဟုတ် ကြောင်း သင်​တို့​မ​သိ​ကြ​သ​လော။ လွဲ​မှား​၍ မ​ထင်​ကြ​နှင့်။ ကာ​မ​ဂုဏ်​လိုက်​စား​သူ​များ၊ ရုပ်​တု​ကို​ကိုး​ကွယ်​သူ​များ၊ သူ့​သား​အိမ်​ရာ ကို​ပြစ်​မှား​သူ​များ၊ ယောကျာ်း​အ​ချင်း​ချင်း မှား​ယွင်း​သူ​များ၊- 10သူ​ခိုး​များ၊ လော​ဘ​လွန်​ကူး​သူ​များ၊ သေ သောက်​ကြူး​သူ​များ၊ ဆဲ​ရေး​တိုင်း​ထွာ​သူ​များ နှင့်​လု​ယက်​တိုက်​ခိုက်​သူ​များ​သည် ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​သား​ဖြစ်​ကြ​ရ​လိမ့်​မည် မ​ဟုတ်။- 11ယ​ခင်​က​သင်​တို့​တွင်​အ​ချို့​သော​သူ​တို့​သည် ထို​သို့​ဆိုး​ယုတ်​သူ​များ​ဖြစ်​ခဲ့​သော်​လည်း အ​ပြစ်​မှ​ဆေး​ကြော​သုတ်​သင်​ခြင်း​ကို​ခံ ကြ​ရ​ပြီ။ ဘု​ရား​သ​ခင်​အား​ဆက်​ကပ်​သူ များ​ဖြစ်​ကြ​ပြီ။ အ​ရှင်​ယေ​ရှု​ခ​ရစ်​အား ဖြင့်​လည်း​ကောင်း၊ ငါ​တို့​ဘု​ရား​သ​ခင်​၏ ဝိ​ညာဉ်​တော်​အား​ဖြင့်​လည်း​ကောင်း သင်​တို့ သည်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ် ခွင့်​ကို​ရ​ရှိ​ကြ​ပြီ။
သင်​တို့​ကိုယ်​ခန္ဓာ​ကို​ဘု​ရား​သ​ခင် ဘုန်း​အ​သ​ရေ​တော်​အ​တွက်​အ​သုံး​ပြု​ကြ​လော့
12သင်​တို့​က``ငါ​တို့​သည်​အ​ဘယ်​အ​မှု​ကို​မ​ဆို ပြု​နိုင်​ခွင့်​ရှိ​၏'' ဟု​ဆို​ကြ​လိမ့်​မည်။ သင်​တို့ ဆို​သည်​အ​တိုင်း​မှန်​ပေ​၏။ သို့​သော်​အ​ရာ ခပ်​သိမ်း​သည် သင်​တို့​အ​ဖို့​အ​ကျိုး​မ​ရှိ​နိုင်။ ငါ​သည်​အ​ဘယ်​အ​မှု​ကို​မ​ဆို​ပြု​ပိုင်​ခွင့် ရှိ​သည်​ဟု​ဆို​နိုင်​သော်​လည်း အ​ဘယ်​အ​မှု က​မျှ​ငါ့​အား​၎င်း​၏​ကျွန်​ဖြစ်​စေ​ရန်​ငါ အ​ခွင့်​ပေး​လိမ့်​မည်​မ​ဟုတ်။-#၁ကော၊ ၁၀:၂၃။ 13``အ​စား​အ​စာ​သည်​ဝမ်း​အ​တွက်​ဖြစ်​၏။ ဝမ်း သည်​လည်း​အ​စား​အ​စာ​အ​တွက်​ဖြစ်​၏'' ဟု သင်​တို့​ဆို​လိမ့်​မည်။ ဤ​စ​ကား​သည်​မှန်​ပေ​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ထို​အ​ရာ​နှစ်​ခု လုံး​ကို​ဖျက်​ဆီး​ပစ်​တော်​မူ​လိမ့်​မည်။ ကိုယ်​ခန္ဓာ သည်​ကာ​မ​ဂုဏ်​လိုက်​စား​ရန်​အ​တွက်​မ​ဟုတ်။ သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​ရန် အ​တွက်​ဖြစ်​၏။ ဘု​ရား​သ​ခင်​သည်​လည်း​ကိုယ် ခန္ဓာ​လို​အပ်​သည်​များ​ကို​ချ​ပေး​တော်​မူ​၏။- 14ထာ​ဝ​ရ​ဘု​ရား​သည်​သ​ခင်​ဘု​ရား​ကို ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​၏။ ငါ​တို့​ကို လည်း​တန်​ခိုး​တော်​အား​ဖြင့်​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​လိမ့်​မည်။
15သင်​တို့​ကိုယ်​ခန္ဓာ​များ​သည် ခ​ရစ်​တော်​၏​ကိုယ် အင်္ဂါ​များ​ဖြစ်​သည်​ကို​မ​သိ​ကြ​သ​လော။ ငါ သည်​ခ​ရစ်​တော်​၏​ကိုယ်​အင်္ဂါ​ကို​ယူ​၍ ပြည့်​တန် ဆာ​မ​၏​ကိုယ်​အင်္ဂါ​ဖြစ်​စေ​ရ​မည်​လော။ မ​ဖြစ် စေ​နိုင်။- 16ပြည့်​တန်​ဆာ​မ​နှင့်​ဆက်​ဆံ​သော​သူ​သည် ပြည့် တန်​ဆာ​မ​နှင့်​တစ်​သား​တည်း​တစ်​ကိုယ်​တည်း ဖြစ်​သည်​ကို​သင်​တို့​မ​သိ​ကြ​သ​လော။ ကျမ်း စာ​တော်​က ``ထို​သူ​နှစ်​ယောက်​တို့​သည်​တစ် သား​တစ်​ကိုယ်​တည်း​ဖြစ်​ကြ​လိမ့်​မည်'' ဟု ဆို​ပေ​သည်။-#က၊ ၂:၂၄။ 17သို့​ရာ​တွင်​သ​ခင်​ဘု​ရား​နှင့်​ဆက်​ဆံ​သူ​သည် ဝိ​ညာဉ်​သ​ဘော​အား​ဖြင့်​ကိုယ်​တော်​နှင့်​တစ် သား​တစ်​ကိုယ်​တည်း​ဖြစ်​သ​တည်း။
18ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း​ကို​ရှောင်​ကြ​လော့။ အ​ခြား​အ​ပြစ်​မှန်​သ​မျှ​သည်​လူ​၏​ကိုယ် ခန္ဓာ​အ​ကျိုး​ကို​မ​ထိ​မ​ခိုက်​စေ​နိုင်။ ကာ​မ​ဂုဏ် လိုက်​စား​ခြင်း​အ​ပြစ်​ကို​ကူး​လွန်​သူ​သည် ကား​မိ​မိ​၏​ကိုယ်​ခန္ဓာ​ကို​ပြစ်​မှား​၏။- 19သင်​တို့​ကိုယ်​ခန္ဓာ​သည်​ဘု​ရား​သ​ခင်​သင်​တို့ အ​တွင်း​၌​ကိန်း​အောင်း​တော်​မူ​သော၊ ဘု​ရား သ​ခင်​ပေး​သ​နား​တော်​မူ​၍ ဝိ​ညာဉ်​တော်​၏ ဗိ​မာန်​တော်​ဖြစ်​ကြောင်း​ကို​သင်​တို့​မ​သိ​ကြ သ​လော။ သင်​တို့​ကိုယ်​ကို​သင်​တို့​မ​ပိုင်။ ဘု​ရား သ​ခင်​သာ​လျှင်​ပိုင်​တော်​မူ​၏။-#၁ကော၊ ၃:၁၆။ ၂ကော၊ ၆:၁၆။ 20ကိုယ်​တော်​သည်​သင်​တို့​အား​အ​ဖိုး​အ​ခ​ပေး ၍​ဝယ်​ယူ​ထား​တော်​မူ​သ​ဖြင့် သင်​တို့​၏​ကိုယ် ခန္ဓာ​ကို​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော် ထွန်း​တောက်​စေ​ရန်​အ​တွက်​အ​သုံး​ပြု​ကြ လော့။

Currently Selected:

၁ ကော 6: BCL

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy