YouVersion Logo
Search Icon

သီချင်း 1

1
သီ​ချင်း​တ​ကာ​တို့​တွင် အ​ထွဋ်​ဖြစ်​သော ရှော​လ​မုန်​သီ​ချင်း
1သီ​ချင်း​တ​ကာ​တို့​တွင် အထွတ်​ဖြစ်​သော ရှော​လ​မုန်​သီ​ချင်း။
သ​တို့​သ​မီး​နှင့်​မိတ်​ဆွေ​များ
2သ​ခင်​နှုတ်​ဆက်​သော နမ်း​ခြင်း​ဖြင့် ကျွန်​မ​ကို​နမ်း​ပါ​စေ။ ကိုယ်​တော်၏​မေ​တ္တာ​သည် စ​ပျစ်​ရည်​ထက် သာ၍​ကောင်း​ပါ၏။ 3ကိုယ်​တော်၌ မွှေး​ကြိုင်​သော နံ့​သာ​ဆီ​ကဲ့​သို့၊ နာ​မ​တော်​သည် သွန်း​လောင်း​သော နံ့​သာ​ဆီ​ဖြစ်​ပါ၏။ ထို​ကြောင့် သ​တို့​သ​မီး​က​ညာ​တို့​သည် ကိုယ်​တော်​ကို ချစ်​ကြ​ပါ၏။ 4ကျွန်​မ​ကို သွေး​ဆောင်​တော်​မူ​ပါ။ ကျွန်​မ​တို့​သည် နောက်​တော်​သို့ ပြေး၍​လိုက်​ကြ​ပါ​မည်။ အ​ရှင်​မင်း​ကြီး​သည် အိမ်​တော်​အ​တွင်း​ခန်း​ထဲ​သို့ ကျွန်​မ​ကို ဆောင်​ခဲ့​တော်​မူ​ပြီ။ ကျွန်​မ​တို့​သည် ကိုယ်​တော်​ကြောင့် ဝမ်း​မြောက်​ရွှင်​လန်း​ကြ​မည်။ မေ​တ္တာ​တော်​ကို စ​ပျစ်​ရည်​ထက် သာ၍​ချီး​မွမ်း​ကြ​မည်။ သ​တို့​သ​မီး​က​ညာ​တို့​သည် ကိုယ်​တော်​ကို မှန်​ကန်​စွာ ချစ်​ကြ​ပါ၏။
5အို​ယေ​ရု​ရှ​လင်​မြို့​သ​မီး​တို့၊ ငါ​သည် ကေ​ဒ​တဲ​ကဲ့​သို့ မည်း​သော​အ​ဆင်း​ရှိ​သော်​လည်း၊ ရှော​လ​မုန်​မင်း၏​ကု​လား​ကာ​ကဲ့​သို့ တင့်​တယ်​သေး၏။ 6ငါ​သည် နေ​ပူ​ကို​ခံ၍ မည်း​သော​အ​ဆင်း​ရှိ​သော​ကြောင့်၊ ငါ့​ကို မ​ကြည့်​ရှု​ကြ​ပါ​နှင့်။ ငါ့​မိ​ခင်၏​သား​သ​မီး​တို့​သည် ငါ့​ကို မ​နာ​လို​သော​စိတ်​ရှိ၍၊ စ​ပျစ်​ဥ​ယျာဉ်​တို့​ကို စောင့်​စေ​ကြ၏။ ကိုယ်​ဥ​ယျာဉ်​ကို မ​စောင့်​ရ​ပါ။
7ကျွန်​မ နှစ်​သက်​နှစ်​လို​ရာ​အ​ရှင်၊ ကိုယ်​တော်​သည် သိုး​များ​ကို အ​ဘယ်​မှာ ထိန်း​တော်​မူ​သည်​ကို​လည်း​ကောင်း၊ မွန်း​တည့်​ချိန်၌ အ​ဘယ်​မှာ အ​ရိပ်​ခို​စေ​တော်​မူ​သည်​ကို​လည်း​ကောင်း ပြ​တော်​မူ​ပါ။ ကျွန်​မ​သည် အ​ခြား​တစ်​ပါး​သော သိုး​ထိန်း​နောက်​သို့ အ​ဘယ်​ကြောင့် လမ်း​လွဲ၍​လိုက်​ရ​ပါ​အံ့​နည်း။
8မိန်း​မ​တ​ကာ​တို့​ထက် အ​ဆင်း​လှ​သော​အစ်​မ၊ သင်​သည်​မ​သိ​လျှင်၊ သိုး​များ​ခြေ​ရာ​သို့ လိုက်​သွား၍၊ သိုး​ထိန်း​တဲ​များ​အ​နား​မှာ သင်၏​သိုး​သ​ငယ်​တို့​ကို ကျွေး​မွေး​ပါ​လော့။
သ​တို့​သား​နှင့်​သ​တို့​သ​မီး
9ငါ​ချစ်​သော​နှ​မ၊ သင့်​ကို ဖာ​ရော​မင်း​ရ​ထား၌ က​သော​မြင်း​နှင့် ငါ​ပုံ​ပြ​မည်။ 10သင်၏​ပါး​သွယ်၌ မုတ်​ပု​တီး တန်​ဆာ​ဆင်​လျက်၊ လည်​ပင်း၌ ပု​လဲ​အ​သွယ်​သွယ်​ဆွဲ​လျက်၊ သင်​သည် တင့်​တယ်​လှ၏။ 11ငွေ​နှင့် အ​ပြောက်​ချယ်​သော ရွှေ​ပု​တီး​အ​သွယ်​သွယ်​ကို​လည်း လုပ်၍​ပေး​ဦး​မည်။
12အ​ရှင်​မင်း​ကြီး​သည် စား​ပွဲ​တော်​နား​မှာ​ထိုင်​နေ​စဉ်၊ ငါ​ထုံ​သော နာ​ဒု​ဆီ​မွှေး​အ​နံ့​သည် တ​ပျံ့​ပျံ့​တ​လှိုင်​လှိုင် ဖြစ်​လေ၏။ 13ငါ​ချစ်​ရာ​သ​ခင်​သည် ငါ၌ မု​ရန်​နံ့​သာ​ပုံ​ဖြစ်၍၊ ငါ့​ရင်​အုံ​ကြား​မှာ တစ်​ည​လုံး အိပ်​ရ​မည်။ 14ငါ​ချစ်​ရာ​သ​ခင်​သည် အင်္ဂေ​ဒိ​ဥ​ယျာဉ်​မှ ဖြစ်​သော ဟင်္နာ​ခက်​ရွက်​စည်း​ကဲ့​သို့ ဖြစ်​ပါ၏။
15ငါ​ချစ်​သော​နှ​မ၊ သင်​သည် အ​ဆင်း​လှ​ပေ၏။ အ​လွန်​လှ​ပေ၏။ ချိုး​မျက်​စိ​နှင့် ပြည့်​စုံ၏။
16ငါ​ချစ်​ရာ​သ​ခင်​သည် အ​ဆင်း​လှ၍၊ ချစ်​ဖွယ်​သော လ​က္ခ​ဏာ​နှင့် ပြည့်​စုံ​တော်​မူ၏။ ငါ​တို့​အိပ်​ရာ​ခင်း​သည် စိမ်း​သော​အ​ဆင်း​ရှိ၏။ 17ငါ​တို့​ဗိ​မာန်​တိုင်​တို့​သည် အာ​ရဇ်​ပင်၊ အ​မိုး​သည် ထင်း​ရှူး​ပင်​ဖြင့် ပြီး​သ​တည်း။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy