YouVersion Logo
Search Icon

ဟေဗြဲ 4

4
ယဇ်​ပု
1ထို​ကြောင့်၊ ဘု​ရား​သ​ခင်၏ ချမ်း​သာ​ထဲ​သို့ ဝင်​ရ​သော​အ​ခွင့်​ကို ပေး​သော က​တိ​တော်​သည် ငါ​တို့၌​ရှိ​ရစ်​လျက်​နှင့်၊ သင်​တို့​တွင် အ​ချို့​တို့​သည် မ​မီ​ဘဲ​နေ​မည်​ကို စိုး​ရိမ်​ကြ​ကုန်​အံ့။- 2ငါ​တို့​သည် ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ထို​သူ​တို့​ကဲ့​သို့ ကြား​ရ​ကြ​ပြီ။ သို့​ရာ​တွင် သူ​တို့​ကြား​ရ​သော တ​ရား​စ​ကား​သည်၊ ကြား​ရ​သော​သူ​တို့​အ​ထဲ၌ ယုံ​ကြည်​ခြင်း​နှင့် မ​ရော​နှော​သော​ကြောင့် အ​ကျိုး​ကို​မ​ပေး။- 3ငါ​တို့​မူ​ကား၊ ယုံ​ကြည်​သော​သူ​ဖြစ်၍ ဘု​ရား​သ​ခင်၏ ချမ်း​သာ​ထဲ​သို့ ဝင်​ရ​ကြ​၏။ ထို​သို့​နှင့်​အ​ညီ ဗျာ​ဒိတ်​တော်​ကား၊ သူ​တို့​သည် ငါ၏​ချမ်း​သာ​ထဲ​သို့ မ​ဝင်​ရ​ကြ​ဟု အ​မျက်​ထွက်၍ ငါ​ကျိန်​ဆို​သည်​ဟု လာ၏။ ချမ်း​သာ​ဟု​ဆို​သော်၊ က​မ္ဘာ​ဦး​က​ပင် အ​မှု​အ​ရာ​တို့​ကို ပြီး​စီး၍ ငြိမ်​ဝပ်​တော်​မူ​ရာ ချမ်း​သာ​ဟု ဆို​လို​သ​တည်း။-#ဆာ၊ ၉၅း၁၁။ 4ခု​နစ်​ရက်​မြောက်​သော​နေ့​ကို အ​ကြောင်း​ပြု၍ ကျမ်း​စာ​တစ်​ချက်၌ လာ​သည်​ကား၊ ဘု​ရား​သ​ခင်​သည် မိ​မိ​အ​မှု​အ​ရာ​အ​လုံး စုံ​တို့​ကို ပြီး​စီး၍ ခု​နစ်​ရက်​မြောက်​သော​နေ့၌ ငြိမ်​ဝပ်​စွာ​နေ​တော်​မူ၏​ဟု လာ​သ​တည်း။-#က၊ ၂း၂။ 5ထို​ကျမ်း​စာ၌ တစ်​ဖန် လာ​သည်​ကား၊ သူ​တို့​သည် ငါ၏​ချမ်း​သာ​ထဲ​သို့ မ​ဝင်​ရ​ကြ​ဟု​လာ​သ​တည်း။- 6ထို​ကြောင့်၊ အ​ချို့​တို့​သည် ဝင်​ရ​ကြ၏။ ဝမ်း​မြောက်​စ​ရာ သ​တင်း​ကို ရှေ့​ဦး​စွာ ကြား​ရ​သော သူ​တို့​သည် မ​ယုံ​ကြည်​သော​ကြောင့် မ​ဝင်​ရ​ကြ​ပြီ။
7တစ်​ဖန်​တုံ၊ ယ​နေ့​တွင် သင်​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို ကြား​လျက်​ရှိ​သည်​ဖြစ်၍ ခိုင်​မာ​သော စိတ်​နှ​လုံး​မ​ရှိ​ကြ​နှင့်​ဟု ဆို​သည်​ဖြစ်၍၊ ဤ​မျှ​လောက် ကာ​လ​ကြာ​ပြီး​မှ၊ ယ​နေ့​ဟု ဒါ​ဝိဒ်​ကျမ်း​စာ၌ လာ​သော​အ​ခါ၊ တစ်​စုံ​တစ်​ခု​သော နေ့​ရက်​ကို သေ​ချာ​စွာ​မှတ်​သား​သ​တည်း။- 8ယော​ရှု​သည် ထို​သူ​တို့​ကို ချမ်း​သာ​ပေး​သည် မှန်​လျှင်၊ ထို​နောက် အ​ခြား​သော​နေ့​ရက်​ကို အ​ဘယ်​ဆို​ဖွယ်​ရှိ​သ​နည်း။- 9ထို​ကြောင့်၊ ဘု​ရား​သ​ခင်၏​လူ​တို့​အ​ဖို့ အ​လို​ငှာ ငြိမ်​ဝပ်​ခြင်း ချမ်း​သာ​တစ်​မျိုး​သည် ကျန်​ရစ်​သေး၏။- 10ဘု​ရား​သ​ခင်​သည် မိ​မိ​အ​မှု​အ​ရာ​တို့​ကို ပြီး​စီး၍ ငြိမ်​ဝပ်​စွာ နေ​တော်​မူ​သည်​နည်း​တူ၊ ထို​ချမ်း​သာ​ထဲ​သို့ ဝင်​ရ​သော​သူ​သည်​လည်း မိ​မိ​အ​မှု​အ​ရာ​တို့​ကို ပြီး​စီး၍ ငြိမ်​ဝပ်​စွာ​နေ​ရ၏။
11ထို​ကြောင့်၊ ဣ​သ​ရေ​လ​လူ​တို့​သည် မ​ယုံ​ကြည်​သော စိတ်​ရှိ​သ​ဖြင့် လဲ​သ​ကဲ့​သို့ ငါ​တို့​သည်​မ​လဲ၊ ထို​ချမ်း​သာ​ထဲ​သို့ ဝင်​ရ​မည်​အ​ကြောင်း ကြိုး​စား​အား​ထုတ်​ကြ​ကုန်​အံ့။- 12ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​သည် အ​သက်​ရှင်​ခြင်း၊ တန်​ခိုး​နှင့် ပြု​ပြင်​ခြင်း၊ သန်​လျက်​တ​ကာ​တို့​ထက် ထက်​ခြင်း​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊ အ​သက်​နှင့် စိတ်​ဝိ​ညာဉ်​ကို​လည်း​ကောင်း၊ အ​ရိုး​ဆစ်​နှင့် ခြင်​ဆီ​ကို​လည်း​ကောင်း ပိုင်း​ခြား၍ ထုတ်​ချင်း​ခွင်း​တတ်၏။ စိတ်​နှ​လုံး​အ​ကြံ​အ​စည်​များ​ကို​လည်း သိ​မြင်​တတ်၏။- 13ငါ​တို့​ကို စစ်​ကြော​စီ​ရင်​တော်​မူ​သော​သူ​ရှေ့၌ မ​ထင်​ရှား​သော အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ၊ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် အ​ကွယ်​အ​ကာ မ​ရှိ​ဘဲ၊ မျက်​မှောက်​တော်၌ လှန်​ထား​လျက် ရှိ​ကြ၏။
ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ကြီး​ယေ​ရှု
14ယ​ခု​မူ​ကား၊ ကောင်း​ကင်​ဘုံ​ထဲ​သို့ ကြွ​ဝင်​တော်​မူ​သော ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ကြီး​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏ သား​တော်​ယေ​ရှု​သည် ငါ​တို့၌ ယဇ်​ပု​ရော​ဟိတ်​မင်း ဖြစ်​တော်​မူ​သော​ကြောင့်၊ ငါ​တို့​သည် ဝန်​ခံ​ခဲ့​ပြီး​သော​အ​ရာ၌ တည်​ကြည်​ကြ​ကုန်​အံ့၊- 15ငါ​တို့​ယဇ်​ပု​ရော​ဟိတ်​မင်း​သည် ငါ​တို့​ခံ​ရ​သော ဆင်း​ရဲ​ဒု​က္ခ​များ​ကြောင့် မ​ကြင်​နာ​နိုင်​သော​သူ​မ​ဟုတ်။ ငါ​တို့​ခံ​ရ​သည်​နည်း​တူ၊ အ​မျိုး​မျိုး​သော စုံ​စမ်း​နှောင့်​ယှက်​ခြင်း​တို့​ကို ခံ​ဖူး​သော​သူ​ဖြစ်​တော်​မူ၏။ သို့​ရာ​တွင်၊ ဒု​စ​ရိုက်​အ​ပြစ်​နှင့် ကင်း​လွတ်​တော်​မူ၏။- 16ထို​ကြောင့်၊ ငါ​တို့​သည် သ​နား​ခြင်း က​ရု​ဏာ​ကို​လည်း​ကောင်း၊ တော်​လျော်​သော​မ​စ​ခြင်း ကျေး​ဇူး​တော်​ကို​လည်း​ကောင်း ခံ​ရ​မည်​အ​ကြောင်း၊ ရဲ​ရင့်​သော​စိတ်​နှင့် ကျေး​ဇူး​ပ​လ္လင်​တော်​သို့ တိုး​ဝင် ချည်း​ကပ်​ကြ​ကုန်​အံ့။

Currently Selected:

ဟေဗြဲ 4: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy