YouVersion 標誌
聖經計劃影片
現在就下載
語言選擇器
搜尋圖標

熱門經文出自 ရှင်ယောဟန် 6

1

ရှင်ယောဟန် 6:35

မြန်မာ

JBMLE

ယေ​ရှု​က​လည်း၊ ငါ​သည် အ​သက်​မုန့်​ဖြစ်၏။ ငါ့​ထံ​သို့​လာ​သော​သူ​သည် နောက်​တစ်​ဖန် အ​ဆာ​အ​မွတ်​မ​ခံ​ရ။ ငါ့​ကို ယုံ​ကြည်​သော​သူ​သည် နောက်​တစ်​ဖန် ရေ​ငတ်​မ​ခံ​ရ။

對照

ရှင်ယောဟန် 6:35 探索

2

ရှင်ယောဟန် 6:63

မြန်မာ

JBMLE

ဝိ​ညာဉ်​သာ​လျှင် အ​သက်​ရှင်​စေ၏။ ကိုယ်​ကာ​ယ​သည် အ​လျှင်း​မ​တတ်​နိုင်။ ငါ​ပြော​သော​စ​ကား​သည် ဝိ​ညာဉ်​ဖြစ်၏။ အ​သက်​လည်း​ဖြစ်၏။

對照

ရှင်ယောဟန် 6:63 探索

3

ရှင်ယောဟန် 6:27

မြန်မာ

JBMLE

မုန့်​ကို​စား၍ ဝ​သော​ကြောင့်​သာ ရှာ​ကြ၏။ ပျက်​စီး​တတ်​သော​အ​စာ​ကို ရ​ခြင်း​ငှာ မ​ကြိုး​စား​ကြ​နှင့်။ လူ​သား​သည် သင်​တို့​အား​ပေး၍ ထာ​ဝ​ရ​အ​သက်​နှင့်​အ​မျှ တည်​တတ်​သော​အ​စာ​ကို ရ​ခြင်း​ငှာ ကြိုး​စား​ကြ​လော့။ ထို​သား​သည် ခ​မည်း​တော်​ဘု​ရား၏​တံ​ဆိပ်​ခတ်​ခြင်း​ကို ခံ​သော​သူ​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။

對照

ရှင်ယောဟန် 6:27 探索

4

ရှင်ယောဟန် 6:40

မြန်မာ

JBMLE

သား​တော်​ကို ကြည့်​မြင်၍ ယုံ​ကြည်​သော​သူ​ရှိ​သ​မျှ​တို့​သည် ထာ​ဝ​ရ​အ​သက်​ကို ရ​စေ​ခြင်း​ငှာ​လည်း​ကောင်း အ​လို​တော်​ရှိ၏။ ငါ​သည်​လည်း နောက်​ဆုံး​သော​နေ့၌ ထို​သူ​တို့​ကို ထ​မြောက်​စေ​မည်​ဟု မိန့်​တော်​မူ၏။

對照

ရှင်ယောဟန် 6:40 探索

5

ရှင်ယောဟန် 6:29

မြန်မာ

JBMLE

ယေ​ရှု​က​လည်း၊ ဘု​ရား​သ​ခင် စေ​လွှတ်​တော်​မူ​သော​သူ​ကို ယုံ​ကြည်​ခြင်း​အ​ကျင့်​ကား၊ အ​လို​တော်​နှင့် ညီ​သော​အ​ကျင့်​တည်း​ဟု မိန့်​တော်​မူ၏။

對照

ရှင်ယောဟန် 6:29 探索

6

ရှင်ယောဟန် 6:37

မြန်မာ

JBMLE

ခ​မည်း​တော်​သည် ငါ့​အား ပေး​တော်​မူ​သ​မျှ​သော​သူ​တို့​သည် ငါ​ထံ​သို့​လာ​ကြ​လိမ့်​မည်။ ငါ့​ထံ​သို့ လာ​သော​သူ​ကို ငါ​သည်​အ​လျှင်း​မ​ပယ်။

對照

ရှင်ယောဟန် 6:37 探索

7

ရှင်ယောဟန် 6:68

မြန်မာ

JBMLE

ရှိ​မုန်​ပေ​တ​ရု​က၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သူ​ထံ​သို့ သွား​ရ​မည်​နည်း။ ထာ​ဝ​ရ​အ​သက်​နှင့် ယှဉ်​သော​စ​ကား​သည် ကိုယ်​တော်၌ တည်​ပါ၏။

對照

ရှင်ယောဟန် 6:68 探索

8

ရှင်ယောဟန် 6:51

မြန်မာ

JBMLE

ငါ​သည် ကောင်း​ကင်​မှ​ဆင်း​သက်​သော အ​သက်​မုန့်​ဖြစ်၏။ ဤ​မုန့်​ကို စား​သော​သူ​မည်​သည်​ကား၊ အ​စဉ်​မ​ပြတ် အ​သက်​ရှင်​လိမ့်​မည်။ ငါ​ပေး​သော​မုန့်​ကား၊ လော​ကီ​သား​တို့၏ အ​သက်​အ​ဖို့​အ​လို​ငှာ စွန့်​သော ငါ၏​အ​သား​ပေ​တည်း​ဟု မိန့်​တော်​မူ၏။

對照

ရှင်ယောဟန် 6:51 探索

9

ရှင်ယောဟန် 6:44

မြန်မာ

JBMLE

ငါ့​ကို စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်​သည် သွေး​ဆောင်​တော်​မ​မူ​လျှင်၊ အ​ဘယ်​သူ​မျှ ငါ့​ထံ​သို့ မ​လာ​နိုင်။ လာ​သော​သူ​ကို နောက်​ဆုံး​သော​နေ့၌ ငါ​ထ​မြောက်​စေ​မည်။

對照

ရှင်ယောဟန် 6:44 探索

10

ရှင်ယောဟန် 6:33

မြန်မာ

JBMLE

ဘု​ရား​သ​ခင်၏​မုန့်​မူ​ကား၊ ကောင်း​ကင်​မှ​ဆင်း​သက်၍ လော​ကီ​သား​တို့​အား အ​သက်​ကို​ပေး​သော​မုန့်​ပေ​တည်း​ဟု မိန့်​တော်​မူ​လျှင်၊

對照

ရှင်ယောဟန် 6:33 探索

11

ရှင်ယောဟန် 6:48

မြန်မာ

JBMLE

ငါ​သည် အ​သက်​မုန့်​ဖြစ်၏။

對照

ရှင်ယောဟန် 6:48 探索

12

ရှင်ယောဟန် 6:11-12

မြန်မာ

JBMLE

ယေ​ရှု​သည်​မုန့်​ကို​ယူ၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​မှ တ​ပည့်​တော်​တို့​အား ဝေ​ငှ​တော်​မူ၍၊ တ​ပည့်​တော်​တို့​သည် လျောင်း​သော​သူ​တို့​အား ဝေ​ငှ​ပြန်၏။ ထို​နည်း​တူ ငါး​နှစ်​ကောင်​ကို လူ​များ​လို​ချင်​သ​မျှ ဝေ​ငှ​ကြ၏။- ထို​သူ​တို့​သည်​ဝ​ကြ​ပြီး​မှ ကိုယ်​တော်​က၊ ဘာ​မျှ မ​ပျောက်​စေ​ခြင်း​ငှာ ကြွင်း​ကျန်​သော​အ​ကျိုး​အ​ပဲ့​တို့​ကို ကောက်​သိမ်း​ကြ​လော့​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​သည်​ဖြစ်၍၊

對照

ရှင်ယောဟန် 6:11-12 探索

13

ရှင်ယောဟန် 6:19-20

မြန်မာ

JBMLE

ခ​ရီး​တစ်​တိုင်​ခွဲ​နှစ်​တိုင်​လောက် တက်​ခတ်၍ ရောက်​သော​အ​ခါ၊ ယေ​ရှု​သည် အိုင်​ပေါ်​မှာ စက်​တော်​ဖြန့်​၍ လှေ​အ​နီး​သို့​ချဉ်း​တော်​မူ​သည်​ကို သူ​တို့​သည်​မြင်၍ ကြောက်​လန့်​ခြင်း​ရှိ​ကြ၏။- ကိုယ်​တော်​က​လည်း၊ ငါ​ပင်​ဖြစ်​သည်၊ မ​ကြောက်​လန့်​ကြ​နှင့်​ဟု မိန့်​တော်​မူ​လျှင်၊ လှေ​ထဲ​သို့ ကိုယ်​တော်​ကို ဝမ်း​မြောက်​စွာ​ခံ​ယူ​ကြ၏။

對照

ရှင်ယောဟန် 6:19-20 探索

上一章
下一章
YouVersion

每天鼓勵和挑戰你尋求與上帝的親密關係。

事工

關於

事業

義工

網誌

新聞

有用的連結

幫助

捐贈

聖經譯本

有聲聖經

聖經譯本語言

今日經文


此數字事工屬予

Life.Church
English (US)

©2025 Life.Church / YouVersion

私隱政策使用條款
漏洞披露計劃
FacebookTwitterInstagramYouTubePinterest

主頁

聖經

計劃

影片