YouVersion 標誌
聖經計劃影片
現在就下載
語言選擇器
搜尋圖標

熱門經文出自 ရှင်လုကာခရစ်ဝင် 21

1

ရှင်လုကာခရစ်ဝင် 21:36

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

MSBU

ထို့ကြောင့် သင်​တို့​သည် ဖြစ်ပျက်​တော့မည့် ဤ​အမှု​ခပ်သိမ်း​တို့​မှ လွတ်မြောက်​၍ လူ့သား​၏​ရှေ့​တော်​၌ မတ်တတ်ရပ်​နိုင်​ရန် အချိန်​ရှိသရွေ့ နိုးနိုးကြားကြား​ရှိ​လျက် ဆုတောင်း​ကြ​လော့”​ဟု မိန့်​တော်မူ​၏။

對照

ရှင်လုကာခရစ်ဝင် 21:36 探索

2

ရှင်လုကာခရစ်ဝင် 21:34

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

MSBU

သင်​တို့​သည် ကိုယ့်ကိုယ်ကိုယ်​သတိထား​ကြ​လော့။ သို့မဟုတ်လျှင် အပျော်ကြူး​ခြင်း၊ သောက်စား​မူးယစ်​ခြင်း​နှင့် အသက်ရှင်​ရေး​အတွက် စိုးရိမ်​ပူပန်​ခြင်း​တို့​ကြောင့် သင်​တို့​စိတ်နှလုံး​လေးလံ​ထိုင်းမှိုင်း​နေ​ကြ​စဉ် ထို​နေ့ရက်​သည် ကျော့ကွင်း​ကဲ့သို့ သင်​တို့​အပေါ်သို့ ရုတ်တရက်​ကျရောက်​လာ​လိမ့်မည်။

對照

ရှင်လုကာခရစ်ဝင် 21:34 探索

3

ရှင်လုကာခရစ်ဝင် 21:19

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

MSBU

သင်​တို့​သည် သည်းခံ​သော​အားဖြင့် သင်​တို့​အသက်​ကို​ရရှိ​ကြ​လိမ့်မည်။

對照

ရှင်လုကာခရစ်ဝင် 21:19 探索

4

ရှင်လုကာခရစ်ဝင် 21:15

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

MSBU

အကြောင်းမူကား သင်​တို့​ကို ဆန့်ကျင်​သော​သူ​တစ်စုံတစ်ဦး​မျှ မ​ငြင်းခုံ​မ​ဟန့်တား​နိုင်​သော နှုတ်​အစွမ်း​နှင့်​ဉာဏ်ပညာ​တို့​ကို သင်​တို့​အား ငါ​ပေး​မည်။

對照

ရှင်လုကာခရစ်ဝင် 21:15 探索

5

ရှင်လုကာခရစ်ဝင် 21:33

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

MSBU

ကောင်းကင်​နှင့်​မြေကြီး​သည် ကွယ်ပျောက်​သွား​လိမ့်မည်။ ငါ့​စကား​မူကား မည်သည့်အခါမျှ​ကွယ်ပျောက်​လိမ့်မည်​မ​ဟုတ်။

對照

ရှင်လုကာခရစ်ဝင် 21:33 探索

6

ရှင်လုကာခရစ်ဝင် 21:25-27

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

MSBU

ထို့နောက် နေ၊ လ၊ ကြယ်​တာရာ​များ​၌ အတိတ်​နိမိတ်​များ​ဖြစ်ပေါ်​လာ​လိမ့်မည်။ ကမ္ဘာ​မြေကြီး​ပေါ်​ရှိ လူမျိုး​တကာ​တို့​သည် ပင်လယ်​လှိုင်းတံပိုး​သံ​ကြောင့် စိတ်​မငြိမ်မသက်​ဖြစ်​လျက် တုန်လှုပ်​ချောက်ချား​ကြ​လိမ့်မည်။ အာကာသ​ကောင်းကင်​၏​စွမ်းအား​တို့​သည် တုန်လှုပ်​ကြ​မည်​ဖြစ်၍ လူ​တို့​သည် ကမ္ဘာ​ပေါ်တွင်​သက်ရောက်​လာ​မည့်​အရာ​များ​ကို ကြိုတွေး​လျက် ကြောက်ရွံ့​သဖြင့် သတိလစ်​မေ့မြော​ကြ​လိမ့်မည်။ ထိုအခါ လူ့သား​သည် တန်ခိုး​နှင့် ကြီးမား​သော​ဘုန်း​အသရေ​တို့​ဖြင့် မိုးတိမ်​ကို​စီး​လျက် ကြွလာ​သည်​ကို လူ​တို့​မြင်​ရ​ကြ​လိမ့်မည်။

對照

ရှင်လုကာခရစ်ဝင် 21:25-27 探索

7

ရှင်လုကာခရစ်ဝင် 21:17

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

MSBU

လူ​အပေါင်း​တို့​သည်​လည်း ငါ့​နာမ​ကြောင့် သင်​တို့​ကို​မုန်းတီး​ကြ​လိမ့်မည်။

對照

ရှင်လုကာခရစ်ဝင် 21:17 探索

8

ရှင်လုကာခရစ်ဝင် 21:11

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

MSBU

အရပ်ရပ်​တို့​၌ ပြင်းထန်​သော​ငလျင်​လှုပ်​ခြင်း၊ ငတ်မွတ်​ခေါင်းပါး​ခြင်း​နှင့် ကပ်ရောဂါ​ဆိုက်​ခြင်း​တို့​ဖြစ်​ကြ​လိမ့်မည်။ မိုး​ကောင်းကင်​၌​လည်း ကြောက်မက်​ဖွယ်​ရာ​များ​နှင့် ကြီးမား​သော​အတိတ်​နိမိတ်​များ​ပေါ်ထွန်း​ကြ​လိမ့်မည်။

對照

ရှင်လုကာခရစ်ဝင် 21:11 探索

9

ရှင်လုကာခရစ်ဝင် 21:9-10

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

MSBU

သင်​တို့​သည် စစ်ပွဲ​များ​နှင့် ရုန်းရင်းဆန်ခတ်​ဖြစ်​ခြင်း​အကြောင်း​တို့​ကို ကြား​ရ​သောအခါ ထိတ်လန့်​ခြင်း​မ​ရှိ​ကြ​နှင့်။ အကြောင်းမူကား ထို​အရာ​များ​သည် ဦးစွာ​ဖြစ်ပျက်​ရ​မည်။ သို့သော် အဆုံး​သည် ချက်ချင်း​မ​ရောက်​သေး”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ကိုယ်တော်​က“လူမျိုး​တစ်မျိုး​နှင့်​တစ်မျိုး၊ နိုင်ငံ​တစ်​နိုင်ငံ​နှင့်​တစ်​နိုင်ငံ​တို့​သည် ရန်ဘက်ပြု​ကြ​၍

對照

ရှင်လုကာခရစ်ဝင် 21:9-10 探索

10

ရှင်လုကာခရစ်ဝင် 21:25-26

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

MSBU

ထို့နောက် နေ၊ လ၊ ကြယ်​တာရာ​များ​၌ အတိတ်​နိမိတ်​များ​ဖြစ်ပေါ်​လာ​လိမ့်မည်။ ကမ္ဘာ​မြေကြီး​ပေါ်​ရှိ လူမျိုး​တကာ​တို့​သည် ပင်လယ်​လှိုင်းတံပိုး​သံ​ကြောင့် စိတ်​မငြိမ်မသက်​ဖြစ်​လျက် တုန်လှုပ်​ချောက်ချား​ကြ​လိမ့်မည်။ အာကာသ​ကောင်းကင်​၏​စွမ်းအား​တို့​သည် တုန်လှုပ်​ကြ​မည်​ဖြစ်၍ လူ​တို့​သည် ကမ္ဘာ​ပေါ်တွင်​သက်ရောက်​လာ​မည့်​အရာ​များ​ကို ကြိုတွေး​လျက် ကြောက်ရွံ့​သဖြင့် သတိလစ်​မေ့မြော​ကြ​လိမ့်မည်။

對照

ရှင်လုကာခရစ်ဝင် 21:25-26 探索

11

ရှင်လုကာခရစ်ဝင် 21:10

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

MSBU

ထို့နောက် ကိုယ်တော်​က“လူမျိုး​တစ်မျိုး​နှင့်​တစ်မျိုး၊ နိုင်ငံ​တစ်​နိုင်ငံ​နှင့်​တစ်​နိုင်ငံ​တို့​သည် ရန်ဘက်ပြု​ကြ​၍

對照

ရှင်လုကာခရစ်ဝင် 21:10 探索

12

ရှင်လုကာခရစ်ဝင် 21:8

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

MSBU

ကိုယ်တော်​က​လည်း“သင်​တို့​သည် လှည့်ဖြား​ခြင်း​မ​ခံရ​စေရန် သတိပြု​ကြ​လော့။ အကြောင်းမူကား များစွာ​သော​သူ​တို့​သည် ငါ့​အဖြစ်​အယောင်ဆောင်​လျက်​ရောက်လာ​၍ ‘ငါ​သည် ထို​သူ​ပင်​ဖြစ်​၏’​ဟူ၍​လည်းကောင်း၊ ‘အချိန်​နီးကပ်​လာ​ပြီ’​ဟူ၍​လည်းကောင်း ဆို​ကြ​လိမ့်မည်။ ထို​သူ​တို့​၏​နောက်​သို့​မ​လိုက်​ကြ​နှင့်။

對照

ရှင်လုကာခရစ်ဝင် 21:8 探索

上一章
下一章
YouVersion

每天鼓勵和挑戰你尋求與上帝的親密關係。

事工

關於

事業

義工

網誌

新聞

有用的連結

幫助

捐贈

聖經譯本

有聲聖經

聖經譯本語言

今日經文


此數字事工屬予

Life.Church
English (US)

©2025 Life.Church / YouVersion

私隱政策使用條款
漏洞披露計劃
FacebookTwitterInstagramYouTubePinterest

主頁

聖經

計劃

影片