YouVersion 标志
圣经计划视频
获取软件
选择语言
搜索图标

ရှင်လုကာခရစ်ဝင် 6 的热门经文

1

ရှင်လုကာခရစ်ဝင် 6:38

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

MSBZ

ပေးကမ်း​ကြ​လော့။ သို့ပြုလျှင် သင်​တို့​ကို​လည်း ပေးကမ်း​လိမ့်မည်။ အလျှံပယ်​သိပ်​လျက်၊ ခါ​လျက်၊ ပြည့်လျှံ​အောင် သင်​တို့​အိတ်​ထဲသို့ ထည့်​ပေး​ကြ​လိမ့်မည်။ အကြောင်းမူကား သင်​တို့​တိုင်းတာ​ခြင်တွယ်​သည့်​စံနှုန်း​အတိုင်း သင်​တို့​အတွက် တိုင်းတာ​ခြင်တွယ်​ပေး​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။

对照

探索 ရှင်လုကာခရစ်ဝင် 6:38

2

ရှင်လုကာခရစ်ဝင် 6:45

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

MSBZ

ကောင်း​သော​သူ​သည် ကောင်း​သော​အရာ​ကို ကောင်း​သော​စိတ်နှလုံး​ဘဏ္ဍာတိုက်​ထဲမှ ထုတ်ဖော်​တတ်​၏။ မကောင်း​သော​သူ​သည်​လည်း မကောင်း​သော​အရာ​ကို မကောင်း​သော​စိတ်နှလုံး​ဘဏ္ဍာတိုက်​ထဲမှ ထုတ်ဖော်​တတ်​၏။ အကြောင်းမူကား စိတ်နှလုံး​၌​ပြည့်လျှံ​နေ​သည့်​အရာ​ကို နှုတ်​က​ပြောဆို​တတ်​၏။

对照

探索 ရှင်လုကာခရစ်ဝင် 6:45

3

ရှင်လုကာခရစ်ဝင် 6:35

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

MSBZ

သို့သော် သင်​တို့​သည် သင်​တို့​၏​ရန်သူ​များ​ကို ချစ်​ကြ​လော့။ ကောင်း​သော​အမှု​ကို​ပြု​ကြ​လော့။ မည်သည့်​အရာ​မျှ ပြန်လည်​ရရှိ​ရန်​မ​မျှော်လင့်​ဘဲ ချေးငှား​ကြ​လော့။ ထိုသို့ပြုလျှင် သင်​တို့​ရရှိ​မည့်​ဆုလာဘ်​သည်​ကြီးမား​၍ သင်​တို့​သည် အမြင့်ဆုံး​သော​ဘုရား​၏​သား​သမီး​များ​ဖြစ်​ကြ​လိမ့်မည်။ အကြောင်းမူကား ထို​အရှင်​သည် ကျေးဇူး​မ​သိ​သော​သူ​နှင့် ဆိုး​သော​သူ​တို့​အား​လည်း ကျေးဇူးပြု​တော်မူ​၏။

对照

探索 ရှင်လုကာခရစ်ဝင် 6:35

4

ရှင်လုကာခရစ်ဝင် 6:36

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

MSBZ

သင်​တို့​၏​အဖ​သည် ကရုဏာ​နှင့်​ပြည့်စုံ​တော်မူ​သည့်​နည်းတူ သင်​တို့​သည်​လည်း ကရုဏာ​နှင့်​ပြည့်စုံ​ကြ​လော့။

对照

探索 ရှင်လုကာခရစ်ဝင် 6:36

5

ရှင်လုကာခရစ်ဝင် 6:37

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

MSBZ

သူတစ်ပါး​ကို​မ​စီရင်​ကြ​နှင့်။ သို့ပြုလျှင် သင်​တို့​သည်​လည်း စီရင်​ခြင်း​ကို လုံးဝ​ခံရ​မည်​မ​ဟုတ်။ သူတစ်ပါး​ကို​အပြစ်​ရှိ​သည်​ဟု​မ​သတ်မှတ်​ကြ​နှင့်။ သို့ပြုလျှင် သင်​တို့​သည်​လည်း အပြစ်​ရှိ​သည်​ဟု​သတ်မှတ်​ခြင်း​ကို လုံးဝ​ခံရ​မည်​မ​ဟုတ်။ သူတစ်ပါး​ကို​ခွင့်လွှတ်​ကြ​လော့။ သို့ပြုလျှင် သင်​တို့​သည်​လည်း ခွင့်လွှတ်​ခြင်း​ကို​ခံရ​ကြ​လိမ့်မည်။

对照

探索 ရှင်လုကာခရစ်ဝင် 6:37

6

ရှင်လုကာခရစ်ဝင် 6:27-28

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

MSBZ

သို့သော် ယခု​နားထောင်​နေ​သော သင်​တို့​အား ငါ​ဆို​မည်။ သင်​တို့​၏​ရန်သူ​များ​ကို ချစ်​ကြ​လော့။ သင်​တို့​ကို​မုန်း​သော​သူ​တို့​အပေါ် ကောင်း​စွာ​ပြု​ကြ​လော့။ သင်​တို့​ကို​ကျိန်ဆဲ​သော​သူ​တို့​အား ကောင်းချီး​ပေး​ကြ​လော့။ သင်​တို့​ကို​ကဲ့ရဲ့​ရှုတ်ချ​သော​သူ​တို့​အတွက် ဆုတောင်း​ပေး​ကြ​လော့။

对照

探索 ရှင်လုကာခရစ်ဝင် 6:27-28

7

ရှင်လုကာခရစ်ဝင် 6:31

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

MSBZ

သင်​တို့​သည် သူတစ်ပါး​အား​သင်​တို့​အပေါ်​ပြု​စေ​လို​သည့်​အတိုင်း သူတစ်ပါး​အပေါ်​ပြု​ကြ​လော့။

对照

探索 ရှင်လုကာခရစ်ဝင် 6:31

8

ရှင်လုကာခရစ်ဝင် 6:29-30

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

MSBZ

သင်​၏​ပါး​တစ်ဖက်​ကို​ရိုက်​သော​သူ​အား နောက်​တစ်ဖက်​ကို​လည်း လှည့်​ပေး​ဦး​လော့။ သင်​၏​ဝတ်ရုံ​ကို​ယူ​သော​သူ​အား အင်္ကျီ​ကို​လည်း ယူ​ခွင့်​ပေး​ဦး​လော့။ သင့်​ထံ တောင်း​သော​သူ​တိုင်း​အား ပေးကမ်း​လော့။ သင့်​ပစ္စည်း​များ​ကို​ယူ​သွား​သော​သူ​တို့​ထံမှ ပြန်​၍​မ​တောင်း​နှင့်။

对照

探索 ရှင်လုကာခရစ်ဝင် 6:29-30

9

ရှင်လုကာခရစ်ဝင် 6:43

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

MSBZ

မကောင်း​သော​အသီး​ကို​သီး​သော ကောင်း​သည့်​အပင်​မ​ရှိ။ ကောင်း​သော​အသီး​ကို​သီး​သော မကောင်း​သည့်​အပင်​လည်း​မ​ရှိ။

对照

探索 ရှင်လုကာခရစ်ဝင် 6:43

10

ရှင်လုကာခရစ်ဝင် 6:44

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

MSBZ

အပင်​တိုင်း​ကို ၎င်း​၏​အသီး​အားဖြင့် သိ​ရ​၏။ အကြောင်းမူကား ဆူးပင်​မှ သဖန်းသီး​ကို​ဆွတ်ခူး​၍​မ​ရ​နိုင်။ ချုံပုတ်​မှ​လည်း စပျစ်သီး​ကို​မ​စုသိမ်း​နိုင်။

对照

探索 ရှင်လုကာခရစ်ဝင် 6:44

上一章
下一章
YouVersion

我们要鼓励、挑战你每天亲近上帝。

事工

关于我们

就职机会

义工

博客

新闻区

有用链接

帮助

捐赠

圣经译本

音频圣经

译本语言

今日经文


此数字事工属于

Life.Church
English (US)

©2025 Life.Church / YouVersion

隐私政策使用条款
漏洞披露方案
FacebookTwitterInstagramYouTubePinterest

主页

圣经

计划

视频