လုကာကျမ်း 4:18-19
လုကာကျမ်း 4:18-19 MBE
“အလ္လာဟ်အရှင်မြတ်၏ ‘ရူဟုလ်ကုဒွတ်စ်’ သန့်ရှင်းသောဝိညာဥ်တော်သည် ငါ့အပေါ်တွင် တည်ရှိတော်မူ၏။ အကြောင်းမူကားဆင်းရဲသားတို့အား သတင်းကောင်းကို ဟောပြောရန် ငါ့ကိုခန့်အပ်တော်မူ၏။ အချုပ်အနှောင်ခံရသူများကို လွတ်မြောက်စေမည်ဖြစ်ကြောင်းနှင့် မျက်မမြင်များမျက်စိပြန်မြင်စေမည် ဖြစ်ကြောင်းပြောကြရန်လည်းကောင်း၊ ဖိနှိပ်ချုပ်ချယ်ခံရသူများအား ကယ်လွှတ်ရန်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ ‘ရဟ်မသ်’ ကရုဏာတော်ကို ပြသသည့်အချိန်ကာလ ကျရောက်လာပြီဖြစ်ကြောင်းကို ကြေညာရန်လည်းကောင်း ငါ့ကိုစေလွှတ်တော်မူ၏” ဟူသော အာယတ်တော်ကိုတွေ၍ ဖတ်တော်မူ၏။





