8
1အဲနေ့ရစ်ဒွေမှာ ခြားသောလူထုပရိသတ်ဒွေဟ ကိုယ်တော်၏ ရားတော်ဒွေဝိုနာယူဝို့ ထပ်ပီးရော့လာကေ့ရယ်။ လူထုပရိသတ်မှာ စားဇာဒွေမှေ့ဘဲတွက်ကြော့ ကိုယ်တော်ဟ ဗြိဒွေဝိုခေါ်ပီး 2"အယ်လူဒွေဝို ငါသနားရယ်၊ သူ့နို့ငါ့နော့ဝိုလိုက်နေဇာသုံးရစ်ရှေ့ပီ။ စားဇာလဲမှေ့ရ။ 3ချို့ဒွေရဲ့အီဟ အယ်နေရာနလှမ်းဝေးရယ်။ သူ့နို့ဝိုပလန်သွားခိုင်းရင် အားပြတ်ပီးလဲကလသွားနိုင်ရယ်" ဆိုပီးမိတော်မူလေရယ်။ 4အဲခါဗြိတော်ဒွေဟ "အယ်မို တောကန္တာရကီးမှာ ဟယ်နေရာဟ အဲမိုလူဒွေတွက်လုံလော့ဝိုစားဇာရှေ့နိုင်ဝို့နူး" ဆိုပီးပလန်လျှော့ကေ့လေရယ်။ 5ကိုယ်တော်ဟ "မင်းဒို့ဆီမှာ စားဇာဟယ်လော့ရှေ့နူး" ဆိုပီးမေးတော်မူရာ ဗြိဒွေဟ "ပါမုခုနှေ့လုံးရှေ့ပါရယ်" ဆိုပီးပလန်ဖြေကေ့လေရယ်။ 6ကိုယ်တော်ဟ အဲမိုပါမုဝိုယူပီး ဘုရားဂုဏ်တော်ဝို ချီးမွမ်းဆုတောတော်မူလေရယ်။ ကိုယ်တော်ဟ ၎င်းပါမုဝိုဖဲ့ပီး ဗြိတော်ဒွေရတဆင့်ခွဲဝေကျွေးတော်မူလေရယ်။ 7အဲလူဒွေဟ ငါးနဲငယ်ဝို ကိုယ်တော်ဝိုပေးလိုက်ရာ ကိုယ်တော်ဟဘုရားဂုဏ်တော်ဝိုချီးမွှမ်းပီး လူထုဝိုကျွေးလေရယ်။ 8လူထုကီးဟ လူပေါလေးထော်ကျော်ရှေ့ပီး ဝဝလင်လင်စားပီးပေမဲ့ 9တောကီးခုနှေ့တောနပလဲ့ကျန်နေသေးရယ်။ 10လူထုကီးဝိုပလန်သွားစေပီးခီမှာ ကိုယ်တော်ဟချင့်ချင်းလှေပေါ်ဝိုတက်ပီး ဒါလမနုသဒေသဝို ဗြိဒွေနတူ ကူးဖြတ်လေရယ်။ 11ဖာရိရှဲဒွေဟ ကိုယ်တော်ဆီဝိုလာရော့ကေ့ပီး ခြေတင်ဆွေးနွေးကေ့ရယ်။ သူ့နို့ဟပရိယာယ်ဆင်ပီး နိဗ္ဗာန်ရွှေဗြို့တော်၏မှတ်သားဝိုမေးပီး ကိုယ်တော်ဝိုစမ်းသပ်ကေ့လေရယ်။ 12ကိုယ်တော်ဟ သူ့ဝိုယုံကြည်ဘဲတွက်ကြော့ စိမချမ်းမသာဖြစ်ပီး သက်ပြင်းချတော်မူပီး "မင်းဒို့ခုခေတ်လူဒွေ ဟဲဂျော့ နိဗ္ဗာန်ရွှေဗြို့တော်ရဲ့မှတ်သင်ကေတဝို ရှာနေကေ့နူး။ မှန်ပြောရမယ်ဆိုဝါ ခုခေတ်လူဒွေဝို ဟဲရာသင်ကေသလဲပေးဝို့မုဝ" ဆိုပီး မိတော်မူလိုက်လေရယ်။ 13ကိုယ်တော်ဟ အဲမိုလူဒွေဝိုချန်ထားပီး လှေနဖက်ကမ်းဝိုဖြတ်ကူးသွားလေရယ်။ 14ဗြိတော်ဒွေဟ ပါမုဒွေယူလာဝို့မေ့နေကေ့ပီး လှေပေါ်မှာ ပါမုလုံးဘဲ့ရှေ့နေရယ်။ 15ကိုယ်တော်ဟ "ဒိထားပါ၊ ဖာရိရှဲဒွေန ဟေရုဒ်ဒွေရဲ့တစေးဒွေဝို ဒိထားစေ့ကေ့ကေ့ရလိမယ်" ဆိုပီး ဗြိတော်ဒွေဝိုဒိပေးလိုက်လေရယ်။ 16ဗြိတော်ဒွေဟ "ငါတို့မှာ ပါမုတလုံးမှပါလာဘဲရိကိုယ်တော်ပြောဇာဖြစ်မယ်" ဆိုပီး ချင်းချင်းပြောနေကေ့ရယ်။ 17ကိုယ်တော်ဟလဲ ဗြိတော်ဒွေစိဝိုသိနေလေရယ်။ ကိုယ်တော်ဟ" ဗြိတော်ဒီု့ ဟဲဂျော့ပါမုဒွေမှေ့ဘဲကြောဝို ပြောနေကေ့နူး၊ မင်းဒို့ဒွေခုထိဘောပေါ့သေးကေ့ရလော" ဆိုပီးမေးတော်မူလေရယ်။ 18ကိုယ်တော်ဟ "မင်းဒို့မှာမျစ်စိဒွေရှေ့လဲဗျင်နိုင်ကေ့ရ၊ နားဒွေပါလဲနားမလည်နိုင်ကေ့ရ။ 19လူငါးထော်ဝိုပါမုငါးလုံးကျွေးပီး မုဟယ်နှေ့တောကျန်သေးနူးဆိုဇာဝို မှတ်မိကေ့ရလော" ဆိုပီးမေးတော်မူလေရယ်။ "မှတ်မိပါရယ်၊ မုဆယ့်နှေ့တောကျန်ပါရယ်" ဆိုပီး ဗြိတော်ဒွေဟ ပလန်လည်ဖြေကြားလိုက်လေရယ်။ 20ကိုယ်တော်ဟ "နော့ထပ်လူလေးထော်ဝို ပါမုသေးခုနှေ့လုံးဝိုဖဲ့ကျွေးပီး ကြွင်းကျန်ဒွေကော့သီးပီး ခြင်းဟယ်နှေ့တောရနူးဆိုဇာဝေါမှတ်မိသေးလော" ဆိုပီးမေးရာ ဗြိတော်ဒို့ဟ "ခုနှေ့တောရပါရယ်" ဆိုပီးဖြေလိုက်ခီမှာ 21ကိုယ်တော်ဟ "ခု ကိုယ်တော်ဟဲရာဇာဝို ဆိုလိုနေနူးဆိုဇာဝို မင်းဒို့ဘောပေါ့သင့်ရယ်" ဆိုပီးမိတော်မူလိုက်ရယ်။ 22အဲနော့ကိုယ်တော်နဗြိတော်ဒွေဟ ဗက်ဇဲဒဝါဝိုကြွရော့တော်မူခါမှာ လူချို့ဟ မျစ်မဗျင်တယော့ဝိုခေါ်ဆော်လာပီး ထိုသူဝို ကိုယ်တော်၏လက်တော်နထိကုပေးဝို့ကိုယ်တော်ဝိုလျှော့ထားကေ့လေရယ်။ 23ကိုယ်တော်ဟ အဲမိုမျစ်မဗျင်လက်ဝိုဆွဲပီး ဝါပလန်ဝိုခေါ်လာလေရယ်။ အဲနေရာမှာမျစ်မဗျင်၏မျစ်စိဝိုထွီးရေနဆွတ်ပီး ၎င်းင်း၏ကိုယ်ပေါ်မှာ လက်တော်ဝိုတံလိုက်ပီး "ဟဲရာဒွေဗျင်ရနူး" ဆိုပီးမေးလိုက်လေရယ်။ 24အဲလူဟ မျစ်စိဖွမ့်ကေ့ပီး " ဟုတ်ကဲ့၊ကျော်လူဒွေဝို ဗျင်ရပါရယ်၊ သူ့နို့ဒွေလမ်းလျှော့နေကေ့ရယ်၊ အယ်ဘေမဲ့ရှင်းရှင်းလင်းလင်းဗျင်ရရ၊ လူဒွေဟသစ်ပံဒွေနတူရယ်။" ဆိုပီးပြောလေရယ်။ 25နော့တကြီ အဲလူ၏ကိုယ်ပေါ်ဝိုလက်တံ၍ သူ့ဗျင်အာရုံဝို ထမ်ရှားစေလေရယ်။ အဲလူဟမျစ်စိဖွမ့်ကေ့လိုက်ရာ ရာအားလုံးဝို ရှင်းရှင်းလင်းလင်းဗျင်ရလေရယ်။ 26အဲနော့ကိုယ်တော်ဟ အဲလူဝို "ဗြို့ထဲဝိုဝမ်သွားန" ဆိုပီးမိတော်မူပီး အီဝိုပလန်စေလေရယ်။ 27အဲနော့ကိုယ်တော်ဟ ဗြိတော်ဒွေနတူ ကဲသရိ ဖိလိပ္ပုဝါဝိုကြွတော်မူလေရယ်။ အဲမိုလမ်းခရီးမှာ ကိုယ်တော်ဟ "လူဒွေဟ ငါ့ဝိုဟယ်သူဆိုပီးပြောနေကေ့နူး" ဆိုပီးမေးလေရယ်။ 28ဗြိတော်ဒွေဟလဲ "ချို့ဟ ကိုယ်တော်ဟ ရေနှစ်မြင်ဂလာပေးသူဆရာယောဟန်၊ ချို့ဟ ဧလိယ၊ ချို့ဟ ပညာရှေ့ပရောဖက်တပါးဆိုပီး ပြောနေကေ့ပါရယ်" ဆိုပီး ပလန်လျှော့တံကေ့လေရယ်။ 29အဲနော့ကိုယ်တော်ဟ ဗြိတော်ဒို့ဝို "မင်းဒို့ရောငါ့ဝိုဟယ်သူထံနူး" ဆိုပီးမေးခါမှာ၊ ပေတရုဟ "ကိုယ်တော်ဟ မေရှိယ အရှင်ဖြစ်ပါရယ်" ဆိုပီးဖြေကြားလေရယ်။ 30အဲခါကိုယ်တော်ဟ သူ့ကြောဝို ဟယ်သူမှမပြောဝို့ဗြိတော်ဒွေဝို ဒိပေးလိုက်လေရယ်။ 31ကိုယ်တော်ဟ ဗြိတော်ဒွေဝို "လူ့သားတော်" ဒုက္ခဝေဒနာခံစားရဝို့ကြောဝိုပြောပြလေရယ်။ လူမျိုးစုခေါဆော်ဒွေ၊ပရောဟိတ်ကီးဒွေန မောရှေပညတ်ကျမ်းပညာရှင်ဒွေဟ "လူ့သားတော်" ဝိုညှင်းပန်းနှိဆစ်ပီးသတ်ပစ်ကေ့လိမယ်။ ပစ်ပယ်ကေ့လိမယ်။ အယ်ဘေမဲ့ သုံးရစ်မြော့နေ့မှာ ရျင်ပြန်ထမြော့တော်မူလာလိမယ်" ဆိုပီး ကိုယ်တော်ဟ ဗြိတော်ဒွေဝို ပွမ့်လန်းစွာရှင်းပြလေရယ်။ 32ပေတရုဟ ကိုယ်တော်နားဝိုချဥ်းကပ်လာပီး အဲမျိုးမပြောဝို့တားမြစ်လေရယ်။ 33ကိုယ်တော်ဟ ပေတရုဝို လှည့်ကေ့ပီး "မာရ်နတ် မင်းငါနဝွီးဝွီးနေပါ၊ မင်းဟဘုရားရှင်ရဲ့လိုတော်တိုင်းတွီးဘဲန လူဒွေရဲ့လိုတော်တိုင်းတွီးတောနေရယ်" ဆိုပီး ဆုံးမတော်မူလေရယ်။ 34အဲနော့ကိုယ်တော်ဟ ဗြိတော်ဒွေနလူထုပရိသတ်ဝို သူ့နီးဝိုခေါ်ပီး "မင်းဒို့ထဲဟ ဟယ်သူမဆို ငါ့ဗြိတော်ဖြစ်ချင်ရင် မင်းဒို့ရဲ့လိုဆန္ဒဒွေဝိုစါန့်လွှတ်ရမယ်။ ပီးတော့ ကိုယ့်ရဲ့လက်ဝါးကပ်တိုင်ဝို ကိုယ်တိုင်ထမ်းပီး ဒုက္ခဝေဒနာဒွေဝို သေလုမျောပါးခံစားရရင်လဲ ငါ့နော့တော်ဝိုလိုက်ရမယ်" ဆိုပီးမိတော်မူလေရယ်။ 35ကိုယ့်ရဲ့သက်ဝိညဥ်ဝိုလိုရှင်မက်မောသူဒိုင်း အဲသက်ဝိညဥ်ဝိုဆုံးရှုံးရလိမယ်။ အယ်ဘေမဲ့ ငါ့ဗြိတော်ဒွေဟ နှုကပတ်တော်ရားဟောကြားရိတွက် မင်းဒို့ရဲ့သက်ဝိဉာဥ်ဝို ဆုံးရှုံးခဲ့ရင်လဲ ကယ်တံခြင်းခံရပါလိမယ်။ 36မင်းဒို့ဟ ကမ္ဘာလောကကြီးခုလုံးဝို ပိုင်ဆိုင်ရပေမဲ့ မင်းဒို့ရဲ့သက်ဝိဉာဥ်ဆုံးရှုံးရရင် ဟဲကျိုးမြတ်မှရှေ့မှာမုဝ။ 37လူတယော့ရဲ့သက်ဝိဉာဥ◌်ဝို ဟဲရာနဲ့မှလဲရိမရနိုင်ရ။ 38"မင်းဒို့ဟ ဘုရားရှင်ပေါ် သစ္စာမှေ့ဘဲဝိုခုခေတ်လူဒွေန ဒုစရိုက်ပြစ်သားဒွေကြားမှာ ငါနငါ့ရားတော်ဒွေကြော့ မရှစ်ကြော့ရ၊ "လူ့သားတော်" ဟ အဖဘုရားရှင်ရဲ့ဂိုးတော်ဝိုယူဆော်လာပီး သမ္မာဒေဝနတ်ကောနတ်မြတ်ဒွေနတူ ပလန်လည်ကြွမြန်းတော်မူလာခီမှာလဲ အယ်လူဒွေကြော့ရှစ်ရတော်မူလိမယ်" ဆိုပီးမိတော်မူလေရယ်။