26
1ကိုယ်တော်ယေရှုဟ အဲမိုကြောရာဒွေဝို မိကြားတော်မူပြီးခါမှာ ဗြိတော်ဒွေဝို 2ပသာခါပွဲတော်ဝို ကျင်းပဝို့ နှေ့ရစ်သာလိုတော့ရယ်ဆိုဇာဝို နန်းနို့ သိဂေ့ရယ်။ အဲခါ ရွှေဗြို့တော်ဟ ကြွလာတော်မူဝို လူသားတော်ငါ့ဝို လက်ဝါးကပ်တိုင်ပေါ်ဝိုတံဝို့ အပ်နှံဂေ့လိမှာဖြစ်ရယ်။" ဆိုပီး မိတော်မူလေရယ်။ 3အဲမိုခီမှာ ပုရောဟိတ်ကြီးကဲဒွေန လူဒွေထဲဟ သက်ကီးဝါကီးဒွေထဲဟ ကယာဖဆိုပီးခေါ်ဝို ကီးဆုံးပုရောဟိတ်အီတော်မှာ စုဝေးရော့ရှေ့ပီး 4ကိုယ်တော်ယေရှုဝို တိတဆိဖမ်းဆီးပီး သတ်ဖြတ်ဝို့ ကြံစည်နေဂေ့လေရယ်။ 5အယ်ဘေမဲ့ သူနို့ဟ "လူထုပရိသတ်ပေါဒို့ ရုန်းရင်ဆန်ခတ်ဖြစ်ဇာဝို စိုးရီရရိတွက်ဂျော့ ပွဲတော်ကာလမှာ ဖမ်းဂေ့ပါန" ဆိုပီး ပြောဆိုနေဂေ့ရယ်။ 6ဗေသနိဝါမှာရှေ့ဝို နာဂီးရောဂါသည်ဟ ရှိမုန်ရဲ့အီတော်မှာရှေ့နေခီမှာ 7မျိုးမီးဦးဟ ရားဒိုင်းတန်ဖိုးကီးဝို မွှီးနံ့သာဆီဒွေထည့်ထားဝို ကလော့ဖြူပုလင်းဝိုကိုင်ဆော်ပီး ဘွဲမှာထိုင်နေဝို ကိုယ်တော်ယေရှုခေါပေါ်ဝို မွှီးနံ့သာဆီဝို သွန်းလောလေရယ်။ 8ဗြိတော်ဒွေဟ အဲမိုဇာဝိုဗြင်န စိဆိုးပြီး "ဟဲဂျော့ အဲမျိုးဖလူးတီးရနူး၊" 9အဲမိုမွှီးနံ့သာဆီဝို တန်ဖိုးများစွာနရောပီး မရှိဆင်းရဲသားဒွေဝို ပေးလှူနိုင်ရယ်" ဆိုပီး ပြောဂေ့လေရယ်။ 10အဲခါ ကိုယ်တော်ယေရှုဟ သူ့နို့ပြောဝိုရာဝို သိတော်မူရိတွက် "ဟဲဂျော့ အယ်မိုမီးမဝို နှော့ရှစ်နေဂေ့နူး။ သူမဟ ငါ့တွက်ကောဝိုရာဝို ပြုလုပ်ပေးဇာဖြစ်ရယ်။ 11ဟဲဂျော့ဆိုဝါ ဆင်းရဲသားဒွေဟ နန်းနို့နတူ မြဲတစေရှေ့နေမှာဖြစ်ရိတွက် ငါကလလော နန်းနို့နတူ မြဲရှေ့နေနိုင်မှာမုဝ။ 12အယ်မိုမျိုးမီးဟ ငါ့ခန္ဓာကိုယ်ပေါ်ဝို မွှီးနံ့သာဆီဒွေဝို သွန်းလောပေးဇာဟ ငါ့ဝိုင်္ဂြိုလ်ဝို့ ပြင်ဆင်ပေးနေဇာဖြစ်ရယ်။ 13နန်းနို့ဝို ငါမှန်ပြောရမယ်ဆိုဝါ "ကမ္ဘာတဝှမ်းလုံးမှာ ကောမြတ်ဝိုဒန်းဝို ဟောပြောဝိုနေရာတိုင်းမှာ အယ်မိုမျိုးမီးလုပ်ဆော်ခဲ့ဝိုရာဒွေဝိုလည်း အော့မေ့ကာပြောဆိုဂေ့လိမယ်။ 14အဲနော့ ဗြိတော်ဆယ့်နှေ့ယော့ထဲဟယော့ဖြစ်ဝို ယုဒရှာကာရုဒ်ဟ ပုရောဟိတ်ကြီးကဲဒွေဆီသွားပီး 15"ကိုယ်တော်ယေရှုဝို ဖမ်းဆီးနိုင်ဝို့ကူညီပေးမယ်ဆိုဝါ နန်းနို့ဟ ကျော်ဝိုငွေဟယ်လော့ပေးမယ်နူး" ဆိုပီး ပြောလေရာ သူ့နို့ဟ ယုဒရှာကာရုဒ်ဝို ငွေဒန်းဂါးပြားသုံးဆယ်ပေးဝို့ ဘောတူဂေ့လေရယ်။ 16အဲခီဟနေစပီး ယုဒရှာကာရုဒ်ဟ ကိုယ်တော်ဝို ဖမ်းဆီးအပ်နှံနိုင်ဝို့ ခွမ့်ကောဝို ရှာကြံနေလေရယ်။ 17တဆေးမဲ့မုပွဲတော်ရဲ့ပထမနေ့မှာ ဗြိတော်ဒွေဟ ကိုယ်တော်ယေရှုနားဝိုကပ်ပီး "ပသခါပွဲတော်ညစာဝို ကိုယ်တော်သုံးဆော်ဝို့တွက် ကျနော်ဒို့ဝို ဟယ်နေရာမှာ ပြင်ဆင်စေလိုနူး" ဆိုပီး မေးလျှော့ဂေ့လေရယ်။ 18တဆေးမဲ့မုပွဲတော်ရဲ့ပထမနေ့မှာ ဗြိတော်ဒွေဟ ကိုယ်တော်ယေရှုနားဝိုကပ်ပီး "ပသခါပွဲတော်ညစာဝို ကိုယ်တော်သုံးဆော်ဝို့တွက် ကျနော်ဒို့ဝို ဟယ်နေရာမှာ ပြင်ဆင်စေလိုနူး" ဆိုပီး မေးလျှော့ဂေ့လေရယ်။ 19တဆေးမဲ့မုပွဲတော်ရဲ့ပထမနေ့မှာ ဗြိတော်ဒွေဟ ကိုယ်တော်ယေရှုနားဝိုကပ်ပီး "ပသခါပွဲတော်ညစာဝို ကိုယ်တော်သုံးဆော်ဝို့တွက် ကျနော်ဒို့ဝို ဟယ်နေရာမှာ ပြင်ဆင်စေလိုနူး" ဆိုပီး မေးလျှော့ဂေ့လေရယ်။ 20ညစ်နေခင်းခီဝိုရော့ခါမှာ ကိုယ်တော်ယေရှုဟ ဗြိတော်ဒွေနတူ စားသော့ဝို့ ဘွဲမှာ ထိုင်တော်မူလေရယ်။ 21အဲမျိုးစားသော့တော်မူနေခီ ကိုယ်တော်ယေရှုဟ "နန်းနို့ဝို ငါမှန်ပြောရမယ်ဆိုဝါ နန်းနို့ထဲဟတယော့ဟ ငါ့ဝိုဖမ်းဆီးအပ်နှံလိမယ်" ဆိုပီး မိတော်မူလေရယ်။ 22ကိုယ်တော်အဲမျိုးမိတော်မူဇာဝို ကြားရဝိုခါမှာ ဗြိတော်ဒွေဟ ရားဒိုင်းစိမကောဖြစ်ပီး "ကိုယ်တော် ကျော့်ဝို ဆိုလိုဇာမုဝလော" ဆိုပီး ယော့ပီးယော့ မေးလျှော့ဂေ့လေရယ်။ 23ကိုယ်တော်ဟလည်း "ငါနှတူ ဇံတည်း တူနှိုက်စားဝိုသူဟ ငါ့ဝို အပ်နှံလိမယ်ဖြစ်ရယ်။ 24လူသားတော်ဟ ကျမ်းစာတော်မှာ ဖေါ်ပြထားတိုင်း သေရမှာဖြစ်ရယ်။ အယ်ဘေမဲ့ လူသားတော်ဝို အပ်နှံဝိုလူတွက်လော ရားဒိုင်းကြော့ဇာကောလိမယ်။ အဲမိုလူ မွီးဖွားဘဲနနေဇာဟပိုကောလိမယ်။ 25အဲခါ ကိုယ်တော်ဝို သစ္စာဖော့ဝို့လူ ယုဒရှာကာရုဒ်ဟ "ကိုယ်တော် ကျော်လော" ဆိုပီး မေးလျှော့ရာ ကိုယ်တော်ဟလည်း "သင်ပြောဝိုဂါးတိုင်းဘဲ့ဖြစ်ရယ်" ဆိုပီး မိတော်မူလေရယ်။ 26အဲခါ ကိုယ်တော်ဝို သစ္စာဖော့ဝို့လူ ယုဒရှာကာရုဒ်ဟ "ကိုယ်တော် ကျော်လော" ဆိုပီး မေးလျှော့ရာ ကိုယ်တော်ဟလည်း "သင်ပြောဝိုဂါးတိုင်းဘဲ့ဖြစ်ရယ်" ဆိုပီး မိတော်မူလေရယ်။ 27အဲနော့ ခွက်ဝိုလည်းယူပီး ဘုရားရှင်ရဲ့ဂုဏ်ကျေးဇူးတော်ဝို ချီးမွှမ်းပြီး ဗြိတော်ဒွေဝိုပေးပြီး "နန်းနို့ဂူလုံး ခွက်ဝိုယူပီးသောက်ဂေ့လော့၊ 28အယ်မိုဇာဟ ပြစ်တရားဒွေခွမ့်လွှတ်ခြင်းတွက် လူဒွေဝို ပေးထားဝိုဒိတော်တိုင်း သွန်းလောဝို ငါ့သွီးတော်ဖြစ်ရယ်။ 29နန်းနို့ဝိုငါပြောမယ် ဘုရားရှင်ရဲ့ရွှေဗြို့တော်မှာ နန်းနို့နတူ သော့ဝို့ခီထိတိုင်အော် ခုဟနေစပီး ဗျစ်ရည်ဝို ငါလုံးဝသော့တော့မှာမုဝ" ဆိုပီး မိတော်မူလေရယ်။ 30အဲနော့ သူ့နို့ဟ ချီးမွှမ်းချင်းဒွေသီဆိုပြီး သံလွင်တော်ဝို တက်သွားဂေ့လေရယ်။ 31သံလွင်တောဝိုသွားရာလမ်းမှာ ကိုယ်တော်ယေရှုဟ "ငါဟ သိုးထီးဝိုသတ်ပီး သိုးဒွေဟ ကွဲရားလိမယ်" ဆိုပီး ကျမ်းစာတော်မှာ ရေးသားဖေါ်ပြထားဇာဖြစ်ရိတွက် အယ်ညစ်မှာ နန်းနို့ဒွေဟ ငါ့ဝိုစွန့်ပီးထားရစ်လိမယ်။ 32အယ်ဘေမဲ့ ငါဟ သက်ပလန်ပြီးနော့ ဂါလိလဲပြည်ဝို နန်းနို့ရှေ့ဟနေ ဦးစွာသွားနှင့်မယ်" ဆိုပီး မိတော်မူလေရယ်။ 33အဲခါ ပေတရုဟ "ကိုယ်တော့်ဝို ဂူလုံးဟပစ်ထားပြီး ထွက်ပလေးဂိုမှ ကျော်ဟ ဟယ်ခါမှ ကိုယ်တော့ဝို ထားပီးထွက်ပလေးလိမှာမုဝ" ဆိုပီး ပလန်လျှော့လေရယ်။ 34ကိုယ်တော်ဟလည်း "မှန်တိုင်းပြောရမယ်ဆိုဝါ နန်ဟ အယ်ညစ်မှာဂိုမှ ကြစ်မသွန်ခံ နန်ဟငါ့ဝိုသိရဆိုပီး သုံးကြီတိုင်တိုင် ငြင်းဆိုလိမယ်" ဆိုပီး မိတော်မူလေရယ်။ 35အဲခါ ပေတရုဟလည်း "ကျော်ဟ ကိုယ်တော်နတူတူသေရမယ်ဆိုဂိုမှ ကိုယ်တော့ဝို လုံးဝငြင်းပယ်ရ" ဆိုပီး လျှော့လေရယ်။ 36အဲနော့ ကိုယ်တော်ယေရှုဟ သူ့နို့နတူ ဂေသရှေမန်ဆိုပီးခေါ်ဝိုရပ်ဝို ရော့တော်မူရယ်။ ကိုယ်တော်ဟ ဗြိတော်ဒွေဝို "ငါဟ အဲမိုနေရာဝို သွားပီးဆုတောနေခီ နန်းနို့ဟ ထိုင်ဂေ့လော့" ဟုမိန့်တော်မူပြီး 37ပေတရုန ဇေဗေဒဲရဲ့သားနှေ့ယော့ဝိုခေါ်ပီး ကြွသွားတော်မူရယ်။ အဲခါ ကိုယ်တော်ဟ ဝမ်းနည်းဇာ န စိုးရီပူပန်ဇာဒွေ ဖြစ်နေရိတွက်ဂျော့ 38ငါ့စိနှလုံးဟ သေလုမတတ် ရားဒိုင်းဝမ်းနည်းလှပါရယ်။ အယ်နေရာမှာနေပီး ငါ့နတူ ဒိနစော့နေဂေ့လော့" ဆိုပီး မိတော်မူလေရယ်။ 39အဲနော့ ရှေ့ဝိုဒစ်ရားကြွတော်မူပြီး ဒူးထော့ပီး "အို အဖဘုရားရှင် ဖြစ်နိုင်မယ်ဆိုဝါ အယ်မိုဆင်းရဲဒုက္ခပေါဟနေ လွန်မြော့စေတော်မူပါ၊ အယ်ဘေမဲ့ ကျော်ရဲ့လိုဆန္ဒတိုင်းမုဘဲန အဖဘုရားဥရဲ့လိုတော်တိုင်းဖြစ်စေတော်မူပါ" ဆိုပီး ဆုတောတော်မူလေရယ်။ 40အဲနော့ ဗြိတော်ဒွေရှေ့ရာနေရာဝို ပလန်လာဝိုခါမှာ သူ့နို့ဟ အိပျော်နေဇာဝို တွီ့ရလေရယ်။ ကိုယ်တော်ဟ ပေတရုဝို "နန်းနို့ဟ နာရီလော့ကိုမှ ငါနတူ ဒိနစော့နေနိုင်ဂေ့ရလော၊ 41ဖျားယောသွီးဆော်ရာနော့ဝို မကလရော့စေဝို့ ဒိနစော့ပီး ဆုတောနေဂေ့လော့၊ နန်းနို့ဟ စိဝိညာဉ်ဟ ထက်သန်ဘေမဲ့ ကိုယ်ကာယကလလော ရားဒိုင်းအားနည်းလှရယ်" ဆိုပီး မိတော်မူရယ်။ 42ကိုယ်တော်ဟ နော့တဖန်ထွက်သွားပီး "အိုအဖဘုရား အယ်မိုဆင်းရဲဒုက္ခဒွေဟ ကျော်လွန်သွားဝို့ မဖြစ်နိုင်ပါက အဖဘုရားရဲ့လိုတော်တိုင်း ဖြစ်စေတော်မူပါ" ဆိုပီး ဆုတောတော်မူလေရယ်။ 43အဲနော့ ပလန်လာပီး ဗြိတော်ဒွေ မျစ်စိဒွေလေးလံပြီး အိပျော်နေဇာဝို ဗြင်ခါမှာ 44တဖန်ပလန်ထွက်သွားပီး စောဒူးဟဆုတောမျိုး တတိယကြီ ထပ်ပီးဆုတောတော်မူလေရယ်။ 45ကိုယ်တော်ဟ ဗြိတော်ဒွေဆီပလန်လာပီး " ခုထိကိုမှနန်းနို့ဟ နားယူပီး အိပျော်နေဂေ့လော၊ ဂေ့ပါလော့ လူသားတော်ဝို ပြစ်သားဒွေလက်ဝို အပ်နှံဇာခံရဝို့ခီ ရော့လာပီ။ 46ထဂေ့၊ သွားဂေ့စို့။ ငါ့ဝို ပြစ်သားဒွေလက်ထဲ အပ်နှံဝို့သူရော့လာပါပြီ" ဆိုပီး မိတော်မူလေရယ်။ 47အဲမိုမျိုး ကိုယ်တော်မိမူနေခီမှာဘဲ့ ဗြိတော်ဆယ့်နှေ့ယော့ထဲဟယော့ဖြစ်ဝို ယုဒရှာကာရုဒ်ဟ ရော့လာလေရယ်။ပုရောဟိတ်ကြီးကဲဒွေန သက်ကီးဝါကီးဒွေဟ စေလွှတ်လိုက်ဝို လူအုပ်များဂီးဟလည်း တုတ်ဓါးဒွေကိုင်ဆော်ပီး ယုဒနတူပါလာလေရယ်။ 48ယုဒရှာကာရုဒ်ဟ "ငါနမ်းဝိုသူဟ ကိုယ်တော်ယေရှုဘဲ့ဖြစ်ရယ်။ သူ့ဝိုဖမ်းစီးဂေ့လော့" ဆိုပြီး ချင့်ပြမှတ်သားအဖြစ် အဲမိုသူဒွေဝို ချင့်ပြခဲ့ပြီးဖြစ်ရယ်။ 49အဲနော့ ယုဒရှာကာရုဒ်ဟ ကိုယ်တော်ယေရှုဆီချဉ်းကပ်ပီး "ကိုယ်တော်" ဆိုပီး နှုဆစ်ကာ ကိုယ်တော်ဝို နမ်းလေရယ်။ 50ကိုယ်တော်ယေရှုဟလည်း "မိဆွေ သင်လာဝိုရည်ရွယ်ချင့်တိုင်း ဆော်ဝက်ပါလော့" ဆိုပီး မိတော်မူလေရယ်။ အဲခါ သူနတူတူပါလာဝိုသူဒွေဟ ကိုယ်တော်ဆီချဉ်းကပ်ပီး ဖမ်းဆီးချုပ်နှော် ထားလိုက်ဂေ့လေရယ်။ 51အဲခီ ကိုယ်တော်ယေရှု့နတူတူရှေ့နေဝို လူဒွေထဲဟယော့ဟ သူ့ထားဝိုဆွဲထုပီး ပုရောဟိတ်ကြီးကဲရဲ့ စေပါးတစ်ဦးဝို ခုလိုက်ရာ အဲမိုလူနားခွက်ပြတ်ရားလေရယ်။ 52ကိုယ်တော်ယေရှုဟ "အဲမိုလူဝို "သင့်ထားဝို သူ့နေရာသူ ပလန်ထားလော့၊ ဟဲဂျော့ဆိုဝါ ထားကိုင်ဆော်ဝိုလူဒွေဟ ထားနဘဲ့ပလန်သေဂေ့ရလိမယ်။ 53တပ် ဆယ့်နှေ့တပ်ထက်များဝို နတ်ဒေဝါစစ်သည်ဒွေဝို ငါ့ဆီစေလွတ်ပေးဝို့ ဖခမည်းတော်ဆီ ငါတောဆိုနိုင်ရဆိုပီး သင်ထံလော။ 54အဲမိုမျိုးပြုလုပ်မယ်ဆိုဝါ အယ်မျိုးဖြစ်ရမယ်ဆိုပီး ဖော်ပြထားဝို ကျမ်းစာတော်မှာပါရှေ့ဝိုကြောရာဒွေဟ ဟဲမျိုးပလဲ့ဇုံနိုင်တော့မယ်နူး" ဆိုပီး မိတော်မူလေရယ်။ 55ကိုယ်တော်ယေရှုဟ လူအုပ်ဂီးဝို "နန်းနို့ဟ ငါ့ဝိုဖမ်းဆီဝို့တွက် တုတ်၊ထားဒွေနဂိုမှလာရလော။ ငါဟ နေ့တိုင်းဗိမာန်တော်မှာ သွန်သန်ဟောပြောနေခီ နန်းနို့လဲ ရှေ့ရှေ့ရီးန ဟဲဖြစ်ရိ အဲမိုခီဒူးဟ ဖမ်းဆီးဂေ့ဘဲနူး။ 56အယ်ဘေမဲ့ အဲမိုဖြစ်ပျစ်ဂူလုံး ဖြစ်ပျစ်ရဇာဟ ကျမ်းစာတော်မှာဖော်ပြထားဇာဒွေဝို ပလဲ့ဇုံမှန်ကန်စေဝိုကြောဘဲ့ဖြစ်ရယ်။" ဆိုပီး မိတော်မူလေရယ်။ အဲခါ ဗြိတော်ဒွေဂူလုံးဟ ကိုယ်တော့်ဝိုထားရစ်ပြီး ထွက်ပလေးသွားဂေ့လေရယ်။ 57ကိုယ်တော်ဝို လာရော့ဖမ်းဆီးဂေ့ဝိုလူဒွေဟဟ ကိုယ်တော်ယေရှုဝို ဖမ်းဆီးချုပ်နှော်ပီး ကျမ်းတတ်ဆရာဒွေ န လူမျိုးခေါဆော်ဒွေစုဝေးရာ ကီးဆုံးဂျူးပုရောဟိတ် ကယာဖဆီဝို ခေါ်ဆော်သွားလေရယ်။ 58ပေတရုဟလည်း ကီးဆုံးပုရောဟိတ်ရဲ့ ခြံဝန်းထဲထိ ကိုယ်တော်ရဲ့နော့ မလှမ်းမကမ်းဟနေ လိုက်သွားပီး နော့ဆုံးဟဲမျိုးဖြစ်မယ်နူးဆိုဇာဝို သိရှင်ရိတွက် ထဲဝို ဝမ်ပီး စော့တပ်သားဒွေနတူတူ ထိုင်နေလေရယ်။ 59ဂျူးပုရောဟိတ်ကြီးကဲဒွေ န ရားလွှတ်တော်ဖွဲ့ဝမ်ဂူလုံးဟ ကိုယ်တော်ယေရှုဝို သေဒဏ်ခလမှတ်နိုင်ဝို့ ကိုယ်တော့်ဝိုဆန့်ကျင်ထွက်ဆိုဝို့ မှန်ကန်ဘဲဝိုသက်သေဒွေဝို ရှာဂေ့လေရယ်။ 60များစွာဝိုလူဒွေဟ မှန်ကန်ဘဲဝိုထွက်ဆိုချင့်ဒွေဝို ထွက်ဆိုဂေ့ဘေမဲ့ ဟဲရာသက်သေထော့ထားဝိုမှတွီ့ရ။ နော့ဆုံးမှာ လူနှေ့ယော့ဟလာပီး < 61"အယ်လူဟ "ဘုရားရှင်ရဲ့ဗိမာန်တော်ဝို ဖြိုဖျစ်ပီး သုံးရစ်တွမ်းထဲ ပလန်လည်တည်ဆော့နိုင်ရယ်" ဆိုပီး ပြောပါရယ်" ဆိုပီး ထွက်ဆိုလေရယ်။ 62အဲခါ ကီးဆုံးပုရောဟိတ်ဟထပီး ကိုယ်တော်ယေရှုဝို "သင့်ဝို စွပ်စွဲပြောဆိုဇာဒွေဝို ပလန်လည်ချေပပြောဆိုဇာမှေ့ဘဲန နေသလော၊ အယ်မိုလူဒွေဟ သင့်ဝိုစွပ်စွဲနေဇာဒွေဟ ဟဲမျိုးနူး" ဆိုပီး မေးလေရယ်။ 63အယ်ဘေမဲ့ ကိုယ်တော်ယေရှုဟ ပလန်လည်ဖြေကြားဇာမှေ့ဘဲန တိဆိစွာနေတော်မူလေရယ်။ အဲခါ ကီးဆုံးပုရောဟိတ်ဟ "ခုသက်တော်ထင်ရှားရှေ့ဝို ဘုရားရှင်ရဲ့မည်နာမတော်ဝို တိုင်တည်ပီး သင့်ဝိုငါမိပေးမယ်။ သင်ဟ ဘုရားရှင်ရဲ့သား ကယ်တံရှင်ခရစ်တော် ဟုတ်ပါသလော" ဆိုပီး မေးလေရယ်။ 64ကိုယ်တော်ယေရှုဟ "နန်ပြောဝိုတိုင်းဘဲ့ဖြစ်ရယ်။ အဲမိုပြင် နန့်ဝို ငါပြောမယ် နော်တခီမှာ လူ့သားတော်ဟ ဘုန်းဂိုးတော်နပလဲ့ဇုံတော်မူဝို အဖဘုရားရှင်ရဲ့ လက်ယာတော်မှာထိုင်ပီး ကောကံဟမိုးတီဒွေဝိုစီးပီး ကြွလာတော်မူဇာဝို နန်းနို့ဗြင်ဂေ့ရလိမယ်" ဆိုပီး ပလန်မိတော်မူလေရယ်။ 65အဲခါ ကီးဆုံးပုရောဟိတ်ဟ သူ့ဝတ်ရုံဝိုစုဖလဲပီး "သူဟ ဘုရားရှင်ဝို စော်ကားပြောဆိုနေလေပြီ၊ နော့ထပ်ဟဲရာသက်သေဒွေ လိုသေးနူး။ ဘုရားရှင်ဝိုစော်ကားပြောဆိုနေဇာဝို နန်းနို့ခုဘဲ့ကြားဂေ့ရပီ။ 66နန်းနို့ဟဲမျိုးထံဂေ့နူး" ဆိုပီး ပြောခါမှာ အဲမိုသူဒွေဟ "သူဟ သေဒဏ်ကလခံသင့်ရယ်" ဆိုပီးပလန်လည်ဖြေဂေ့လေရယ်။ 67အဲနော့ သူ့နို့ဟ ကိုယ်တော်ရဲ့မျစ်နှာဝို ထွီးရေနထွီးပြီး ကိုယ်တော်ဝို ထိုးနှက်ဂေ့လေရယ်။ ချို့လူဒွေဟ ကိုယ်တော်ဝိုရိုက်နက်ပြီး 68"နန်ဟ မေရှိယဆိုဝါ နန့်ဝိုရိုက်ဝိုလူဟ ဟယ်သူဖြစ်ဇာဝို ဟောဂေ့ပါ" ဆိုပီး ပြောလေရယ်။ 69အဲမျိုးဖြစ်ပျစ်နေခီမှာ ပေတရုဟ အီပလန်ခြံဝန်းထဲမှာထိုင်နေလေရယ်။ အဲခါ စေခံမျိုးမီးတယော့ဟ သူနားဝိုချဉ်းကပ်လာပီး "နန်ဟလည်း ဂါလိလဲနယ်သား ကိုယ်တော်ယေရှုရဲ့ ပေါပါတယော့ဖြစ်ရယ်" ဆိုပီး ပြောလေရယ်။ 70အယ်ဘေမဲ့ ပေတရုဟ သူမဝို "နန်ပြောနေဇာဝို ငါသိရ" ဆိုပီး လူဒွေရှေ့မှာ ဂျင်းလေရယ်။ 71ဝန်းခေါ့ပေါ့ရှေ့ရာဖက်ဝိုထွက်သွားရာ ခြားမျိုးမီးစေခံယော့ဟလည်း "အယ်မိုသူဟ နာဇရတ်ဗြို့သား ကိုယ်တော်ယေရှုနတူတူရှေ့ခဲ့ရယ်"ဆိုပီး ပြောပြန်လေရယ်။ 72ပေတရုဟလည်း "နန်ပြောဝိုလူဝို ငါသိရ"ဆိုပီး ကလီဆိုပီး ဂျင်းလေရယ်။ 73ရှစ်သားကြာမှာ နီးမှာရပ်နေဝိုလူဒွေဟ ပေတရုဆီဝိုချဉ်းကပ်ပီး " နန်ဟလည်း အဲမိုသူဒွေထဲဟ ယော့ဖြစ်ရမယ်။ ဟဲဂျော့ဆိုဝါ နန့်ပြောပုံဆိုပုံဟ ဂါလိလဲနယ်ဟဆိုဇာဝို သိသာစေရယ်" ဆိုပီး ပြောဂေ့ပြန်ရယ်။ 74ပေတရုဟလည်း " နန်းနို့ပြောနေဝိုလူဝို ငါသိရဆိုဇာဟ မှန်ဘဲ့" ဆိုပီး ကလီဆိုပြီး ပြောနေခီမှာဘဲ့ ရုတ်တရစ် ကြစ်ဟထသွန်လေရယ်။ 75အဲခါ ပေတရုဟ "ကြစ်မသွန်ခံ နန်ဟ ငါ့ဝိုသုံးကြီတိုင်တိုင် 'သိရ' ဆိုပီး ဂျင်းလိမယ်" ဆိုပီး ကိုယ်တော်ယေရှုမိခဲ့ဝိုဂါးဝို ဒိရရိတွက် ပလန်ဖက်ဝိုထွက်ပီး ဝမ်းနည်းကြေကွဲစွာနငိုကြွေးလေရယ်။