25
1ရွှေဗြို့တော်ရဲ့သာသနာတော်ဟ မိမိဒို့ရဲ့ဆီမီးခွက်ဝိုကိုင်ဆွဲပီး ဒို့သားဝို ခရီးဦးကြိုဝို့ ထွက်လာဝို ပျိုကညာ ဆယ်ယော့နတူလေရယ်။ 2အဲမိုဒွေထဲဟ ငါးယော့ဟ မိုက်မဲဝိုသူဒွေဖြစ်ပြီး ခြားငါးဦးဟ ညဏ်ပညာရှေ့ဝိုလူဒွေဖြစ်ရယ်။ 3မိုက်မဲဝိုသူဒွေဟ မီးအီဝိုယူဆော်သွားဘေမဲ့ ဆီဝိုကလလော ယူသွားဂေ့ရ။ 4မိုက်မဲဝိုသူဒွေဟ မီးအီဝိုယူဆော်သွားဘေမဲ့ ဆီဝိုကလလော ယူသွားဂေ့ရ။ 5ဒို့သားဟလဲ နှော့နှေးကြန့်ကြာနေတွက်ဂျော့ ညဉ့်နက်လာရိတွက် အဲမိုပျိုကညာဒွေဟ အိငိုက်ပီး အိပျော်သွားဂေ့လေရယ်။ 6ညစ်သဂေါ်ခီဝိုရော့လာခီမှာ ဇုံတစ်ဦးဟ "ကေ့ပါလော့၊ ဒို့သားရော့လာလေပြီ ပလန်ထွက်ပီးကြိုဆိုဂေ့ပါလော့"ဆိုပီး အော်ဟစ်သံကြားရလေရာ 7ပျိုကညာဒွေဟလည်းထပီး သူ့နို့ရဲ့မီးအီဒွေဝို ထွန်းညှိဝို့ပြင်ဆင်ဂေ့လေရယ်။ 8အဲခါ မိုက်မဲဝိုသူဒွေဟ "နို့မီးအီဟ ဆီကုန်တော့မှာဖြစ်ရိတွက်ဂျော့ ဆီချို့ဝိုခွဲပေးပါ" ဆိုပီး ပညာရှေ့ဝိုသူဒွေဝိုပြောလေရယ်။ 9အယ်ဘေမဲ့ ပညာရှေ့ဝိုသူဒွေဟ "နန်းနို့ဝိုခွဲပေးလိုက်မယ်ဆိုဝါ နန်းနို့တွက်န နို့တွက်ပါ လုံလော့ဘဲရိတွက် ဆီရောဝိုဆိုင်ဝိုဘဲ့သွားပီး ကိုယ်တိုင်သွားဝယ်ပါ" ဆိုပီး ပလန်ပြောဂေ့လေရယ်။ 10ပညာမဲ့ဝိုပျိုကညာဒွေ ဆီသွားဝယ်နေခီမှာ ဒို့သားရော့လာရိတွက် ဆင်သင့်ဖြစ်နေဝိုသူဒွေဟ ဒို့သားနတူ မြင်ဂလာခန်းမဝိုဝမ်ရော့ပြီး ခန်းမခေါ့ပေါ့ဝိုပိဂေ့လေရယ်။ 11အဲနော့ ပညာမဲ့ဝို ပျိုကညာဒွေဟလည်း ရော့လာပီး "အရှင်၊ အရှင်၊ ကျွန်မဒို့ဝို ခေါ့ပေါ့ဖွမ့်ပေးပါ" ဆိုပီး ပြောဂေ့လေရယ်။ 12အဲခါ ဒို့သားဟ "နန်းနို့ဝို ငါသိဘဲရိတွက် ခေါ့ပေါ့ဝိုဖွမ့်ပေးနိုင်ရ" ဆိုပီး ပြောလေရယ်။ 13အဲနော့ ကိုယ်တော်ယေရှုဟ "အဲမိုမျိုးဘဲ့ နန်းနို့ဟလည်း အဲမိုမျိုးမဖြစ်စေဝို့ ဒိနစော့နေဂေ့လော့၊ ဟယ်နေ့ ဟယ်ခီမှာ ငါပလန်လာမယ်ဆိုဇာဝို နန်းနို့သိဂေ့ရ။" ဆိုပီး မိတော်မူလေရယ်။ 14 ထပ်ပီး ကိုယ်တော်ဟ "ရွှေဗြို့တော်ရဲ့သာသနာတော်ဟ ခရီးရှည်ထွက်ဝို့လုပ်နေဝိုဌေးတယော့နတူရယ် ဌေးတယော့ဟ သူ့စေခံဒွေဝိုခေါ်ပီး သူ့ဥစ္စာပစ္စည်းဒွေဝို ပေးအပ်ရစ်ဇာနတူရယ်။ 15သူဟ စေခံယော့ချင်းစီဝို ယော့ဝို ငါးတာလန်၊ ယော့ဝို နှေ့တာလန် န ယော့ဝို တစ်တာလန်ဝို သူ့နို့နထိုက်တန်ဝို ရည်ချင်းနအညီ ပေးအပ်ပီး ခရီးရှည်ထွက်သွားလေရယ်။ 16အဲခါ ငါးတာလန်ရဝိုစေခံဟ ချင့်ချင်းသွားပီး အဲမိုငွေဒွေဝို ရင်းနှီးမြုပ်နှံလိုက်လေရာ နော့ထပ်မလတ်ငွေ ငါးတာလန်ဝို ရရှေ့လေရယ်။ 17အဲမိုမျိုးဘဲ့ နှေ့တာလန်ရဝိုစေခံဟလည်း နော့ထပ်နှေ့တာလန်မလတ်ရလေရယ်။ 18တစ်တာလန်ရရှေ့ထားဝို စေခံကလလော မလေကီးတွမ်းတူးပီး သူ့သခင်ပေးဝို ငွေဝို ဝှက်ထားလေရယ်။ 19ခီကလာန ဌေးပလန်လာပီး အဲမိုစေခံဒွေနစာရင်းရှင်းလေရယ်။ 20အဲခါ ငါးတာလန်ရထားဝိုစေခံဟ ဌေးဆီသွားပီး နော့ထပ်မလတ်ရဝို ငါးတာလန်ဝို ဆက်သပီး "ဌေး ဌေးကျော်ဝို အပ်ထားဝို ငါးတာလန်ဟ နော့ထပ်ငါးတာလန် မလတ်ရပါပြီ။ ကေ့ပါလော့" ဆိုပီး လျှော့လေရယ်။ 21ဌေးဟလည်း "ကောင်းလေစွ။ နန်ဟ သစ္စာစော့သိဝို စေခံဖြစ်ရယ်။ ပမာဏနည်းငယ်ဝိုရာဝို စီမံခန့်ခွဲရာမှာ သစ္စာရှေ့ရိတွက် ပမာဏများစွာဝိုရာဒွေဝို အုပ်ထီးစေပါမယ်။ နန်ပျော်ရွှင်ပါလော့။" ဆိုပီး ပြောလေရယ်။ 22နှေ့တာလန်ရဝိုသူဟလည်း ဌေးဆီဝိုလာပီး "ဌေး၊ ကျနော့်ဝိုအပ်ရားဝို နှေ့တာလန်ဟ နော့ထပ်နှေ့တာလန် မလတ်ရပါပြီ။ ကေ့ပါလော့" ဆိုပီး လျှော့လေရယ်။ 23"ကောလေစွ၊ နန်ဟ စေခံကောတစ်ယော့ဖြစ်ပေရယ်။ နည်းငယ်ဝိုရာပေါ်မှာ နန်ဟ သစ္စာစော့သိရိတွက် များစွာဝိုရာဒွေဝို ကြီးကြပ်စော့ရှော့စေမယ်။ ငါ့ဆီမှာ ပျော်ရွှင်ဝမ်းမြော့စွာ ဆော်ဝက်ပါလော့" ဆိုပီး ပြောလေရယ်။ 24တစ်တာလန်ရဝိုသူဟလည်း "သခင်ဟ မိမိစိုက်ပျိုးဘဲနရဝိုရာဒွေဝို ရိသီးပြီး မိမိမျိုးမကြဲထားဝို ရာဒွေဝိုလည်း သီးယူတတ်ဒဲ့ ခက်ထန်ဝိုလူဖြစ်ကြော ကျော်သိပါရယ်။ 25အဲဂျော့ ကျော်ဟ ကြော့ရိ သခင်ပေးထားဝိုငွေဒွေဝို မလေကီးထဲမှာသွားပီး ဝှက်ထားပါရယ်။ ကေ့ပါလော့ သခင့်ငွေဒွေရှေ့ပါရယ်။" ဆိုပီး လျှော့လေရယ်။ 26အဲခါ ဌေးဟလည်း "မိုက်မဲပီး ပျင်းရိဝိုစေခံ၊ ငါဟ စိုက်ပျိုးပဲနရိသီးတတ်ပြီး မျိုးကြဲပဲန သီးယူတတ်မှန်း နန်သိရယ်ဆိုဝါ 27ငါ့ငွေဒွေဝို တိုးပေးသူဒွေဆီမှာ နန်အပ်ရားသင့်ရယ်။ နန်အဲမျိုးပြုလုပ်မယ်ဆိုဝါ ငါပလန်လာဝိုခါမှာ အဲငွေဟ တိုးဒွေနတကွရရှေ့လိမယ်။ 28အဲဂျော့ သူ့ဆီမှာရှေ့ဝို တစ်တာလန်ဝိုယူပီး များပြားရှေ့ဝိုသူဒွေဝို ပေးဂေ့လော့။ 29ဟဲဂျော့ဆိုဝါ ရှေ့ဝိုလူဒွေဝို ထပ်ပေးတွက်ဂျော့ သူ့နို့ဟ ပိုပီးချမ်းသာကြွယ်ဝလိမယ်။ မှေ့ဘဲသူဒွေဆီမှာလော သူ့မှာရှေ့ဝိုရာဒွေဝိုမှ သီးယူလိမယ်။ 30အဲမိုသုံးမဝမ်ဘဲဝို စေခံဝို ပလန်ဘက်ရှေ့မှော်မိုက်ဝိုနေရာဝို ပစ်ထားဂေ့လော့။ အဲမိုနေရာမှာ အံကလိပီးငိုနေရမှာဖြစ်ရယ်။" ဆိုပီး ပြောလေရယ်။ 31လူ့သားတော်ဟ နတ်ဒေဝါဒွေနတူ ဘုရင်တစ်ပါးနေန ကြွလာတော်မူပြီး မိမိရဲ့ဘုန်းအသရေတော်နပလဲ့ဇုံဝို ပုလ္လင်တော်ပေါ်မှာ ထိုင်နေမှာဖြစ်ရယ်။ 32လူမျိုးပေါဒွေဟလည်း ကိုယ်တော်ရှေ့တော်မှာ စုဝေးရော့ရှေ့လာဂေ့လိမယ်။ အဲခါ သိုးထီးဟ သိုးဒွေနဆိဒွေဝို သီးခြား အုပ်စုခွဲထားမျိုး ကိုယ်တော်ဟ လူဒွေဝို ယော့နယော့ သီးသန့်ခွဲခြားပီး 33သိုးဒွေဝို သူ့ရဲ့လက်ယာတော်ဖက်မှာထားရှေ့ပြီး ဆိဒွေဝို လက်ဝဲတော်မှာခွဲခြားပီး ထားတော်မူလိမယ်ဖြစ်ရယ်။ 34အဲနော့ ရှင်ဘုရင်ဟ မိမိလက်ယာတော်ဖက်မှာ ရှေ့နေဝိုသူဒွေဝို "ငါ့ဖခမည်းတော်ဘုရားရှင်ဆီဟ ကောချီးမြင်ဂလာခံစားရဝိုသူဒို့ ဘာဦးစဒဲဟနေ နန်းနို့တွက်ပြင်ဆင်တော်မူရားဝို သာသနာတော်ဝို လာပီး မွီဆက်ခံဂေ့လော့၊ 35ဟဲဂျော့ဆိုဝါ နန်းနို့ဟ ငါဆာလော်ဝိုခီမှာ ငါ့ဝိုစားဇာဒွေကျွေးမွီးဂေ့ရယ်။ ငါရေငတ်ဝိုခီမှာ နန်းနို့ဟ ငါ့ဝိုသော့စရာဝိုပေးဂေ့ရယ်။ ငါဟ ဇီးဧည့်သည်မျိုး ဖြစ်နေဝိုခါမှာလည်း နန်းနို့ဟ နန်းနို့ရဲ့အီမှာ ကြိုဆိုလက်ခံဂေ့ရယ်။ 36ငါဟ ဝတ်စရာဝတ်စားလုံလော့ဘဲဝိုခါမှာလဲ နန်းနို့ဟ ငါ့ဝို ဝတ်ဝို့ဝတ်စားချို့ဝိုပေးခဲ့ရယ်။ ငါ နာမကျန်းဖြစ်ဝိုခါမှာလည်း နန်းနို့ဟ ငါ့ဝိုဂရုတစိုက်နဂေ့ရှုဂေ့ရယ်။ ငါ ကျဉ်းကလဝိုခါမှာလည်း နန်းနို့ဟ ငါ့ဆီဝိုလာဂေ့ရယ်။" ဆိုပီး မိတော်မူလေရယ်။ 37အဲခါ ဖြော့မတ်ဝိုသူဒွေဟ "အရှင် ကျနော်ဒို့ဟ ကိုယ်တော်ဆာလော်ရိ စားဇာဒွေဝိုကျွေးမွီးပြီး ကိုယ်တော်ဟ ရေငတ်ရိ သော့ဇာဒွေဝို ပေးဇာဝို ဟယ်ခါမှာဗြင်တွီ့ရနူး။ 38ဟယ်ခါမှာကိုယ်တော်ဟ ဇီးဧည့်သည်ဖြစ်တော်မူဇာဝိုဗြင်ပီး ကြိုဆိုလက်ခံခဲ့ဖူးပါနူး။ အဲမျိုးမုဘဲနေဆိုဝါ ဝတ်ဗလာဖြစ်ဗြင်ပီး ဝတ်စရာဒွေဝိုပေးခဲ့ဖူးပါလော။ 39ဟယ်ခါမှာ ကိုယ်တော်ဟ နာမကျန်းဖြစ်ပြီး ဟယ်ခါမှာ ကျဉ်းကလပီး ကိုယ်တော့ဆီဝိုလာခဲ့ဖူးပါနူး" ဆိုပီး ရှင်ဘုရင်ဝို ပလန်လျှော့ဂေ့လိမယ်။ 40အဲခါ ရှင်ဘုရင်ဟလည်း "နန်းနို့ဝိုငါမှန်ဆိုမယ်၊ ငါ့ဗြိတော်ဒွေထဲဟနေ ရေးမပါဆုံးဖြစ်ဝို ဇုံတယော့ဝို နန်းနို့ပြုရစ်ဇာဒွေဟ ငါ့ဝိုပြုရစ်ဇာနတူတူဘဲ့ဖြစ်ရယ်။" ဆိုပီး ပလန်မိတော်မူလိမယ်။ 41အဲနော့ ရှင်ဘုရင်ဟ လက်ဝဲတော်ဖက်မှာရှေ့နေဝို သူဒွေဝို "ကလီဆဲဇာသင့်နေဝိုသူဒွေ၊ ငါ့ဆီဟနေထွက်သွားပီး မာရ်နတ် န သူ့ကောဆိုးဝါးဒွေတွက် ပြင်ဆင်ထားဝို ထာဝရလော်မြိုက်နေဝို မီးထဲဝို သွားဂေ့လော့။ 42ဟဲဂျော့ဆိုဝါ ငါဆာလော်ဝိုခီမှာ နန်းနို့ဟ ငါ့ဝိုစားဇာမပေး၊ ငါရေငတ်ဝိုခါမှာလည်း နန်းနို့ဟ ငါ့ဝိုသော့ဇာမပေးဂေ့ရ။ 43ဟဲဂျော့ဆိုဝါ ငါဆာလော်ဝိုခီမှာ နန်းနို့ဟ ငါ့ဝိုစားဇာမပေး၊ ငါရေငတ်ဝိုခါမှာလည်း နန်းနို့ဟ ငါ့ဝိုသော့ဇာမပေးဂေ့ရ။ 44အဲခါ သူနို့ဟလည်း "အရှင်၊ ကျော်ဒို့ဟ ဟယ်ခါမှာ ကိုယ်တော်ဆာလော်တော်မူဇာဝိုလည်းကောင်း၊ ရေငတ်တော်မူဇာဝိုလည်းကောင်း၊ ဇီးဧည့်သည်ဖြစ်တော်မူဇာဝိုလည်းကောင်း၊ ဝတ်ဇာမှေ့ဘဲဝိုဖြစ်တော်မူဇာဝိုလည်းကောင်း၊ နာမကျန်းဖြစ်တော်မူဇာဝိုလည်းကောင်း၊ ကျဉ်းကလတော်မူဇာဝိုလည်းကောင်း ဗြင်ပီး ကိုယ်တော်ဝိုလုပ်ကျွေးပြုစုဘဲနနေဂေ့နူး"ဆိုပီး ပလန်လျှော့ဂေ့လိမယ်။ 45ရှင်ဘုရင်ဟလည်း "နန်းနို့ဝို ငါမှန်ဆိုမယ်။ အယ်မိုဗြိတော်ဒွေထဲဟနေ ရေးမပါဆုံး ဇုံတယော့ဝို သင်ဒို့ပြုမူဘဲဇာဒွေဝို ငါ့ဝိုပြုမူဘဲဇာဖြစ်ရယ်"ဆိုပီး ပလန်မိတော်မူလိမယ်။ 46အဲခါ အယ်မိုသူဒွေဟ ထာဝရပြစ်ဒဏ်ခံရဝို့နေရာဝို သွားဂေ့ရလိမယ်။ ဖြော့မတ်ဝိုသူဒွေထဲဟ ထာဝရသက်ရှင်ရာရပ်ဝို သွားဂေ့ရလိမယ်"ဆိုပီး မိတော်မူလိမယ်။