Zechariah 14:8-16

ထိုနေ့ရက်၌ အသက်ရေသည် ယေရုရှလင်မြို့မှထွက်၍၊ နွေကာလဖြစ်စေ၊ ဆောင်းကာလဖြစ်စေ၊ အရှေ့ပင်လယ်သို့ တစ်ဝက်၊ အနောက်ပင်လယ်သို့ တစ်ဝက် စီးသွားလိမ့်မည်။ ထာဝရဘုရားသည် တစ်ပြည်လုံးတွင် ရှင်ဘုရင် ဖြစ်တော်မူမည်။ ထိုနေ့ရက်၌ ထာဝရဘုရားတစ်ပါးတည်း၊ နာမတော်တစ်ပါးတည်း ဖြစ်တော်မူမည်။ ဂေဘမြို့မှသည် ယေရုရှလင်မြို့ တောင်ဘက်၊ ရိမ္မုန်မြို့တိုင်အောင် တစ်ပြည်လုံးကို ချိုင့်ကဲ့သို့ တညီတည်း ဖြစ်စေတော်မူမည်။ မြို့သည်လည်း ဗင်္ယာမိန်တံခါးမှသည် အရင်တံခါးရာ၊ မြို့ထောင့်တံခါး တိုင်အောင်လည်းကောင်း၊ ဟာနနေလရဲတိုက်မှသည် စပျစ်သီးနယ်ရာ တန်ဆာတော် တိုင်အောင်လည်းကောင်း ချီးမြှောက်ခြင်းကိုခံ၍၊ မြို့ဟောင်းရာ၌ တစ်ဖန် တည်ရလိမ့်မည်။ နောက်တစ်ဖန် ယေရုရှလင်မြို့သည် ကျိန်ခြင်းဘေးကိုမခံ၊ မြို့သားတို့သည် နေရာကျ၍ စိုးရိမ်စရာမရှိဘဲ နေကြလိမ့်မည်။ ယေရုရှလင်မြို့ကို တိုက်လာသော လူမျိုးအပေါင်းတို့၌ ထာဝရဘုရား ပေးတော်မူသော ဘေးဒဏ်ဟူမူကား၊ ခြေဖြင့်ရပ်လျက်ပင် သူတို့အသားလျော့ပျက်လိမ့်မည်။ မျက်အိမ်၌ မျက်လုံး လျော့ပျက်လိမ့်မည်။ လျှာသည်လည်း ခံတွင်း၌ လျော့ပျက်လိမ့်မည်။ ထိုနေ့ရက်၌ ထာဝရဘုရား၏တန်ခိုးတော်ကြောင့် သူတို့သည် အလွန်ရုန်းရင်းခတ်မျှပြု၍၊ တစ်ယောက်ကိုတစ်ယောက် လက်ချင်းရိုက်သော်လည်း၊ တစ်ယောက်ကိုတစ်ယောက် တိုက်၍ သတ်ကြလိမ့်မည်။ ယုဒအမျိုးသားတို့လည်း ယေရုရှလင်မြို့၌ တိုက်ကြလိမ့်မည်။ ပတ်လည်၌နေသော တစ်ပါးအမျိုးသားအပေါင်းတို့၏ ဥစ္စာစည်းစိမ်တည်းဟူသော၊ များစွာသော ရွှေငွေအဝတ်တန်ဆာစုပုံလျက် ရှိကြလိမ့်မည်။ မြင်း၊ လား၊ ကုလားအုတ်၊ မြည်းမှစ၍ ရန်သူတပ်တွင် ရှိသမျှသော တိရစ္ဆာန်တို့၌ပေးသောဘေးဒဏ်သည်၊ အထက်ဆိုခဲ့ပြီးသော ဘေးဒဏ်နှင့် တူလိမ့်မည်။ ယေရုရှလင်မြို့ကို တိုက်လာသော လူမျိုးအပေါင်းတို့တွင် ကျန်ကြွင်းသမျှသောသူတို့သည်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို ကိုးကွယ်၍၊ သကေနေပွဲခံအံ့သောငှာ မြို့တော်သို့ နှစ်တိုင်းအစဉ် တက်လာကြလိမ့်မည်။
ဇာခရိ 14:8-16