Ruth 1:15-18

နောမိကလည်း၊ သင့်အစ်မသည် အမျိုးသားရင်း ဘုရားရင်းတို့ထံသို့ ပြန်သွားပြီ။ အစ်မနောက်သို့ လိုက်သွားပါဟုဆိုသော်၊ ရုသက၊ ကျွန်မသည် ကိုယ်တော်ကို မစွန့်ပါရစေနှင့်။ နောက်တော်သို့မလိုက်ဘဲ ပြန်သွားစေခြင်းငှာ မပြုပါနှင့်။ ကိုယ်တော်သွားလေရာရာသို့ ကျွန်မလိုက်ပါမည်။ ကိုယ်တော်အိပ်လေရာရာ၌ ကျွန်မအိပ်ပါမည်။ ကိုယ်တော်အမျိုးသည် ကျွန်မအမျိုး၊ ကိုယ်တော်ဘုရားသည် ကျွန်မဘုရား ဖြစ်ပါစေ။ ကိုယ်တော်သေရာအရပ်၌ ကျွန်မသေ၍ သင်္ဂြိုဟ်ခံပါမည်။ သေခြင်းမှတစ်ပါး၊ အခြားသောအမှုကြောင့် ကိုယ်တော်နှင့်ကျွန်မ ကွာလျှင်၊ ထာဝရဘုရားသည် ကျွန်မ၌ ထိုမျှမက ပြုတော်မူပါစေသောဟု ပြန်ဆို၏။ ရုသသည် လိုက်ခြင်းငှာ ခိုင်ခံ့သောစိတ်ရှိသည်ကို နောမိသည်သိမြင်သော် တိတ်ဆိတ်စွာနေလေ၏။
ရုသ 1:15-18