YouVersion လိုဂို
ရှာရန် အိုင်ကွန်

Romans 4:1-8

ရောမ 4:1-8 - ထို​သို့​ဖြစ်​လျှင်၊ ငါ​တို့​အ​ဘ​အာ​ဗြ​ဟံ​သည် ဇာ​တိ​ပ​က​တိ​အား​ဖြင့် အ​ဘယ်​အ​ကျိုး​ကို​ရ​သ​နည်း။- အာ​ဗြ​ဟံ​သည် အ​ကျင့်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​သည်​မှန်​လျှင် ဝါ​ကြွား​စ​ရာ​အ​ကြောင်း​ရှိ၏။ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ထို​သို့​မ​ဟုတ်။- ကျမ်း​စာ၌ အ​ဘယ်​သို့​လာ​သ​နည်း။ အာ​ဗြ​ဟံ​သည် ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​သည်​ဖြစ်၍၊ သူ၏​ယုံ​ကြည်​ခြင်း​ကို ဖြောင့်​မတ်​ခြင်း​ကဲ့​သို့ မှတ်​တော်​မူ၏။- အ​ကျင့်​ရှိ​သော​သူ​မည်​သည်​ကား၊ ကျေး​ဇူး​အား​ဖြင့် အ​ကျိုး​ကို ခံ​ရ​သည်​မ​ဟုတ်။ ခံ​ထိုက်​သော​အား​ဖြင့် ခံ​ရ၏။- အ​ကျင့်​မ​ရှိ​သော​သူ​မည်​သည်​ကား၊ မ​တ​ရား​သော​သူ၏​အ​ပြစ်​ကို ဖြေ​သော​သူ​ကို ယုံ​ကြည်​လျှင်၊ သူ၏​ယုံ​ကြည်​ခြင်း​ကို ဖြောင့်​မတ်​ခြင်း​ကဲ့​သို့ မှတ်​လျက်​ရှိ၏။- ထို​အ​တူ၊ ဘု​ရား​သ​ခင်​သည် အ​ကျင့်​ကို မ​ထောက်​ဘဲ​လျက် ပေး​တော်​မူ​သော ဖြောင့်​မတ်​ခြင်း​ကို ရ​သော​သူ၏​မင်္ဂ​လာ​ကို ဒါ​ဝိဒ်​သည်​ရည်​မှတ်၍ ဆို​သည်​ကား၊- အ​ပြစ်​မှ​လွှတ်​ခြင်း၊ ဒု​စ​ရိုက်​အ​ပြစ်​ကို ဖုံး​အုပ်​ခြင်း​သို့ ရောက်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။- ထာ​ဝ​ရ​ဘု​ရား​အ​ပြစ်​တင်​တော်​မူ​ခြင်း​နှင့် လွတ်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏​ဟု ပြော​ဆို​သ​တည်း။

ထို​သို့​ဖြစ်​လျှင်၊ ငါ​တို့​အ​ဘ​အာ​ဗြ​ဟံ​သည် ဇာ​တိ​ပ​က​တိ​အား​ဖြင့် အ​ဘယ်​အ​ကျိုး​ကို​ရ​သ​နည်း။- အာ​ဗြ​ဟံ​သည် အ​ကျင့်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​သည်​မှန်​လျှင် ဝါ​ကြွား​စ​ရာ​အ​ကြောင်း​ရှိ၏။ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ထို​သို့​မ​ဟုတ်။- ကျမ်း​စာ၌ အ​ဘယ်​သို့​လာ​သ​နည်း။ အာ​ဗြ​ဟံ​သည် ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​သည်​ဖြစ်၍၊ သူ၏​ယုံ​ကြည်​ခြင်း​ကို ဖြောင့်​မတ်​ခြင်း​ကဲ့​သို့ မှတ်​တော်​မူ၏။- အ​ကျင့်​ရှိ​သော​သူ​မည်​သည်​ကား၊ ကျေး​ဇူး​အား​ဖြင့် အ​ကျိုး​ကို ခံ​ရ​သည်​မ​ဟုတ်။ ခံ​ထိုက်​သော​အား​ဖြင့် ခံ​ရ၏။- အ​ကျင့်​မ​ရှိ​သော​သူ​မည်​သည်​ကား၊ မ​တ​ရား​သော​သူ၏​အ​ပြစ်​ကို ဖြေ​သော​သူ​ကို ယုံ​ကြည်​လျှင်၊ သူ၏​ယုံ​ကြည်​ခြင်း​ကို ဖြောင့်​မတ်​ခြင်း​ကဲ့​သို့ မှတ်​လျက်​ရှိ၏။- ထို​အ​တူ၊ ဘု​ရား​သ​ခင်​သည် အ​ကျင့်​ကို မ​ထောက်​ဘဲ​လျက် ပေး​တော်​မူ​သော ဖြောင့်​မတ်​ခြင်း​ကို ရ​သော​သူ၏​မင်္ဂ​လာ​ကို ဒါ​ဝိဒ်​သည်​ရည်​မှတ်၍ ဆို​သည်​ကား၊- အ​ပြစ်​မှ​လွှတ်​ခြင်း၊ ဒု​စ​ရိုက်​အ​ပြစ်​ကို ဖုံး​အုပ်​ခြင်း​သို့ ရောက်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။- ထာ​ဝ​ရ​ဘု​ရား​အ​ပြစ်​တင်​တော်​မူ​ခြင်း​နှင့် လွတ်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏​ဟု ပြော​ဆို​သ​တည်း။

ရောမ 4:1-8

Romans 4:1-8