Psalm 105:1-6

ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ နာမတော်ကို ပတ္ထနာပြုကြလော့။ အမှုတော်တို့ကို လူများတို့အား ပြသကြလော့။ ထာဝရဘုရားကို သီချင်းဆိုကြလော့။ ဆာလံသီချင်းကို ဆိုကြလော့။ အံ့ဖွယ်သော အမှုတော်အပေါင်းတို့ကို ဟောပြောကြလော့။ သန့်ရှင်းသောနာမတော်၌ ဝါကြွားဝမ်းမြောက်ကြလော့။ ထာဝရဘုရားကိုရှာသောသူတို့သည် စိတ်နှလုံး ရွှင်လန်းကြစေ။ ထာဝရဘုရားနှင့် တန်ခိုးတော်ကိုရှာကြလော့။ မျက်နှာတော်ကို အစဉ်မပြတ်ရှာကြလော့။ စီရင်တော်မူသော အံ့ဩဖွယ်တို့ကိုလည်းကောင်း၊ ထူးဆန်းသောအမှုတော်တို့နှင့် နှုတ်ထွက်ပညတ်တို့ကိုလည်းကောင်း အောက်မေ့ကြလော့။ ထာဝရဘုရား၏ကျွန် အာဗြဟံအမျိုး၊ ရွေးကောက်တော်မူသော ယာကုပ်အနွယ်တို့၊
ဆာလံ 105:1-6