YouVersion လိုဂို
ရှာရန် အိုင်ကွန်

Psalms 104:24-34

ဆာလံ 104:24-34 - အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​စီ​ရင် ပြု​ပြင်​တော်​မူ​သော​အ​ရာ​တို့​သည် အ​လွန်​များ​ပြား​ပါ၏။ ရှိ​ရှိ​သ​မျှ​တို့​ကို ပ​ညာ​တော်​အား​ဖြင့် ဖန်​ဆင်း​တော်​မူ၏။ မြေ​ကြီး​သည် ဘ​ဏ္ဍာ​တော်​နှင့် ကြွယ်​ဝ​ပါ၏။ မ​ရေ​တွက်​နိုင်​အောင် တွား​တတ်​သော​တိ​ရ​စ္ဆာန်​အ​စ​ရှိ​သော တိ​ရ​စ္ဆာန်​အ​ကြီး​အ​ငယ်​အ​များ​တို့​နေ​ရာ ကြီး​မား​ကျယ်​ဝန်း​သော သ​မု​ဒ္ဒ​ရာ​လည်း​ရှိ​ပါ​သေး၏။ ထို​အ​ရပ်၌ သင်္ဘော​တို့​သည် သွား​လာ​ကြ​ပါ၏။ ထို​အ​ရပ်၌ ကွန့်​မြူး​စေ​ခြင်း​ငှာ ဖန်​ဆင်း​တော်​မူ​သော ငါး​ကြီး​လ​ဝိ​သန်​သည်​လည်း​ရှိ​ပါ၏။ ထို​သို့​သော တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​သည် အ​ချိန်​တန်​လျှင် အ​စာ​ကျွေး​တော်​မူ​စေ​ခြင်း​ငှာ၊ ကိုယ်​တော်​ကို မျှော်​လင့်​လျက်​နေ​ကြ​ပါ၏။ ကိုယ်​တော်​ချ​ထား​တော်​မူ​သည်​အ​တိုင်း သူ​တို့​သည် သိမ်း​ယူ​ကြ​ပါ၏။ လက်​တော်​ကို ဖွင့်​တော်​မူ​သော​အား​ဖြင့်၊ သူ​တို့​သည် ကောင်း​သော​အ​ရာ​နှင့် ရောင့်​ရဲ​ကြ​ပါ၏။ မျက်​နှာ​တော်​ကို​လွှဲ​တော်​မူ​လျှင်၊ သူ​တို့​သည် ပင်​ပန်း​ကြ​ပါ၏။ သူ​တို့​အ​သက်​ကို ရုပ်​သိမ်း​တော်​မူ​လျှင်၊ သူ​တို့​သည်​သေ၍ မိ​မိ​တို့​မြေ​မှုန့်​ထဲ​သို့ ပြန်​သွား​ကြ​ပါ၏။ တစ်​ဖန်​ဝိ​ညာဉ်​တော်​ကို​လွှတ်၍၊ သူ​တို့​ကို​ဖန်​ဆင်း​တော်​မူ​သ​ဖြင့်၊ မြေ​ကြီး​မျက်​နှာ​ကို အ​သစ်​ပြု​ပြင်​တော်​မူ၏။
ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် နိ​စ္စ​အ​မြဲ​တည်၏။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​အ​မှု​တော်​တို့​တွင် ဝမ်း​မြောက်​တော်​မူ၏။ မြေ​ကြီး​ကို ကြည့်​ရှု​တော်​မူ၍ သူ​သည် တုန်​လှုပ်​တတ်၏။ တောင်​တို့​ကို​တို့​တော်​မူ၍၊ သူ​တို့​သည် မီး​ခိုး​ထွက်​တတ်​ကြ​ပါ၏။ ငါ​သည် အ​သက်​ရှင်​စဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို​သီ​ချင်း​ဆို​မည်။ ငါ​ဖြစ်​သည် ကာ​လ​ပတ်​လုံး၊ ငါ၏​ဘု​ရား​သ​ခင်​ကို ထော​မ​နာ​သီ​ချင်း​ဆို​မည်။ ငါ​ဥ​ဒါန်း​ကျူး​ခြင်း​အ​သံ​သည် နှစ်​သက်​တော်​မူ​ဖွယ်​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား၌ ငါ​ရွှင်​လန်း​လိမ့်​မည်။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​စီ​ရင် ပြု​ပြင်​တော်​မူ​သော​အ​ရာ​တို့​သည် အ​လွန်​များ​ပြား​ပါ၏။ ရှိ​ရှိ​သ​မျှ​တို့​ကို ပ​ညာ​တော်​အား​ဖြင့် ဖန်​ဆင်း​တော်​မူ၏။ မြေ​ကြီး​သည် ဘ​ဏ္ဍာ​တော်​နှင့် ကြွယ်​ဝ​ပါ၏။ မ​ရေ​တွက်​နိုင်​အောင် တွား​တတ်​သော​တိ​ရ​စ္ဆာန်​အ​စ​ရှိ​သော တိ​ရ​စ္ဆာန်​အ​ကြီး​အ​ငယ်​အ​များ​တို့​နေ​ရာ ကြီး​မား​ကျယ်​ဝန်း​သော သ​မု​ဒ္ဒ​ရာ​လည်း​ရှိ​ပါ​သေး၏။ ထို​အ​ရပ်၌ သင်္ဘော​တို့​သည် သွား​လာ​ကြ​ပါ၏။ ထို​အ​ရပ်၌ ကွန့်​မြူး​စေ​ခြင်း​ငှာ ဖန်​ဆင်း​တော်​မူ​သော ငါး​ကြီး​လ​ဝိ​သန်​သည်​လည်း​ရှိ​ပါ၏။ ထို​သို့​သော တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​သည် အ​ချိန်​တန်​လျှင် အ​စာ​ကျွေး​တော်​မူ​စေ​ခြင်း​ငှာ၊ ကိုယ်​တော်​ကို မျှော်​လင့်​လျက်​နေ​ကြ​ပါ၏။ ကိုယ်​တော်​ချ​ထား​တော်​မူ​သည်​အ​တိုင်း သူ​တို့​သည် သိမ်း​ယူ​ကြ​ပါ၏။ လက်​တော်​ကို ဖွင့်​တော်​မူ​သော​အား​ဖြင့်၊ သူ​တို့​သည် ကောင်း​သော​အ​ရာ​နှင့် ရောင့်​ရဲ​ကြ​ပါ၏။ မျက်​နှာ​တော်​ကို​လွှဲ​တော်​မူ​လျှင်၊ သူ​တို့​သည် ပင်​ပန်း​ကြ​ပါ၏။ သူ​တို့​အ​သက်​ကို ရုပ်​သိမ်း​တော်​မူ​လျှင်၊ သူ​တို့​သည်​သေ၍ မိ​မိ​တို့​မြေ​မှုန့်​ထဲ​သို့ ပြန်​သွား​ကြ​ပါ၏။ တစ်​ဖန်​ဝိ​ညာဉ်​တော်​ကို​လွှတ်၍၊ သူ​တို့​ကို​ဖန်​ဆင်း​တော်​မူ​သ​ဖြင့်၊ မြေ​ကြီး​မျက်​နှာ​ကို အ​သစ်​ပြု​ပြင်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် နိ​စ္စ​အ​မြဲ​တည်၏။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​အ​မှု​တော်​တို့​တွင် ဝမ်း​မြောက်​တော်​မူ၏။ မြေ​ကြီး​ကို ကြည့်​ရှု​တော်​မူ၍ သူ​သည် တုန်​လှုပ်​တတ်၏။ တောင်​တို့​ကို​တို့​တော်​မူ၍၊ သူ​တို့​သည် မီး​ခိုး​ထွက်​တတ်​ကြ​ပါ၏။ ငါ​သည် အ​သက်​ရှင်​စဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို​သီ​ချင်း​ဆို​မည်။ ငါ​ဖြစ်​သည် ကာ​လ​ပတ်​လုံး၊ ငါ၏​ဘု​ရား​သ​ခင်​ကို ထော​မ​နာ​သီ​ချင်း​ဆို​မည်။ ငါ​ဥ​ဒါန်း​ကျူး​ခြင်း​အ​သံ​သည် နှစ်​သက်​တော်​မူ​ဖွယ်​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား၌ ငါ​ရွှင်​လန်း​လိမ့်​မည်။

ဆာလံ 104:24-34

Psalms 104:24-34