Proverbs 4:1-9

ငါ့သားတို့၊ အဘ၏နည်းဥပဒေသကိုနားထောင်၍၊ ဉာဏ်သဘောကို နားလည်ခြင်းငှာ စေ့စေ့မှတ်ကြလော့။ ကောင်းသောဩဝါဒကို ငါပေး၏။ ငါ့ပညတ်တရားကို မပယ်ကြနှင့်။ ငါမူကား၊ အဘ၏ရင်နှစ်၊ အမိရှေ့မှာနူးညံ့၍ အချစ်ဆုံးသောသားဖြစ်၏။ ငါ့အဘသွန်သင်၍ မြွက်ဆိုလေသည်ကား၊ ငါ့စကားကို သင်၏နှလုံး၌သွင်းမိ၍၊ ငါ့ပညတ်တို့ကို ကျင့်စောင့်သဖြင့် အသက်ရှင်လော့။ ပညာကို ဆည်းပူးလော့။ ဉာဏ်ကို ဆည်းပူးလော့။ သတိမလစ်စေနှင့်။ ငါ၏နှုတ်ထွက်စကားကို မလွှဲမရှောင်နှင့်။ ပညာကို မစွန့်နှင့်။ သူသည်သင့်ကို ထိန်းသိမ်းလိမ့်မည်။ သူ့ကိုချစ်လော့။ သင့်ကို စောင့်မလိမ့်မည်။ ပညာသည် အမြတ်ဆုံးသောအရာဖြစ်၏။ ပညာကိုဆည်းပူးလော့။ ဆည်းဖူးသမျှသောဥစ္စာတို့တွင် ဉာဏ်ကိုဆည်းပူးလော့။ သူ့ကို အမြတ်ထားလော့။ သူသည် သင့်ကို ချီးမြှောက်လိမ့်မည်။ သူ့ကိုဖက်ယမ်းလျှင်၊ ဂုဏ်အသရေကို ပေးလိမ့်မည်။ သင်၏ခေါင်းကို တင့်တယ်သောဦးရစ်နှင့် ပတ်ရစ်၍၊ ဘုန်းကြီးသော သရဖူကို အပ်နှံလိမ့်မည်။
သုတ္တံ 4:1-9