Philippians 1:9-12

ငါသည် အဘယ်သို့ ဆုတောင်းသနည်းဟူမူကား၊ သင်တို့သည် ခြားနားသောအရာတို့ကို ပိုင်းခြားစေခြင်းငှာ ဉာဏ်ပညာအမျိုးမျိုးရှိလျက်၊- မေတ္တာပါရမီတိုးပွား၍ ပြည့်စုံမည်အကြောင်းကိုလည်းကောင်း၊- ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ထင်ရှားစေတတ်သော ဖြောင့်မတ်ခြင်း အကျင့်နှင့် သင်တို့သည် ပြည့်စုံ၍ ခရစ်တော်၏ နေ့ရက်တိုင်အောင် စိတ်ကြည်ဖြူလျက်၊ တိမ်းလဲခြင်းအမှုနှင့် ကင်းလွတ်လျက် ရှိမည်အကြောင်းကိုလည်းကောင်း၊ ငါဆုတောင်း ပတ္ထနာပြု၏။ ညီအစ်ကိုတို့၊ ငါ၌ရောက်သော အမှုအရာတို့သည် ဧဝံဂေလိတရားကို မမြစ်တားသည်သာမက၊ ပြုစုရာဖြစ်သည်ဟု သင်တို့ သိစေခြင်းငှာ ငါအလိုရှိ၏။
ဖိလိပ္ပိ 1:9-12