Mark 1:4-7

ယောဟန်သည် တော၌ ဗတ္တိဇံကိုပေးလျက်၊ အပြစ်လွှတ်ခြင်းအဖို့အလိုငှာ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံတရားကို ဟောလျက် ပေါ်ထွန်း၏။- ယေရုရှလင်မြို့သားများမှစ၍ ယုဒပြည်သူပြည်သား အပေါင်းတို့သည် ယောဟန်ထံသို့ ထွက်သွား၍ မိမိတို့ အပြစ်များကိုဖော်ပြလျက် ယော်ဒန်မြစ်၌ ဗတ္တိဇံကိုခံကြ၏။- ယောဟန်သည် ကုလားအုတ်အမွေးနှင့် ရက်သောအဝတ်ကို ဝတ်လျက်၊ ခါး၌ သားရေခါးပန်းကို စည်းလျက်၊ ကျိုင်းကောင်နှင့် တော၌ဖြစ်သောပျားရည်ကို စားလျက်နေ၏။- ဟောချက်စကားဟူမူကား၊ ငါ့ထက် တတ်စွမ်းနိုင်သောသူသည် ငါ့နောက်ကြွလာ၏။ ထိုသူ၏ ခြေနင်းတော်ကြိုးကိုမျှ ငုံ့၍ဖြည်ခြင်းငှာ ငါမထိုက်။
ရှင်မာကု 1:4-7