YouVersion လိုဂို
ရှာရန် အိုင်ကွန်

Matthew 10:16-23

ရှင်မဿဲ 10:16-23 - တော​ခွေး​စု​ထဲ​သို့ သိုး​တို့​ကို စေ​လွှတ်​သ​ကဲ့​သို့ သင်​တို့​ကို ငါ​စေ​လွှတ်၏။ ထို​ကြောင့် သင်​တို့​သည် မြွေ​ကဲ့​သို့ လိ​မ္မာ​လျက်၊ ချိုး​ငှက်​ကဲ့​သို့ အ​ဆိပ်​ကင်း​လျက် ရှိ​ကြ​လော့။- လူ​တို့​ကို သ​တိ​ပြု​ကြ။ အ​ကြောင်း​မူ​ကား၊ သင်​တို့​ကို လွှတ်​ရုံး​သို့ အပ်​နှံ​ကြ​လိမ့်​မည်။ တ​ရား​ဇ​ရပ်​တို့၌ ရိုက်​ကြ​လိမ့်​မည်။- ထို​သူ​တို့​မှ​စ၍ တစ်​ပါး​အ​မျိုး​သား​တို့​အား သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ၊ မြို့​ဝန်​မင်း၊ ရှင်​ဘု​ရင်​ထံ​သို့ ငါ့​ကြောင့် သင်​တို့​ကို ပို့​ဆောင်​ကြ​လိမ့်​မည်။- သင်​တို့​ကို အပ်​နှံ​သော​အ​ခါ အ​ဘယ်​သို့ ပြော​ရ​မည်​ကို မ​စိုး​ရိမ်​ကြ​နှင့်။ ပြော​ရ​သော​စ​ကား​ကို ထို​ခ​ဏ​ချင်း​တွင် သင်​တို့​သည် ရ​ကြ​လိမ့်​မည်။- အ​ကြောင်း​မူ​ကား၊ သင်​တို့ အ​လို​အ​လျောက် ပြော​ကြ​သည်​မ​ဟုတ်။ သင်​တို့​အ​ဘ၏ ဝိ​ညာဉ်​တော်​သည် သင်​တို့​အား​ဖြင့် ပြော​တော်​မူ၏။- ထို​အ​ခါ ညီ​အစ်​ကို​ချင်း တစ်​ယောက်​ကို​တစ်​ယောက် သေ​စေ​ခြင်း​ငှာ အပ်​ကြ​လိမ့်​မည်။ အ​ဘ​သည်​လည်း သား​ကို အပ်​လိမ့်​မည်။ သား​သ​မီး​တို့​သည်​လည်း မိ​ဘ​ကို ရန်​ဘက်​ပြု၍ သေ​စေ​ကြ​လိမ့်​မည်။- လူ​အ​ပေါင်း​တို့​သည်​လည်း ငါ၏​နာ​မ​ကြောင့် သင်​တို့​ကို မုန်း​ကြ​လိမ့်​မည်။ အ​ကြင်​သူ​သည် အ​ဆုံး​တိုင်​အောင် တည်​ကြည်၏။ ထို​သူ​သည် ကယ်​တင်​ခြင်း​သို့ ရောက်​လိမ့်​မည်။
တစ်​မြို့၌ သင်​တို့​ကို​ညှဉ်း​ဆဲ​လျှင် တစ်​မြို့​သို့​ပြေး ကြ​လော့။ ငါ​အ​မှန်​ဆို​သည်​ကား၊ ဣ​သ​ရေ​လ​မြို့​ရွာ ရှိ​သ​မျှ​တို့​ကို သင်​တို့ လှည့်​လည်၍ မ​ကုန်​မီ လူ​သား​သည် ကြွ​လာ​လိမ့်​မည်။

တော​ခွေး​စု​ထဲ​သို့ သိုး​တို့​ကို စေ​လွှတ်​သ​ကဲ့​သို့ သင်​တို့​ကို ငါ​စေ​လွှတ်၏။ ထို​ကြောင့် သင်​တို့​သည် မြွေ​ကဲ့​သို့ လိ​မ္မာ​လျက်၊ ချိုး​ငှက်​ကဲ့​သို့ အ​ဆိပ်​ကင်း​လျက် ရှိ​ကြ​လော့။- လူ​တို့​ကို သ​တိ​ပြု​ကြ။ အ​ကြောင်း​မူ​ကား၊ သင်​တို့​ကို လွှတ်​ရုံး​သို့ အပ်​နှံ​ကြ​လိမ့်​မည်။ တ​ရား​ဇ​ရပ်​တို့၌ ရိုက်​ကြ​လိမ့်​မည်။- ထို​သူ​တို့​မှ​စ၍ တစ်​ပါး​အ​မျိုး​သား​တို့​အား သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ၊ မြို့​ဝန်​မင်း၊ ရှင်​ဘု​ရင်​ထံ​သို့ ငါ့​ကြောင့် သင်​တို့​ကို ပို့​ဆောင်​ကြ​လိမ့်​မည်။- သင်​တို့​ကို အပ်​နှံ​သော​အ​ခါ အ​ဘယ်​သို့ ပြော​ရ​မည်​ကို မ​စိုး​ရိမ်​ကြ​နှင့်။ ပြော​ရ​သော​စ​ကား​ကို ထို​ခ​ဏ​ချင်း​တွင် သင်​တို့​သည် ရ​ကြ​လိမ့်​မည်။- အ​ကြောင်း​မူ​ကား၊ သင်​တို့ အ​လို​အ​လျောက် ပြော​ကြ​သည်​မ​ဟုတ်။ သင်​တို့​အ​ဘ၏ ဝိ​ညာဉ်​တော်​သည် သင်​တို့​အား​ဖြင့် ပြော​တော်​မူ၏။- ထို​အ​ခါ ညီ​အစ်​ကို​ချင်း တစ်​ယောက်​ကို​တစ်​ယောက် သေ​စေ​ခြင်း​ငှာ အပ်​ကြ​လိမ့်​မည်။ အ​ဘ​သည်​လည်း သား​ကို အပ်​လိမ့်​မည်။ သား​သ​မီး​တို့​သည်​လည်း မိ​ဘ​ကို ရန်​ဘက်​ပြု၍ သေ​စေ​ကြ​လိမ့်​မည်။- လူ​အ​ပေါင်း​တို့​သည်​လည်း ငါ၏​နာ​မ​ကြောင့် သင်​တို့​ကို မုန်း​ကြ​လိမ့်​မည်။ အ​ကြင်​သူ​သည် အ​ဆုံး​တိုင်​အောင် တည်​ကြည်၏။ ထို​သူ​သည် ကယ်​တင်​ခြင်း​သို့ ရောက်​လိမ့်​မည်။ တစ်​မြို့၌ သင်​တို့​ကို​ညှဉ်း​ဆဲ​လျှင် တစ်​မြို့​သို့​ပြေး ကြ​လော့။ ငါ​အ​မှန်​ဆို​သည်​ကား၊ ဣ​သ​ရေ​လ​မြို့​ရွာ ရှိ​သ​မျှ​တို့​ကို သင်​တို့ လှည့်​လည်၍ မ​ကုန်​မီ လူ​သား​သည် ကြွ​လာ​လိမ့်​မည်။

ရှင်မဿဲ 10:16-23

Matthew 10:16-23