YouVersion လိုဂို
ရှာရန် အိုင်ကွန်

Luke 6:37-49

ရှင်လုကာ 6:37-49 - သူ​တစ်​ပါး၏​အ​မှု၌ စစ်​ကြော​ဆုံး​ဖြတ်​ခြင်း​ကို မ​ပြု​ကြ​နှင့်။ မ​ပြု​လျှင် သင်​တို့​သည် စစ်​ကြော​ဆုံး​ဖြတ်​ခြင်း​နှင့် ကင်း​လွတ်​ကြ​လိမ့်​မည်။ သူ​တစ်​ပါး​ကို အ​ပြစ်​မ​စီ​ရင်​ကြ​နှင့်။ မ​စီ​ရင်​လျှင် သင်​တို့​သည် အ​ပြစ်​စီ​ရင်​ခြင်း​နှင့် ကင်း​လွတ်​ကြ​လိမ့်​မည်။ သူ့​အ​ပြစ်​ကို လွှတ်​ကြ​လော့။ လွှတ်​လျှင် ကိုယ်​အ​ပြစ်​လွတ်​လိမ့်​မည်။- သူ​တစ်​ပါး​အား ပေး​ကြ​လော့။ ပေး​လျှင် သူ​တစ်​ပါး​သည် သင်​တို့​အား​ပေး​ကြ​လိမ့်​မည်။ အ​မှန်​ခြင်​ရုံ​မျှ​မ​က၊ သိပ်​နှက်​လျက်၊ လှုပ်​လျက်၊ လျှံ​လျက်​ရှိ​ခြင်း​နှင့် သင်​တို့​ရင်​ခွင်၌ ပေး​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အ​ကြင်​ချိန်၊ တင်း​ပ​မာ​ဏ​နှင့် သင်​တို့​သည် သူ​တစ်​ပါး​အား​ပေး၏၊ ထို​ပ​မာ​ဏ​အ​တိုင်း ကိုယ်​ခံ​ရ​ကြ​မည်။
ဥ​ပ​မာ​ကား၊ လူ​ကန်း​သည် လူ​ကန်း​ကို လမ်း​ပြ​နိုင်​သ​လော။ နှစ်​ဦး​တို့​သည် တွင်း​ထဲ​သို့​ကျ​လိမ့်​မည် မ​ဟုတ်​လော။- တ​ပည့်​သည် ဆ​ရာ​ထက်​မ​သာ။ အ​ပြီး​သင်​ပြီး​သော တ​ပည့်​တိုင်း မိ​မိ​ဆ​ရာ​ကဲ့​သို့ ဖြစ်​လိမ့်​မည်။- ကိုယ်​မျက်​စိ၌​ရှိ​သော တံ​ကျင်​ကို မ​အောက်​မေ့​ဘဲ၊ ညီ​အစ်​ကို​မျက်​စိ၌​ရှိ​သော ငြောင့်​ငယ်​ကို အ​ဘယ်​ကြောင့် ကြည့်​ရှု​သ​နည်း။- ကိုယ်​မျက်​စိ၌​ရှိ​သော တံ​ကျင်​ကို မ​မြင်​မ​မှတ်​ဘဲ​လျက်၊ ညီ​အစ်​ကို၊ သင်၏​မျက်​စိ၌​ရှိ​သော ငြောင့်​ငယ်​ကို ထုတ်​ပါ​ရ​စေ​ဟု အ​ဘယ်​သို့ ညီ​အစ်​ကို​အား​ဆို​ရ​သ​နည်း။ လျှို့​ဝှက်​သော​သူ၊ ကိုယ်​မျက်​စိ၌​ရှိ​သော တံ​ကျင်​ကို ရှေ့​ဦး​စွာ​ထုတ်​လော့။ နောက်​မှ ညီ​အစ်​ကို​မျက်​စိ၌​ရှိ​သော ငြောင့်​ငယ်​ကို​ထုတ်​ခြင်း​ငှာ ရှင်း​လင်း​စွာ​မြင်​လိမ့်​မည်။


မ​ကောင်း​သော​အ​သီး​ကို သီး​သော​အ​ပင်​ကား၊ ကောင်း​သော​အ​ပင် မ​ဟုတ်။ ကောင်း​သော​အ​သီး​ကို သီး​သော အ​ပင်​ကား၊ မ​ကောင်း​သော​အ​ပင် မ​ဟုတ်။- အ​သီး​ကို​ထောက်၍ အ​ပင်​သ​ဘော​ကို​သိ​ရ၏။ ဆူး​ပင်၌ သင်္ဘော​သ​ဖန်း​သီး​ကို မ​ဆွတ်​တတ်။ တော​ချုံ​၌ စ​ပျစ်​သီး​ကို မ​ဆွတ်​တတ်။- ကောင်း​သော​သူ​သည် ကောင်း​သော​မိ​မိ​စိတ်​နှ​လုံး ဘ​ဏ္ဍာ​တိုက်​ထဲ​က ကောင်း​သော​အ​ရာ​ကို ထုတ်​ဖော်​တတ်၏။ မ​ကောင်း​သော​သူ​သည် မ​ကောင်း​သော​မိ​မိ​စိတ်​နှ​လုံး ဘ​ဏ္ဍာ​တိုက်​ထဲ​က မ​ကောင်း​သော​အ​ရာ​ကို ထုတ်​ဖော်​တတ်၏။ အ​ကြောင်း​မူ​ကား၊ စိတ်​နှ​လုံး​အ​ပြည့် ရှိ​သည်​အ​တိုင်း နှုတ်​မြွက်​တတ်၏။


ငါ့​စ​ကား​ကို နား​မ​ထောင်​ဘဲ​လျက်၊ ငါ့​ကို​သ​ခင်၊ သ​ခင်​ဟု အ​ဘယ်​ကြောင့်​ခေါ်​ကြ​သ​နည်း။- ငါ့​ထံ​သို့​လာ၍ ငါ့​စ​ကား​ကို​ကြား​သည်​အ​တိုင်း နား​ထောင်​သော​သူ​သည် အ​ဘယ်​သူ​နှင့်​တူ​သ​နည်း​ဟူ​မူ​ကား၊- တိုက်​ကို​တည်​သော​အ​ခါ နက်​စွာ​တူး၍ ကျောက်​ပေါ်​မှာ တိုက်​မြစ်​ချ​သော​သူ​နှင့်​တူ၏။ မြစ်​ရေ​ထ​သ​ဖြင့် ရေ​စီး၍ ထို​တိုက်​ကို​ရိုက်​ခတ်​သော​အ​ခါ ကျောက်​ပေါ်​မှာ တည်​လျက်​ရှိ​သော​ကြောင့် မ​လှုပ်​နိုင်​ရာ။- ငါ့​စ​ကား​ကို​ကြား၍ နား​မ​ထောင်​သော​သူ​မူ​ကား၊ အ​ခု​အ​ခံ​မ​ရှိ​ဘဲ မြေ​ပေါ်​မှာ တိုက်​ကို​တည်​သော​သူ​နှင့် တူ၏။ ရေ​စီး၍ ထို​တိုက်​ကို​ရိုက်​ခတ်​သော​အ​ခါ၊ ချက်​ချင်း​လဲ၍ အ​ကုန်​အ​စင်​ပြို​ပျက်​လေ​သည်​ဟု ဟော​တော်​မူ၏။

သူ​တစ်​ပါး၏​အ​မှု၌ စစ်​ကြော​ဆုံး​ဖြတ်​ခြင်း​ကို မ​ပြု​ကြ​နှင့်။ မ​ပြု​လျှင် သင်​တို့​သည် စစ်​ကြော​ဆုံး​ဖြတ်​ခြင်း​နှင့် ကင်း​လွတ်​ကြ​လိမ့်​မည်။ သူ​တစ်​ပါး​ကို အ​ပြစ်​မ​စီ​ရင်​ကြ​နှင့်။ မ​စီ​ရင်​လျှင် သင်​တို့​သည် အ​ပြစ်​စီ​ရင်​ခြင်း​နှင့် ကင်း​လွတ်​ကြ​လိမ့်​မည်။ သူ့​အ​ပြစ်​ကို လွှတ်​ကြ​လော့။ လွှတ်​လျှင် ကိုယ်​အ​ပြစ်​လွတ်​လိမ့်​မည်။- သူ​တစ်​ပါး​အား ပေး​ကြ​လော့။ ပေး​လျှင် သူ​တစ်​ပါး​သည် သင်​တို့​အား​ပေး​ကြ​လိမ့်​မည်။ အ​မှန်​ခြင်​ရုံ​မျှ​မ​က၊ သိပ်​နှက်​လျက်၊ လှုပ်​လျက်၊ လျှံ​လျက်​ရှိ​ခြင်း​နှင့် သင်​တို့​ရင်​ခွင်၌ ပေး​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အ​ကြင်​ချိန်၊ တင်း​ပ​မာ​ဏ​နှင့် သင်​တို့​သည် သူ​တစ်​ပါး​အား​ပေး၏၊ ထို​ပ​မာ​ဏ​အ​တိုင်း ကိုယ်​ခံ​ရ​ကြ​မည်။ ဥ​ပ​မာ​ကား၊ လူ​ကန်း​သည် လူ​ကန်း​ကို လမ်း​ပြ​နိုင်​သ​လော။ နှစ်​ဦး​တို့​သည် တွင်း​ထဲ​သို့​ကျ​လိမ့်​မည် မ​ဟုတ်​လော။- တ​ပည့်​သည် ဆ​ရာ​ထက်​မ​သာ။ အ​ပြီး​သင်​ပြီး​သော တ​ပည့်​တိုင်း မိ​မိ​ဆ​ရာ​ကဲ့​သို့ ဖြစ်​လိမ့်​မည်။- ကိုယ်​မျက်​စိ၌​ရှိ​သော တံ​ကျင်​ကို မ​အောက်​မေ့​ဘဲ၊ ညီ​အစ်​ကို​မျက်​စိ၌​ရှိ​သော ငြောင့်​ငယ်​ကို အ​ဘယ်​ကြောင့် ကြည့်​ရှု​သ​နည်း။- ကိုယ်​မျက်​စိ၌​ရှိ​သော တံ​ကျင်​ကို မ​မြင်​မ​မှတ်​ဘဲ​လျက်၊ ညီ​အစ်​ကို၊ သင်၏​မျက်​စိ၌​ရှိ​သော ငြောင့်​ငယ်​ကို ထုတ်​ပါ​ရ​စေ​ဟု အ​ဘယ်​သို့ ညီ​အစ်​ကို​အား​ဆို​ရ​သ​နည်း။ လျှို့​ဝှက်​သော​သူ၊ ကိုယ်​မျက်​စိ၌​ရှိ​သော တံ​ကျင်​ကို ရှေ့​ဦး​စွာ​ထုတ်​လော့။ နောက်​မှ ညီ​အစ်​ကို​မျက်​စိ၌​ရှိ​သော ငြောင့်​ငယ်​ကို​ထုတ်​ခြင်း​ငှာ ရှင်း​လင်း​စွာ​မြင်​လိမ့်​မည်။ မ​ကောင်း​သော​အ​သီး​ကို သီး​သော​အ​ပင်​ကား၊ ကောင်း​သော​အ​ပင် မ​ဟုတ်။ ကောင်း​သော​အ​သီး​ကို သီး​သော အ​ပင်​ကား၊ မ​ကောင်း​သော​အ​ပင် မ​ဟုတ်။- အ​သီး​ကို​ထောက်၍ အ​ပင်​သ​ဘော​ကို​သိ​ရ၏။ ဆူး​ပင်၌ သင်္ဘော​သ​ဖန်း​သီး​ကို မ​ဆွတ်​တတ်။ တော​ချုံ​၌ စ​ပျစ်​သီး​ကို မ​ဆွတ်​တတ်။- ကောင်း​သော​သူ​သည် ကောင်း​သော​မိ​မိ​စိတ်​နှ​လုံး ဘ​ဏ္ဍာ​တိုက်​ထဲ​က ကောင်း​သော​အ​ရာ​ကို ထုတ်​ဖော်​တတ်၏။ မ​ကောင်း​သော​သူ​သည် မ​ကောင်း​သော​မိ​မိ​စိတ်​နှ​လုံး ဘ​ဏ္ဍာ​တိုက်​ထဲ​က မ​ကောင်း​သော​အ​ရာ​ကို ထုတ်​ဖော်​တတ်၏။ အ​ကြောင်း​မူ​ကား၊ စိတ်​နှ​လုံး​အ​ပြည့် ရှိ​သည်​အ​တိုင်း နှုတ်​မြွက်​တတ်၏။ ငါ့​စ​ကား​ကို နား​မ​ထောင်​ဘဲ​လျက်၊ ငါ့​ကို​သ​ခင်၊ သ​ခင်​ဟု အ​ဘယ်​ကြောင့်​ခေါ်​ကြ​သ​နည်း။- ငါ့​ထံ​သို့​လာ၍ ငါ့​စ​ကား​ကို​ကြား​သည်​အ​တိုင်း နား​ထောင်​သော​သူ​သည် အ​ဘယ်​သူ​နှင့်​တူ​သ​နည်း​ဟူ​မူ​ကား၊- တိုက်​ကို​တည်​သော​အ​ခါ နက်​စွာ​တူး၍ ကျောက်​ပေါ်​မှာ တိုက်​မြစ်​ချ​သော​သူ​နှင့်​တူ၏။ မြစ်​ရေ​ထ​သ​ဖြင့် ရေ​စီး၍ ထို​တိုက်​ကို​ရိုက်​ခတ်​သော​အ​ခါ ကျောက်​ပေါ်​မှာ တည်​လျက်​ရှိ​သော​ကြောင့် မ​လှုပ်​နိုင်​ရာ။- ငါ့​စ​ကား​ကို​ကြား၍ နား​မ​ထောင်​သော​သူ​မူ​ကား၊ အ​ခု​အ​ခံ​မ​ရှိ​ဘဲ မြေ​ပေါ်​မှာ တိုက်​ကို​တည်​သော​သူ​နှင့် တူ၏။ ရေ​စီး၍ ထို​တိုက်​ကို​ရိုက်​ခတ်​သော​အ​ခါ၊ ချက်​ချင်း​လဲ၍ အ​ကုန်​အ​စင်​ပြို​ပျက်​လေ​သည်​ဟု ဟော​တော်​မူ၏။

ရှင်လုကာ 6:37-49

Luke 6:37-49