YouVersion လိုဂို
ရှာရန် အိုင်ကွန်

Luke 2:8-35

ရှင်လုကာ 2:8-35 - ထို​ပြည်​မှာ သိုး​ထိန်း​တို့​သည် ည​အ​ခါ တော​အ​ရပ်၌ တည်း​ခို​လျက်၊ မိ​မိ​သိုး​စု​ကို စောင့်​နေ​ကြ​သည်​ဖြစ်၍၊- ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် သူ​တို့​အ​နား​မှာ​ပေါ်​လာ၍၊ ပတ်​ဝန်း​ကျင်၌ ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော် ထွန်း​တောက်​သ​ဖြင့်၊ သူ​တို့​သည် အ​လွန်​ကြောက်​ရွံ့​ခြင်း​သို့ ရောက်​ကြ၏။- ကောင်း​ကင်​တ​မန်​က​လည်း၊ ကြောက်​ရွံ့​ခြင်း​မ​ရှိ​ကြ​နှင့်။ လူ​အ​ပေါင်း​တို့​သည် အ​လွန်​ဝမ်း​မြောက်​ဝမ်း​သာ​စ​ရာ သ​တင်း​ကို ငါ​သည်​သင်​တို့​အား ကြား​ပြော​ရ၏။- ယ​နေ့​တွင် ဒါ​ဝိဒ်၏​မြို့၌ သ​ခင်​ခ​ရစ်​တော်​တည်း​ဟူ​သော ကယ်​တင်​သော​အ​ရှင်​သည် သင်​တို့​အ​ဖို့​အ​လို​ငှာ ဖွား​မြင်​ခြင်း​ကို ခံ​တော်​မူ​ပြီ။- သင်​တို့​သည် အ​ဘယ်​နိ​မိတ်​ဖြင့် သိ​ရ​မည်​နည်း​ဟူ​မူ​ကား၊ သူ​ငယ်​သည် အ​ဝတ်​နှင့်​ပတ်​ရစ်၍ နွား​စား​ခွက်၌ သိပ်​ထား​လျက်​ရှိ​သည်​ကို တွေ့​ကြ​လိမ့်​မည်​ဟု ဆို​ပြီး​လျှင်၊- ထို​ကောင်း​ကင်​တ​မန်​နှင့်​အ​တူ ကောင်း​ကင်​ဗိုလ်​ခြေ အ​များ​တို့​သည် ချက်​ချင်း​ထင်​ရှား၍၊- ကောင်း​ကင်​ဘ​ဝဂ်​ဝယ် ဘု​ရား​သ​ခင်​သည် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ မြေ​ကြီး​ပေါ်​၌​လည်း ငြိမ်​သက်​ခြင်း ရှိ​စေ​သ​တည်း။ လူ​တို့​အား မေ​တ္တာ​က​ရု​ဏာ ရှိ​စေ​သ​တည်း​ဟု ဘု​ရား​သ​ခင်​ကို ချီး​မွမ်း၍​မြွက်​ဆို​ကြ၏။
ကောင်း​ကင်​တ​မန်​တို့​သည် ကောင်း​ကင်​ဘုံ​သို့ ပြန်​ကြ​ပြီး​မှ သိုး​ထိန်း​တို့​က၊ ငါ​တို့​သည် ဗက်​လင်​မြို့​သို့ သွား​ကြ​ကုန်​အံ့။ ထာ​ဝ​ရ​ဘု​ရား​သည် ဖော်​ပြ​တော်​မူ​သော ဤ​အ​မှု​အ​ရာ​ကို ကြည့်​ကြ​ကုန်​အံ့​ဟု အ​ချင်း​ချင်း ပြော​ဆို​ပြီး​လျှင်၊- အ​လျင်​အ​မြန်​သွား၍ မာ​ရိ​နှင့်​ယော​သပ်​ကို​လည်း​ကောင်း၊ နွား​စား​ခွက်၌ သိပ်​ထား​လျက်​ရှိ​သော သူ​ငယ်​ကို​လည်း​ကောင်း တွေ့​ကြ၏။- တွေ့​မြင်​ပြီး​မှ မိ​မိ​တို့​ကြား​သော ထို​သူ​ငယ်၏ အ​ကြောင်း​စ​ကား​ကို အ​နှံ့​အ​ပြား​ပြော​ကြ၏။- သိုး​ထိန်း​တို့​ပြော​သော​စ​ကား​ကို ကြား​သော​သူ ရှိ​သ​မျှ​တို့​သည် အံ့​ဩ​ခြင်း​ရှိ​ကြ၏။- မာ​ရိ​သည် ထို​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​တို့​ကို မှတ်​ကျုံး၍ စဉ်း​စား​ဆင်​ခြင်​လျက် နေ၏။- သိုး​ထိန်း​တို့​သည်​လည်း မိ​မိ​တို့​အား ပြော​နှင့်​သည်​အ​တိုင်း ကြား​မြင်​သ​မျှ​သော အ​ကြောင်း​အ​ရာ​ကို ထောက်၍၊ ဘု​ရား​သ​ခင်​ကို အံ့​ဩ​ချီး​မွမ်း​လျက် ပြန်​သွား​ကြ၏။

ထို​သူ​ငယ်​အား အ​ရေ​ဖျား​လှီး​ခြင်း​ကို ပေး​ရ​သော​နေ့​တည်း​ဟူ​သော ရှစ်​ရက်​မြောက်​သော​နေ့ ရောက်​လျှင်၊ ပ​ဋိ​သ​န္ဓေ​စွဲ​တော်​မ​မူ​မီ ကောင်း​ကင်​တ​မန်​မှည့်​သော ယေ​ရှု​အ​မည်​ဖြင့် မှည့်​ကြ၏။-

ထို​နောက် မော​ရှေ၏ ပ​ညတ်​တ​ရား​အ​တိုင်း စင်​ကြယ်​ခြင်း​ကို​ပြု​ရ​သော နေ့​ရက်​စေ့​သော​အ​ခါ၊ မိ​ဘ​တို့​သည် သူ​ငယ်​ကို ယေ​ရှု​ရှ​လင်​မြို့​သို့ ဆောင်​သွား၍၊- သား​ဦး ယောက်ျား​အ​ပေါင်း​တို့​သည် ဘု​ရား​အ​ဖို့​သန့်​ရှင်း​ရ​ကြ၏​ဟု ထာ​ဝ​ရ​ဘု​ရား၏ ပ​ည​တ္တိ​ကျမ်း​လာ​သည်​နှင့်​အ​ညီ၊ ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ပြီး​မှ၊- ခို​နှစ်​ကောင်​ဖြစ်​စေ၊ ချိုး​က​လေး​နှစ်​ကောင်​ဖြစ်​စေ၊ တစ်​ခု​ခု​ကို ပူ​ဇော်​ရ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား၏ ပ​ည​တ္တိ​ကျမ်း လာ​ပြန်​သည်​နှင့်​အ​ညီ ယဇ်​ပူ​ဇော်​ကြ၏။
ထို​အ​ခါ ရှု​မောင်​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည် ယေ​ရု​ရှ​လင်​မြို့၌​ရှိ၏။ ထို​သူ​သည် ဖြောင့်​မတ်​သော​သူ၊ တ​ရား​ကို​ရို​သေ​သော​သူ၊ ဣ​သ​ရေ​လ​အ​မျိုး၏ သက်​သာ​ခြင်း​အ​ကြောင်း​ကို မျှော်​လင့်​သော​သူ ဖြစ်၏။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သူ့​အ​ပေါ်၌ တည်​သည်​ဖြစ်၍၊- သူ​သည် ထာ​ဝ​ရ​ဘု​ရား၏ ခ​ရစ်​တော်​ကို​မ​မြင်​မီ မ​သေ​ရ​ဟု ဗျာ​ဒိတ်​တော်​ကို​ရ၏။- ထို​အ​ခါ သူ​သည် ဝိ​ညာဉ်​တော်​အား​ဖြင့် ဗိ​မာန်​တော်​သို့​သွား၍၊ မိ​ဘ​တို့​သည် သူ​ငယ်​ယေ​ရှု​ကို ပ​ညတ်​တ​ရား​ထုံး​တမ်း​အ​တိုင်း ပြု​ခြင်း​ငှာ ဆောင်​သွား​စဉ်​တွင်၊- ရှု​မောင်​သည် ယေ​ရှု​ကို လက်​နှင့်​ချီ​ပိုက်၍၊- ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက်၊ အ​စိုး​ရ​တော်​မူ​သော​အ​ရှင်၊ ဗျာ​ဒိတ်​တော်​အ​တိုင်း ကိုယ်​တော်၏​ကျွန်​သည် ငြိမ်​ဝပ်​စွာ စု​တေရ​သော​အ​ခွင့်​ကို ကိုယ်​တော်​သည် ယ​ခု​တွင်​ပေး​တော်​မူ၏။- ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ကို ချီး​မြှောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ တစ်​ပါး​အ​မျိုး​သား​တို့​ကို လင်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လူ​အ​မျိုး​မျိုး​တို့​ရှေ့​မှောက်၌ ပြင်​ဆင်​တော်​မူ​သော အ​လင်း​တည်း​ဟူ​သော ကယ်​တင်​သော​သ​ခင်​ကို အ​ကျွန်ုပ်​သည် ကိုယ်​မျက်​စိ​နှင့် မြင်​ရ​ပါ၏​ဟု မြွက်​ဆို၏။- ထို​စ​ကား​များ​ကို ယော​သပ်​နှင့်​မယ်​တော်​သည် ကြား​လျှင် အံ့​ဩ​ခြင်း​ရှိ​ကြ၏။- ရှု​မောင်​သည်​လည်း သူ​တို့​ကို ကောင်း​ကြီး​ပေး၍ မယ်​တော်​မာ​ရိ​အား၊ ဤ​သူ​ငယ်​ကား ဣ​သ​ရေ​လ​လူ​အ​များ လဲ​မည်​အ​ကြောင်း၊ အ​များ ထ​မည်​အ​ကြောင်း၊ လူ​အ​များ​တို့၏​အ​ကြံ​အ​စည်​ကို ထင်​ရှား​စေ​ခြင်း​ငှာ ငြင်း​ခုံ​စ​ရာ​ဖြစ်​မည်​အ​ကြောင်း ခန့်​ထား​သော​သူ​ဖြစ်၏။- ထို​မှ​တစ်​ပါး သန်​လျက်​သည် သင်၏​စိတ်​နှ​လုံး​ကို ခွင်း​လိမ့်​မည်​ဟု မြွက်​ဆို၏။

ထို​ပြည်​မှာ သိုး​ထိန်း​တို့​သည် ည​အ​ခါ တော​အ​ရပ်၌ တည်း​ခို​လျက်၊ မိ​မိ​သိုး​စု​ကို စောင့်​နေ​ကြ​သည်​ဖြစ်၍၊- ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် သူ​တို့​အ​နား​မှာ​ပေါ်​လာ၍၊ ပတ်​ဝန်း​ကျင်၌ ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော် ထွန်း​တောက်​သ​ဖြင့်၊ သူ​တို့​သည် အ​လွန်​ကြောက်​ရွံ့​ခြင်း​သို့ ရောက်​ကြ၏။- ကောင်း​ကင်​တ​မန်​က​လည်း၊ ကြောက်​ရွံ့​ခြင်း​မ​ရှိ​ကြ​နှင့်။ လူ​အ​ပေါင်း​တို့​သည် အ​လွန်​ဝမ်း​မြောက်​ဝမ်း​သာ​စ​ရာ သ​တင်း​ကို ငါ​သည်​သင်​တို့​အား ကြား​ပြော​ရ၏။- ယ​နေ့​တွင် ဒါ​ဝိဒ်၏​မြို့၌ သ​ခင်​ခ​ရစ်​တော်​တည်း​ဟူ​သော ကယ်​တင်​သော​အ​ရှင်​သည် သင်​တို့​အ​ဖို့​အ​လို​ငှာ ဖွား​မြင်​ခြင်း​ကို ခံ​တော်​မူ​ပြီ။- သင်​တို့​သည် အ​ဘယ်​နိ​မိတ်​ဖြင့် သိ​ရ​မည်​နည်း​ဟူ​မူ​ကား၊ သူ​ငယ်​သည် အ​ဝတ်​နှင့်​ပတ်​ရစ်၍ နွား​စား​ခွက်၌ သိပ်​ထား​လျက်​ရှိ​သည်​ကို တွေ့​ကြ​လိမ့်​မည်​ဟု ဆို​ပြီး​လျှင်၊- ထို​ကောင်း​ကင်​တ​မန်​နှင့်​အ​တူ ကောင်း​ကင်​ဗိုလ်​ခြေ အ​များ​တို့​သည် ချက်​ချင်း​ထင်​ရှား၍၊- ကောင်း​ကင်​ဘ​ဝဂ်​ဝယ် ဘု​ရား​သ​ခင်​သည် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ မြေ​ကြီး​ပေါ်​၌​လည်း ငြိမ်​သက်​ခြင်း ရှိ​စေ​သ​တည်း။ လူ​တို့​အား မေ​တ္တာ​က​ရု​ဏာ ရှိ​စေ​သ​တည်း​ဟု ဘု​ရား​သ​ခင်​ကို ချီး​မွမ်း၍​မြွက်​ဆို​ကြ၏။ ကောင်း​ကင်​တ​မန်​တို့​သည် ကောင်း​ကင်​ဘုံ​သို့ ပြန်​ကြ​ပြီး​မှ သိုး​ထိန်း​တို့​က၊ ငါ​တို့​သည် ဗက်​လင်​မြို့​သို့ သွား​ကြ​ကုန်​အံ့။ ထာ​ဝ​ရ​ဘု​ရား​သည် ဖော်​ပြ​တော်​မူ​သော ဤ​အ​မှု​အ​ရာ​ကို ကြည့်​ကြ​ကုန်​အံ့​ဟု အ​ချင်း​ချင်း ပြော​ဆို​ပြီး​လျှင်၊- အ​လျင်​အ​မြန်​သွား၍ မာ​ရိ​နှင့်​ယော​သပ်​ကို​လည်း​ကောင်း၊ နွား​စား​ခွက်၌ သိပ်​ထား​လျက်​ရှိ​သော သူ​ငယ်​ကို​လည်း​ကောင်း တွေ့​ကြ၏။- တွေ့​မြင်​ပြီး​မှ မိ​မိ​တို့​ကြား​သော ထို​သူ​ငယ်၏ အ​ကြောင်း​စ​ကား​ကို အ​နှံ့​အ​ပြား​ပြော​ကြ၏။- သိုး​ထိန်း​တို့​ပြော​သော​စ​ကား​ကို ကြား​သော​သူ ရှိ​သ​မျှ​တို့​သည် အံ့​ဩ​ခြင်း​ရှိ​ကြ၏။- မာ​ရိ​သည် ထို​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​တို့​ကို မှတ်​ကျုံး၍ စဉ်း​စား​ဆင်​ခြင်​လျက် နေ၏။- သိုး​ထိန်း​တို့​သည်​လည်း မိ​မိ​တို့​အား ပြော​နှင့်​သည်​အ​တိုင်း ကြား​မြင်​သ​မျှ​သော အ​ကြောင်း​အ​ရာ​ကို ထောက်၍၊ ဘု​ရား​သ​ခင်​ကို အံ့​ဩ​ချီး​မွမ်း​လျက် ပြန်​သွား​ကြ၏။ ထို​သူ​ငယ်​အား အ​ရေ​ဖျား​လှီး​ခြင်း​ကို ပေး​ရ​သော​နေ့​တည်း​ဟူ​သော ရှစ်​ရက်​မြောက်​သော​နေ့ ရောက်​လျှင်၊ ပ​ဋိ​သ​န္ဓေ​စွဲ​တော်​မ​မူ​မီ ကောင်း​ကင်​တ​မန်​မှည့်​သော ယေ​ရှု​အ​မည်​ဖြင့် မှည့်​ကြ၏။- ထို​နောက် မော​ရှေ၏ ပ​ညတ်​တ​ရား​အ​တိုင်း စင်​ကြယ်​ခြင်း​ကို​ပြု​ရ​သော နေ့​ရက်​စေ့​သော​အ​ခါ၊ မိ​ဘ​တို့​သည် သူ​ငယ်​ကို ယေ​ရှု​ရှ​လင်​မြို့​သို့ ဆောင်​သွား၍၊- သား​ဦး ယောက်ျား​အ​ပေါင်း​တို့​သည် ဘု​ရား​အ​ဖို့​သန့်​ရှင်း​ရ​ကြ၏​ဟု ထာ​ဝ​ရ​ဘု​ရား၏ ပ​ည​တ္တိ​ကျမ်း​လာ​သည်​နှင့်​အ​ညီ၊ ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ပြီး​မှ၊- ခို​နှစ်​ကောင်​ဖြစ်​စေ၊ ချိုး​က​လေး​နှစ်​ကောင်​ဖြစ်​စေ၊ တစ်​ခု​ခု​ကို ပူ​ဇော်​ရ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား၏ ပ​ည​တ္တိ​ကျမ်း လာ​ပြန်​သည်​နှင့်​အ​ညီ ယဇ်​ပူ​ဇော်​ကြ၏။ ထို​အ​ခါ ရှု​မောင်​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည် ယေ​ရု​ရှ​လင်​မြို့၌​ရှိ၏။ ထို​သူ​သည် ဖြောင့်​မတ်​သော​သူ၊ တ​ရား​ကို​ရို​သေ​သော​သူ၊ ဣ​သ​ရေ​လ​အ​မျိုး၏ သက်​သာ​ခြင်း​အ​ကြောင်း​ကို မျှော်​လင့်​သော​သူ ဖြစ်၏။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သူ့​အ​ပေါ်၌ တည်​သည်​ဖြစ်၍၊- သူ​သည် ထာ​ဝ​ရ​ဘု​ရား၏ ခ​ရစ်​တော်​ကို​မ​မြင်​မီ မ​သေ​ရ​ဟု ဗျာ​ဒိတ်​တော်​ကို​ရ၏။- ထို​အ​ခါ သူ​သည် ဝိ​ညာဉ်​တော်​အား​ဖြင့် ဗိ​မာန်​တော်​သို့​သွား၍၊ မိ​ဘ​တို့​သည် သူ​ငယ်​ယေ​ရှု​ကို ပ​ညတ်​တ​ရား​ထုံး​တမ်း​အ​တိုင်း ပြု​ခြင်း​ငှာ ဆောင်​သွား​စဉ်​တွင်၊- ရှု​မောင်​သည် ယေ​ရှု​ကို လက်​နှင့်​ချီ​ပိုက်၍၊- ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက်၊ အ​စိုး​ရ​တော်​မူ​သော​အ​ရှင်၊ ဗျာ​ဒိတ်​တော်​အ​တိုင်း ကိုယ်​တော်၏​ကျွန်​သည် ငြိမ်​ဝပ်​စွာ စု​တေရ​သော​အ​ခွင့်​ကို ကိုယ်​တော်​သည် ယ​ခု​တွင်​ပေး​တော်​မူ၏။- ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ကို ချီး​မြှောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ တစ်​ပါး​အ​မျိုး​သား​တို့​ကို လင်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လူ​အ​မျိုး​မျိုး​တို့​ရှေ့​မှောက်၌ ပြင်​ဆင်​တော်​မူ​သော အ​လင်း​တည်း​ဟူ​သော ကယ်​တင်​သော​သ​ခင်​ကို အ​ကျွန်ုပ်​သည် ကိုယ်​မျက်​စိ​နှင့် မြင်​ရ​ပါ၏​ဟု မြွက်​ဆို၏။- ထို​စ​ကား​များ​ကို ယော​သပ်​နှင့်​မယ်​တော်​သည် ကြား​လျှင် အံ့​ဩ​ခြင်း​ရှိ​ကြ၏။- ရှု​မောင်​သည်​လည်း သူ​တို့​ကို ကောင်း​ကြီး​ပေး၍ မယ်​တော်​မာ​ရိ​အား၊ ဤ​သူ​ငယ်​ကား ဣ​သ​ရေ​လ​လူ​အ​များ လဲ​မည်​အ​ကြောင်း၊ အ​များ ထ​မည်​အ​ကြောင်း၊ လူ​အ​များ​တို့၏​အ​ကြံ​အ​စည်​ကို ထင်​ရှား​စေ​ခြင်း​ငှာ ငြင်း​ခုံ​စ​ရာ​ဖြစ်​မည်​အ​ကြောင်း ခန့်​ထား​သော​သူ​ဖြစ်၏။- ထို​မှ​တစ်​ပါး သန်​လျက်​သည် သင်၏​စိတ်​နှ​လုံး​ကို ခွင်း​လိမ့်​မည်​ဟု မြွက်​ဆို၏။

ရှင်လုကာ 2:8-35

Luke 2:8-35