Job 19:25-27

ငါ့ကိုရွေးနုတ်သောသခင်သည် အသက်ရှင်၍၊ နောင်ကာလ၌ မြေမှုန့်အပေါ်မှာ ပေါ်လာတော်မူမည်ဟူ၍လည်းကောင်း၊ ငါ့အရေကုန်ပြီးမှ ဤကိုယ်ကိုပင် ဖျက်ဆီးသော်လည်း၊ ငါသည်ကိုယ်ခန္ဓာ၌ ဘုရားသခင်ကိုမြင်မည်ဟူ၍လည်းကောင်း ငါသိ၏။ ငါ့ဘက်၌နေတော်မူသော ဘုရားသခင်ကို ငါမြင်မည်။ သူတစ်ပါးမြင်သည်သာမက၊ ငါသည် ကိုယ်မျက်စိနှင့် ဖူးမြင်မည်။ ထိုသို့မျှော်လင့်၍ ငါ့ကျောက်ကပ်သည် ပျက်လျက်ရှိ၏။
ယောဘ 19:25-27