YouVersion လိုဂို
ရှာရန် အိုင်ကွန်

Jeremiah 1:4-14

ယေရမိ 1:4-14 - ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်၍ မိန့်​တော်​မူ​သည်​ကား၊ သင့်​ကို အ​မိ​ဝမ်း​ထဲ၌ ငါ​မ​ဖန်​ဆင်း​မီ သင့်​ကို​ငါ​သိ​ပြီ။ မ​ဖွား​မီ​က​ပင် သင့်​ကို ငါ​သန့်​ရှင်း​စေ၍၊ လူ​အ​မျိုး​မျိုး​တို့​အ​ဖို့၊ ပ​ရော​ဖက်​အ​ရာ၌ ခန့်​ထား​ပြီ​ဟု မိန့်​တော်​မူ​၏။ ငါ​က​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် မ​ဟော​မ​ပြော​တတ်​ပါ။ သူ​ငယ်​ဖြစ်​ပါ၏​ဟု လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​ကျွန်ုပ်​သည်​သူ​ငယ်​ဖြစ်​ပါ၏​ဟု မ​ပြော​နှင့်။ အ​ကြင်​သူ​ရှိ​ရာ​သို့ သင့်​ကို​ငါ​စေ​လွှတ်၏။ ထို​သူ​ရှိ​ရာ​သို့ သင်​သွား​ရ​မည်။ အ​ကြင်​စ​ကား​ကို ငါ​မှာ​ထား၏။ ထို​စ​ကား​ကို သင်​ဆင့်​ဆို​ရ​မည်။ သူ​တို့​ကို မ​ကြောက်​နှင့်။ သင့်​ကို​ကယ်​နုတ်​ခြင်း​ငှာ သင်​နှင့်​အ​တူ ငါ​ရှိ​သည်​ဟု မိန့်​တော်​မူ​ပြီး​မှ၊ လက်​တော်​ကို​ဆန့်၍ ငါ့​နှုတ်​ကို​တို့​တော်​မူ​လျက်၊ သင်၏​နှုတ်၌ ငါ့​စ​ကား​ကို​ငါ​သွင်း​ထား​ပြီ။ ကြည့်​ရှု​လော့။ သင်​သည် နုတ်​ပယ်​ဖြို​ချ ဖျက်​ဆီး​မှောက်​လှဲ​ရ​သော​အ​ခွင့်၊ တည်​ဆောက်​စိုက်​ပျိုး​ရ​သော​အ​ခွင့်​နှင့် သင့်​ကို လူ​အ​မျိုး​မျိုး​တို့၏ တိုင်း​နိုင်​ငံ​များ​အ​ပေါ်​မှာ ယ​နေ့​ငါ​ခန့်​ထား​ပြီ​ဟု မိန့်​တော်​မူ​၏။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်၍၊ ယေ​ရ​မိ၊ သင်​သည် အ​ဘယ်​အ​ရာ​ကို​မြင်​သ​နည်း​ဟု မေး​တော်​မူ​လျှင် ငါ​က၊ အ​ကျွန်ုပ်​သည် ဗာ​တံ​ကိုင်း​ကို​မြင်​ပါ၏​ဟု လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် မှန်​ကန်​စွာ​မြင်​ပြီ။ အ​ကြောင်း​မူ​ကား၊ ငါ့​စ​ကား​ကို​ပြည့်​စုံ​စေ​ခြင်း​ငှာ၊ ငါ​စောင့်​နေ​မည်​ဟု မိန့်​တော်​မူ​၏။
တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ဒု​တိ​ယ​အ​ကြိမ် ငါ့​ဆီ​သို့​ရောက်၍၊ သင်​သည် အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း​ဟု မေး​တော်​မူ​လျှင် ငါ​က၊ အ​ကျွန်ုပ်​သည် ဆူ​ပွက်​သော​အိုး​ကင်း​ကို မြင်​ပါ၏။ မြောက်​ဘက်​သို့ မျက်​နှာ​ပြု​လျက်​ရှိ​ပါ၏​ဟု လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က၊ မြောက်​မျက်​နှာ​ဘက်​က ဘေး​ဥ​ပဒ်​သည်၊ ဤ​ပြည်​သား​တို့​အ​ပေါ်​သို့ ထွက်​လာ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်၍ မိန့်​တော်​မူ​သည်​ကား၊ သင့်​ကို အ​မိ​ဝမ်း​ထဲ၌ ငါ​မ​ဖန်​ဆင်း​မီ သင့်​ကို​ငါ​သိ​ပြီ။ မ​ဖွား​မီ​က​ပင် သင့်​ကို ငါ​သန့်​ရှင်း​စေ၍၊ လူ​အ​မျိုး​မျိုး​တို့​အ​ဖို့၊ ပ​ရော​ဖက်​အ​ရာ၌ ခန့်​ထား​ပြီ​ဟု မိန့်​တော်​မူ​၏။ ငါ​က​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် မ​ဟော​မ​ပြော​တတ်​ပါ။ သူ​ငယ်​ဖြစ်​ပါ၏​ဟု လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​ကျွန်ုပ်​သည်​သူ​ငယ်​ဖြစ်​ပါ၏​ဟု မ​ပြော​နှင့်။ အ​ကြင်​သူ​ရှိ​ရာ​သို့ သင့်​ကို​ငါ​စေ​လွှတ်၏။ ထို​သူ​ရှိ​ရာ​သို့ သင်​သွား​ရ​မည်။ အ​ကြင်​စ​ကား​ကို ငါ​မှာ​ထား၏။ ထို​စ​ကား​ကို သင်​ဆင့်​ဆို​ရ​မည်။ သူ​တို့​ကို မ​ကြောက်​နှင့်။ သင့်​ကို​ကယ်​နုတ်​ခြင်း​ငှာ သင်​နှင့်​အ​တူ ငါ​ရှိ​သည်​ဟု မိန့်​တော်​မူ​ပြီး​မှ၊ လက်​တော်​ကို​ဆန့်၍ ငါ့​နှုတ်​ကို​တို့​တော်​မူ​လျက်၊ သင်၏​နှုတ်၌ ငါ့​စ​ကား​ကို​ငါ​သွင်း​ထား​ပြီ။ ကြည့်​ရှု​လော့။ သင်​သည် နုတ်​ပယ်​ဖြို​ချ ဖျက်​ဆီး​မှောက်​လှဲ​ရ​သော​အ​ခွင့်၊ တည်​ဆောက်​စိုက်​ပျိုး​ရ​သော​အ​ခွင့်​နှင့် သင့်​ကို လူ​အ​မျိုး​မျိုး​တို့၏ တိုင်း​နိုင်​ငံ​များ​အ​ပေါ်​မှာ ယ​နေ့​ငါ​ခန့်​ထား​ပြီ​ဟု မိန့်​တော်​မူ​၏။ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်၍၊ ယေ​ရ​မိ၊ သင်​သည် အ​ဘယ်​အ​ရာ​ကို​မြင်​သ​နည်း​ဟု မေး​တော်​မူ​လျှင် ငါ​က၊ အ​ကျွန်ုပ်​သည် ဗာ​တံ​ကိုင်း​ကို​မြင်​ပါ၏​ဟု လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် မှန်​ကန်​စွာ​မြင်​ပြီ။ အ​ကြောင်း​မူ​ကား၊ ငါ့​စ​ကား​ကို​ပြည့်​စုံ​စေ​ခြင်း​ငှာ၊ ငါ​စောင့်​နေ​မည်​ဟု မိန့်​တော်​မူ​၏။ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ဒု​တိ​ယ​အ​ကြိမ် ငါ့​ဆီ​သို့​ရောက်၍၊ သင်​သည် အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း​ဟု မေး​တော်​မူ​လျှင် ငါ​က၊ အ​ကျွန်ုပ်​သည် ဆူ​ပွက်​သော​အိုး​ကင်း​ကို မြင်​ပါ၏။ မြောက်​ဘက်​သို့ မျက်​နှာ​ပြု​လျက်​ရှိ​ပါ၏​ဟု လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က၊ မြောက်​မျက်​နှာ​ဘက်​က ဘေး​ဥ​ပဒ်​သည်၊ ဤ​ပြည်​သား​တို့​အ​ပေါ်​သို့ ထွက်​လာ​လိမ့်​မည်။

ယေရမိ 1:4-14

Jeremiah 1:4-14