James 5:13-20

သင်တို့တွင် ဆင်းရဲခံရသောသူရှိလျှင် ဆုတောင်းစေ။ ရွှင်လန်းသောသူရှိလျှင် ဆာလံသီချင်းကိုဆိုစေ။- နာသောသူရှိလျှင်၊ သင်းအုပ်ကိုခေါ်၍ သူတို့သည် သခင်ဘုရား၏ နာမတော်ကို အမှီပြုလျက်၊ လူနာကိုဆီနှင့်လူး၍ သူ့အပေါ်မှာ ဆုတောင်းကြစေ။- ထိုသို့ပြုလျှင်၊ ယုံကြည်ခြင်း၏ပတ္ထနာသည် လူနာကို ကယ်ဆယ်၍၊ သခင်ဘုရားသည် သူ့ကိုထမြောက်စေတော်မူမည်။ သူသည် အပြစ်ပြုမိသော်လည်း ထိုအပြစ်ကို လွှတ်တော်မူမည်။- အချင်းချင်း တစ်ယောက်နှင့် တစ်ယောက်၊ ကိုယ်အပြစ်ကို ဖော်ပြတောင်းပန်ကြလော့။ ချမ်းသာရမည်အကြောင်း၊ အချင်းချင်းတို့အဖို့ ဆုတောင်းကြလော့။ သူတော်ကောင်းဆုတောင်း၍ အရှိန်ကြီးသောပတ္ထနာသည် အလွန်တန်ခိုးပါ၏။- ဧလိယသည် ငါတို့ကဲ့သို့ လောကဓံတရား၌ ကျင်လည်သောသူ ဖြစ်သော်လည်း၊ မိုးမရွာမည်အကြောင်း အထူးသဖြင့် ဆုတောင်းသောအခါ၊ သုံးနှစ်နှင့် ခြောက်လပတ်လုံး မြေပေါ်သို့ မိုးမရွာဘဲနေ၏။- တစ်ဖန် ဆုတောင်းသောအခါ၊ မိုးကောင်းကင်သည် မိုးရွာစေ၏။ မြေကြီးသည်လည်း မိမိအသီးကိုသီးလေ၏။ ညီအစ်ကိုတို့၊ သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် သမ္မာတရားလမ်းမှလွဲသွား၍ သူတစ်ပါးသည် ထိုသူကို ပြန်စေလျှင်မူကား၊- အပြစ်ရှိသောသူကို မှားယွင်းသောလမ်းမှ ပြန်စေသောသူသည်၊ ဝိညာဉ်ကို သေခြင်းမှကယ်တင်၍ များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ်သည်ဟု ထိုသူသည် သိမှတ်စေ။ ရှင်ယာကုပ်ဩဝါဒစာပြီး၏။
ရှင်ယာကုပ် 5:13-20