Isaiah 9:1-4

သို့သော်လည်း၊ ဒုက္ခဆင်းရဲခြင်းကိုခံရသောပြည်သည် နောက်မှ မှောင်မိုက်နှင့် ကင်းလွတ်လိမ့်မည်။ ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်ကို အထက်က ရှုတ်ချတော်မူသော်လည်း၊ နောက်တစ်ဖန် အိုင်နားလျှောက်သောလမ်း၊ ယော်ဒန်မြစ်တစ်ဖက်၊ တစ်ပါးအမျိုးသားနေရာ ဂါလိလဲပြည်ကို ဂုဏ်အသရေနှင့် ပြည့်စုံစေတော်မူ၏။ မှောင်မိုက်ထဲမှာ သွားလာသော လူများတို့သည် ကြီးစွာသောအလင်းကို မြင်ရ၍၊ သေမင်း၏နိုင်ငံအရိပ်တွင်ရှိနေသောသူတို့၌ အလင်းပေါ်ထွန်းလျက်ရှိ၏။ ကိုယ်တော်သည် အမျိုးသားတို့ကို များပြားစေ၍၊ သူတို့၏ဝမ်းမြောက်ခြင်းကို တိုးပွားစေတော်မူ၏။ စပါးကိုစုသိမ်းရာကာလ၌ ဝမ်းမြောက်သကဲ့သို့လည်းကောင်း၊ လုယူသောဥစ္စာကိုဝေသောသူ ဝမ်းမြောက်သကဲ့သို့လည်းကောင်း၊ ရှေ့တော်၌သူတို့သည် ဝမ်းမြောက်ကြပါ၏။ အကြောင်းမူကား၊ မိဒျန်လက်ထက်၌ ပြုတော်မူသကဲ့သို့၊ ကိုယ်တော်သည် သူတို့ထမ်းရသောထမ်းပိုး၊ ကျော၌ခံရသော တုတ်ကိုလည်းကောင်း၊ ညှဉ်းဆဲသောသူ၏ လှံတံကိုလည်းကောင်း ချိုးတော်မူပြီ။
ဟေရှာယ 9:1-4