YouVersion လိုဂို
ရှာရန် အိုင်ကွန်

Isaiah 43:18-25

ဟေရှာယ 43:18-25 - ဖြစ်​ဖူး​သော​အ​မှု​တို့​ကို မ​အောက်​မေ့​ကြ​နှင့်။ ရှေး​ကာ​လ၏​အ​ရာ​တို့​ကို ပ​မာ​ဏ​မ​ပြု​ကြ​နှင့်။ ကြည့်​ရှု​လော့။ အ​မှု​သစ်​ကို​ငါ​ပြု​မည်။ ယ​ခု​ပေါ်​လာ​လိမ့်​မည်။ သင်​တို့​သည် အ​မှန် သိ​မြင်​ရ​ကြ​လိမ့်​မည်။ အ​ကယ်​စင်​စစ် တော၌ လမ်း​ကို​လည်း​ကောင်း၊ လွင်​ပြင်၌ စီး​သော​ရေ​ကို​လည်း​ကောင်း ငါ​ဖန်​ဆင်း​မည်။ မြေ​ခွေး​နှင့် ကု​လား​အုတ်​ငှက်​မှ​စ၍၊ တော​သား​ရဲ​တို့​သည် ငါ၏​ဂုဏ်​ကျေး​ဇူး​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​ရွေး​ကောက်​သော​သူ၊ ငါ၏​လူ​တို့​သောက်​စ​ရာ​ဖို့ တော၌​ရေ​များ​ကို​လည်း​ကောင်း၊ လွင်​ပြင်၌ မြစ်​တို့​ကို​လည်း​ကောင်း ငါ​ပေး​မည်။ ကိုယ်​အ​ဖို့ ငါ​ဖန်​ဆင်း​သော ထို​လူ​မျိုး​သည် ငါ၏​ဂုဏ်​ကျေး​ဇူး​ကို ပြ​ရ​လိမ့်​မည်။

သို့​သော်​လည်း၊ အို ယာ​ကုပ်​အ​မျိုး၊ သင်​သည် ငါ့​ကို​ပ​တ္ထ​နာ​မ​ပြု။ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​သည် ငါ့​ကို ငြီး​ငွေ့​သည်​တ​ကား။ မီး​ရှို့​ရာ သိုး​သ​ငယ်​ကို ငါ့​ထံ​သို့​မ​ဆောင်​ခဲ့။ ယဇ်​ပူ​ဇော်​ခြင်း​အား​ဖြင့် ငါ့​ကို မ​ချီး​မြှောက်။ ငါ​သည် သင့်​ကို အ​လှူ​ဒါ​န​နှင့် အ​မှု​မ​ထမ်း​စေ။ လော​ဗန်​ကို တောင်း၍ သင့်​ကို မ​ပင်​ပန်း​စေ။ သင်​သည် မွှေး​သော​ကြံ​ကို ငါ့​ဖို့ ငွေ​နှင့်​မ​ဝယ်။ ပူ​ဇော်​သော​ယဇ်​ကောင်​ဆီ​ဥ​နှင့် ငါ့​ကို ဝ​စွာ​မ​ကျွေး။ သင်​သည် ဒု​စ​ရိုက်​အ​ပြစ်​နှင့် ငါ့​ကို အ​မှု​ထမ်း​စေ​ပြီ​တ​ကား။ အ​ဓ​မ္မ​အ​မှု​ကို​ပြု၍ ငါ့​ကို​ပင်​ပန်း​စေ​ပြီ​တ​ကား။ ငါ​တစ်​ပါး​တည်း​သာ​လျှင် ကိုယ်​အ​တွက်​ကြောင့်၊ သင်၏​အ​ပြစ်​တို့​ကို ဖြေ​မည်။ သင်၏​ဒု​စ​ရိုက်​အ​မှု​တို့​ကို မ​အောက်​မေ့။

ဖြစ်​ဖူး​သော​အ​မှု​တို့​ကို မ​အောက်​မေ့​ကြ​နှင့်။ ရှေး​ကာ​လ၏​အ​ရာ​တို့​ကို ပ​မာ​ဏ​မ​ပြု​ကြ​နှင့်။ ကြည့်​ရှု​လော့။ အ​မှု​သစ်​ကို​ငါ​ပြု​မည်။ ယ​ခု​ပေါ်​လာ​လိမ့်​မည်။ သင်​တို့​သည် အ​မှန် သိ​မြင်​ရ​ကြ​လိမ့်​မည်။ အ​ကယ်​စင်​စစ် တော၌ လမ်း​ကို​လည်း​ကောင်း၊ လွင်​ပြင်၌ စီး​သော​ရေ​ကို​လည်း​ကောင်း ငါ​ဖန်​ဆင်း​မည်။ မြေ​ခွေး​နှင့် ကု​လား​အုတ်​ငှက်​မှ​စ၍၊ တော​သား​ရဲ​တို့​သည် ငါ၏​ဂုဏ်​ကျေး​ဇူး​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​ရွေး​ကောက်​သော​သူ၊ ငါ၏​လူ​တို့​သောက်​စ​ရာ​ဖို့ တော၌​ရေ​များ​ကို​လည်း​ကောင်း၊ လွင်​ပြင်၌ မြစ်​တို့​ကို​လည်း​ကောင်း ငါ​ပေး​မည်။ ကိုယ်​အ​ဖို့ ငါ​ဖန်​ဆင်း​သော ထို​လူ​မျိုး​သည် ငါ၏​ဂုဏ်​ကျေး​ဇူး​ကို ပြ​ရ​လိမ့်​မည်။ သို့​သော်​လည်း၊ အို ယာ​ကုပ်​အ​မျိုး၊ သင်​သည် ငါ့​ကို​ပ​တ္ထ​နာ​မ​ပြု။ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​သည် ငါ့​ကို ငြီး​ငွေ့​သည်​တ​ကား။ မီး​ရှို့​ရာ သိုး​သ​ငယ်​ကို ငါ့​ထံ​သို့​မ​ဆောင်​ခဲ့။ ယဇ်​ပူ​ဇော်​ခြင်း​အား​ဖြင့် ငါ့​ကို မ​ချီး​မြှောက်။ ငါ​သည် သင့်​ကို အ​လှူ​ဒါ​န​နှင့် အ​မှု​မ​ထမ်း​စေ။ လော​ဗန်​ကို တောင်း၍ သင့်​ကို မ​ပင်​ပန်း​စေ။ သင်​သည် မွှေး​သော​ကြံ​ကို ငါ့​ဖို့ ငွေ​နှင့်​မ​ဝယ်။ ပူ​ဇော်​သော​ယဇ်​ကောင်​ဆီ​ဥ​နှင့် ငါ့​ကို ဝ​စွာ​မ​ကျွေး။ သင်​သည် ဒု​စ​ရိုက်​အ​ပြစ်​နှင့် ငါ့​ကို အ​မှု​ထမ်း​စေ​ပြီ​တ​ကား။ အ​ဓ​မ္မ​အ​မှု​ကို​ပြု၍ ငါ့​ကို​ပင်​ပန်း​စေ​ပြီ​တ​ကား။ ငါ​တစ်​ပါး​တည်း​သာ​လျှင် ကိုယ်​အ​တွက်​ကြောင့်၊ သင်၏​အ​ပြစ်​တို့​ကို ဖြေ​မည်။ သင်၏​ဒု​စ​ရိုက်​အ​မှု​တို့​ကို မ​အောက်​မေ့။

ဟေရှာယ 43:18-25

Isaiah 43:18-25