YouVersion လိုဂို
ရှာရန် အိုင်ကွန်

Isaiah 25:1-8

ဟေရှာယ 25:1-8 - အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ ကိုယ်​တော်​ကို မြှောက်​စား​ပါ​မည်။ နာ​မ​တော်​ကို ချီး​မွမ်း​ပါ​မည်။ အံ့​ဖွယ်​သော အ​မှု​တို့​ကို ပြု​တော်​မူ​ပြီ။ ရှေး​အ​ကြံ​တော်​တို့​သည် မ​ရွေ့၊ သ​စ္စာ​နှင့် မြဲ​မြံ​ကြ​ပါ၏။ မြို့​ကို​အ​မှိုက်​ပုံ၊ ခိုင်​ခံ့​သော​မြို့​ကို ဖြို​ဖျက်​ရာ​ဖြစ်​စေ​တော်​မူ​ပြီ။ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့၏ နေ​ရာ​ဘုံ​ဗိ​မာန်​သည် မြို့​မ​ဖြစ်၊ နောက်​တစ်​ဖန် မ​တည်​မ​ဆောက်​ရ​မည်​အ​ကြောင်း စီ​ရင်​တော်​မူ​ပြီ။ ထို​ကြောင့်၊ အား​ကြီး​သော​လူ​မျိုး​သည် ကိုယ်​တော်​ကို ချီး​မွမ်း​ကြ​ပါ​လိမ့်​မည်။ ကြောက်​မက်​ဖွယ်​သော လူ​မျိုး​တို့၏ နေ​ရာ​မြို့​သည် ကိုယ်​တော်​ကို ကြောက်​ရွံ့​ပါ​လိမ့်​မည်။ ကိုယ်​တော်​သည် ဆင်း​ရဲ​သော​သူ​တို့ ခို​လှုံ​ရာ၊ ငတ်​မွတ်​သော​သူ အ​မှု​ရောက်​သည်​ကာ​လ၌ ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။ ထ​ရံ​ကို​တိုက်​သော မိုး​သက်​မုန်​တိုင်း​ကဲ့​သို့၊ ကြောက်​မက်​ဖွယ်​သော​သူ​တို့၏ ဒေါ​သ​အ​မျက်​ထွက်​သော​အ​ခါ၊ မိုး​သက်​မုန်​တိုင်း​လွတ်​ရာ၊ နေ​ရောင်​ကွယ်​ကာ​ရာ ဖြစ်​တော်​မူ၏။ သွေ့​ခြောက်​သော အ​ရပ်၌ နေ​အ​ရှိန်​ကို​ကဲ့​သို့၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​တို့၏ အ​သံ​ဗ​လံ​ကို ငြိမ်း​စေ​တော်​မူ​လိမ့်​မည်။ ထူ​ထပ်​သော မိုး​တိမ်​အား​ဖြင့် နေ​အ​ရှိန်​ပျောက်​သ​ကဲ့​သို့၊ ကြောက်​မက်​ဖွယ်​သော​သူ​တို့၏​သီ​ချင်း​သံ ပျောက်​ရ​ပါ​လိမ့်​မည်။
ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ခဲ​ဖွယ်​စား​ဖွယ်​ပွဲ၊ ဟောင်း​သော စ​ပျစ်​ရည်​ပွဲ​တည်း​ဟူ​သော၊ ဆူ​သော​ခဲ​ဖွယ်​စား​ဖွယ်၊ ကောင်း​မွန်​စွာ​စစ်​သော စ​ပျစ်​ရည်​ဟောင်း​ကို လူ​ခပ်​သိမ်း​တို့​အ​ဖို့ ဤ​တောင်​ပေါ်​မှာ စီ​ရင်​တော်​မူ​လိမ့်​မည်။ လူ​ခပ်​သိမ်း​တို့​ကို ဖုံး​သော မျက်​နှာ​ဖုံး​ကို​လည်း​ကောင်း၊ ခပ်​သိမ်း​သော လူ​မျိုး​တို့​ကို​ဖုံး​လွှမ်း​သော တင်း​တိမ်​ကို​လည်း​ကောင်း၊ ဤ​တောင်​ပေါ်​မှာ ပယ်​တော်​မူ​လိမ့်​မည်။ သေ​ခြင်း​ကို​လည်း နစ်​မွန်း​ဆုံး​ရှုံး​စေ​တော်​မူ​လိမ့်​မည်။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ခပ်​သိမ်း​သော မျက်​နှာ​တို့​မှ မျက်​ရည်​ကို သုတ်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်၏​လူ​တို့​သည် ခံ​ရ​သော​ကဲ့​ရဲ့​ခြင်း​ကို​လည်း၊ မြေ​ကြီး​တစ်​ပြင်​လုံး၌ ပယ်​ရှင်း​တော်​မူ​လိမ့်​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​ရှိ၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ ကိုယ်​တော်​ကို မြှောက်​စား​ပါ​မည်။ နာ​မ​တော်​ကို ချီး​မွမ်း​ပါ​မည်။ အံ့​ဖွယ်​သော အ​မှု​တို့​ကို ပြု​တော်​မူ​ပြီ။ ရှေး​အ​ကြံ​တော်​တို့​သည် မ​ရွေ့၊ သ​စ္စာ​နှင့် မြဲ​မြံ​ကြ​ပါ၏။ မြို့​ကို​အ​မှိုက်​ပုံ၊ ခိုင်​ခံ့​သော​မြို့​ကို ဖြို​ဖျက်​ရာ​ဖြစ်​စေ​တော်​မူ​ပြီ။ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့၏ နေ​ရာ​ဘုံ​ဗိ​မာန်​သည် မြို့​မ​ဖြစ်၊ နောက်​တစ်​ဖန် မ​တည်​မ​ဆောက်​ရ​မည်​အ​ကြောင်း စီ​ရင်​တော်​မူ​ပြီ။ ထို​ကြောင့်၊ အား​ကြီး​သော​လူ​မျိုး​သည် ကိုယ်​တော်​ကို ချီး​မွမ်း​ကြ​ပါ​လိမ့်​မည်။ ကြောက်​မက်​ဖွယ်​သော လူ​မျိုး​တို့၏ နေ​ရာ​မြို့​သည် ကိုယ်​တော်​ကို ကြောက်​ရွံ့​ပါ​လိမ့်​မည်။ ကိုယ်​တော်​သည် ဆင်း​ရဲ​သော​သူ​တို့ ခို​လှုံ​ရာ၊ ငတ်​မွတ်​သော​သူ အ​မှု​ရောက်​သည်​ကာ​လ၌ ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။ ထ​ရံ​ကို​တိုက်​သော မိုး​သက်​မုန်​တိုင်း​ကဲ့​သို့၊ ကြောက်​မက်​ဖွယ်​သော​သူ​တို့၏ ဒေါ​သ​အ​မျက်​ထွက်​သော​အ​ခါ၊ မိုး​သက်​မုန်​တိုင်း​လွတ်​ရာ၊ နေ​ရောင်​ကွယ်​ကာ​ရာ ဖြစ်​တော်​မူ၏။ သွေ့​ခြောက်​သော အ​ရပ်၌ နေ​အ​ရှိန်​ကို​ကဲ့​သို့၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​တို့၏ အ​သံ​ဗ​လံ​ကို ငြိမ်း​စေ​တော်​မူ​လိမ့်​မည်။ ထူ​ထပ်​သော မိုး​တိမ်​အား​ဖြင့် နေ​အ​ရှိန်​ပျောက်​သ​ကဲ့​သို့၊ ကြောက်​မက်​ဖွယ်​သော​သူ​တို့၏​သီ​ချင်း​သံ ပျောက်​ရ​ပါ​လိမ့်​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ခဲ​ဖွယ်​စား​ဖွယ်​ပွဲ၊ ဟောင်း​သော စ​ပျစ်​ရည်​ပွဲ​တည်း​ဟူ​သော၊ ဆူ​သော​ခဲ​ဖွယ်​စား​ဖွယ်၊ ကောင်း​မွန်​စွာ​စစ်​သော စ​ပျစ်​ရည်​ဟောင်း​ကို လူ​ခပ်​သိမ်း​တို့​အ​ဖို့ ဤ​တောင်​ပေါ်​မှာ စီ​ရင်​တော်​မူ​လိမ့်​မည်။ လူ​ခပ်​သိမ်း​တို့​ကို ဖုံး​သော မျက်​နှာ​ဖုံး​ကို​လည်း​ကောင်း၊ ခပ်​သိမ်း​သော လူ​မျိုး​တို့​ကို​ဖုံး​လွှမ်း​သော တင်း​တိမ်​ကို​လည်း​ကောင်း၊ ဤ​တောင်​ပေါ်​မှာ ပယ်​တော်​မူ​လိမ့်​မည်။ သေ​ခြင်း​ကို​လည်း နစ်​မွန်း​ဆုံး​ရှုံး​စေ​တော်​မူ​လိမ့်​မည်။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ခပ်​သိမ်း​သော မျက်​နှာ​တို့​မှ မျက်​ရည်​ကို သုတ်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်၏​လူ​တို့​သည် ခံ​ရ​သော​ကဲ့​ရဲ့​ခြင်း​ကို​လည်း၊ မြေ​ကြီး​တစ်​ပြင်​လုံး၌ ပယ်​ရှင်း​တော်​မူ​လိမ့်​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​ရှိ၏။

ဟေရှာယ 25:1-8

Isaiah 25:1-8