Hebrews 12:14-17

လူအပေါင်းတို့နှင့် အသင့်အတင့်နေ၍ ငြိမ်သက်ခြင်းကိုလည်းကောင်း၊ သန့်ရှင်းခြင်း ပါရမီကိုလည်းကောင်း မီအောင်လိုက်ကြလော့။ သန့်ရှင်းခြင်းပါရမီ မရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။- သင်တို့တွင် တစ်စုံတစ်ယောက်မျှ ဘုရားသခင်၏ ကျေးဇူးတော်ကိုမရဘဲ မနေစေခြင်းငှာလည်းကောင်း၊ ခါးစွာသော ပင်မြစ်ပေါက်၍ သင်တို့နှောင့်ယှက်သဖြင့်၊ လူအများတို့သည် အပြစ်နှင့် မညစ်ညူးစေခြင်းငှာလည်းကောင်း၊- မတရားသော မေထုန်၌မှီဝဲသောသူ မရှိစေခြင်းငှာလည်းကောင်း၊ တစ်နပ်စာအဖိုးနှင့် သားဦးအရာကို ရောင်းသော ဧသောကဲ့သို့ ဘုရားတရားကို မရို မသေပြုသောသူ မရှိစေခြင်းငှာလည်းကောင်း၊ သတိနှင့် ကြည့်ရှုကြလော့။- သင်တို့သိသည်အတိုင်း၊ ဧသောသည် နောက်မှ ကောင်းချီးမင်္ဂလာကို အမွေခံခြင်းငှာ အလိုရှိသောအခါ၊ ငြင်းပယ်ခြင်းကိုခံရ၏။ မျက်ရည်ကျ၍ ကောင်းချီးမင်္ဂလာကို အလွန်ရှာသော်လည်း၊ မိမိအဘ၏ စိတ်ပြောင်းလဲခြင်း အခွင့်ကို မတွေ့မရ။
ဟေဗြဲ 12:14-17