YouVersion လိုဂို
ရှာရန် အိုင်ကွန်

Exodus 20:12-21

ထွက်မြောက်ရာ 20:12-21 - သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော​ပြည်၌ သင်၏​အ​သက်​တာ ရှည်​မည်​အ​ကြောင်း၊ သင်၏​မိ​ဘ​ကို​ရို​သေ​စွာ​ပြု​လော့။ လူ​အ​သက်​ကို မ​သတ်​နှင့်။ သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်။ သူ့​ဥ​စ္စာ​ကို မ​ခိုး​နှင့်။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​တစ်​ဖက်၌ မ​မှန်​သော​သက်​သေ​ကို မ​ခံ​နှင့်။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏​အိမ်​ကို တပ်​မက်​လို​ချင်​သော​စိတ် မ​ရှိ​စေ​နှင့်။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏ မ​ယား၊ သူ၏ ကျွန်​ယောက်ျား၊ မိန်း​မ၊ နွား၊ မြည်း​မှ​စ၍ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏ ဥ​စ္စာ​တစ်​စုံ​တစ်​ခု​ကို​မျှ တပ်​မက်​လို​ချင်​သော​စိတ်​မ​ရှိ​စေ​နှင့်​ဟု မိန့်​တော်​မူ၏။


လူ​အ​ပေါင်း​တို့​သည် မိုး​ချုန်း​ခြင်း၊ လျှပ်​ပြက်​ခြင်း၊ တံ​ပိုး​သံ​မြည်​ခြင်း၊ တောင်​ထဲ​က​မီး​ခိုး​ထွက်​ခြင်း အ​ကြောင်း​အ​ရာ​တို့​ကို မြင်​သော​အ​ခါ၊ ကြောက်​သော​ကြောင့်​ရွှေ့၍ အ​ဝေး၌​ရပ်​နေ​ကြ​၏။ မော​ရှေ​ကို​လည်း၊ အ​ကျွန်ုပ်​တို့​အား ကိုယ်​တော်​မိန့်​တော်​မူ​ပါ၊ အ​ကျွန်ုပ်​တို့​သည် နား​ထောင်​ပါ​မည်။ အ​ကျွန်ုပ်​တို့​အား ဘု​ရား​သ​ခင်​မိန့်​တော်​မ​မူ​ပါ​စေ​နှင့်။ အ​ကျွန်ုပ်​တို့​သည်​သေ​မည်​ကို စိုး​ရိမ်​ပါ​သည်​ဟု လျှောက်​ဆို​ကြ၏။ မော​ရှေ​က​လည်း၊ မ​စိုး​ရိမ်​ကြ​နှင့်။ သင်​တို့​ကို​စုံ​စမ်း​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် ပြစ်​မှား​ခြင်း​နှင့် လွတ်​မည်​အ​ကြောင်း ကိုယ်​တော်​ကို​ကြောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကြွ​လာ​တော်​မူ​ပြီ​ဟု လူ​များ​တို့​အား​ပြော​ဆို​၏။ လူ​များ​တို့​သည်​လည်း အ​ဝေး၌​ရပ်​နေ​ကြ၏။ မော​ရှေ​မူ​ကား၊ ဘု​ရား​သ​ခင်​ရှိ​တော်​မူ​ရာ ထူ​ထပ်​သော​မှောင်​မိုက်​သို့ ချဉ်း​ကပ်​လေ​၏။

သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော​ပြည်၌ သင်၏​အ​သက်​တာ ရှည်​မည်​အ​ကြောင်း၊ သင်၏​မိ​ဘ​ကို​ရို​သေ​စွာ​ပြု​လော့။ လူ​အ​သက်​ကို မ​သတ်​နှင့်။ သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်။ သူ့​ဥ​စ္စာ​ကို မ​ခိုး​နှင့်။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​တစ်​ဖက်၌ မ​မှန်​သော​သက်​သေ​ကို မ​ခံ​နှင့်။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏​အိမ်​ကို တပ်​မက်​လို​ချင်​သော​စိတ် မ​ရှိ​စေ​နှင့်။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏ မ​ယား၊ သူ၏ ကျွန်​ယောက်ျား၊ မိန်း​မ၊ နွား၊ မြည်း​မှ​စ၍ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏ ဥ​စ္စာ​တစ်​စုံ​တစ်​ခု​ကို​မျှ တပ်​မက်​လို​ချင်​သော​စိတ်​မ​ရှိ​စေ​နှင့်​ဟု မိန့်​တော်​မူ၏။ လူ​အ​ပေါင်း​တို့​သည် မိုး​ချုန်း​ခြင်း၊ လျှပ်​ပြက်​ခြင်း၊ တံ​ပိုး​သံ​မြည်​ခြင်း၊ တောင်​ထဲ​က​မီး​ခိုး​ထွက်​ခြင်း အ​ကြောင်း​အ​ရာ​တို့​ကို မြင်​သော​အ​ခါ၊ ကြောက်​သော​ကြောင့်​ရွှေ့၍ အ​ဝေး၌​ရပ်​နေ​ကြ​၏။ မော​ရှေ​ကို​လည်း၊ အ​ကျွန်ုပ်​တို့​အား ကိုယ်​တော်​မိန့်​တော်​မူ​ပါ၊ အ​ကျွန်ုပ်​တို့​သည် နား​ထောင်​ပါ​မည်။ အ​ကျွန်ုပ်​တို့​အား ဘု​ရား​သ​ခင်​မိန့်​တော်​မ​မူ​ပါ​စေ​နှင့်။ အ​ကျွန်ုပ်​တို့​သည်​သေ​မည်​ကို စိုး​ရိမ်​ပါ​သည်​ဟု လျှောက်​ဆို​ကြ၏။ မော​ရှေ​က​လည်း၊ မ​စိုး​ရိမ်​ကြ​နှင့်။ သင်​တို့​ကို​စုံ​စမ်း​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် ပြစ်​မှား​ခြင်း​နှင့် လွတ်​မည်​အ​ကြောင်း ကိုယ်​တော်​ကို​ကြောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကြွ​လာ​တော်​မူ​ပြီ​ဟု လူ​များ​တို့​အား​ပြော​ဆို​၏။ လူ​များ​တို့​သည်​လည်း အ​ဝေး၌​ရပ်​နေ​ကြ၏။ မော​ရှေ​မူ​ကား၊ ဘု​ရား​သ​ခင်​ရှိ​တော်​မူ​ရာ ထူ​ထပ်​သော​မှောင်​မိုက်​သို့ ချဉ်း​ကပ်​လေ​၏။

ထွက်မြောက်ရာ 20:12-21

Exodus 20:12-21