YouVersion လိုဂို
ရှာရန် အိုင်ကွန်

Efeserne 4:17-29

ဧဖက် 4:17-29 - ထို​ကြောင့် ကြွင်း​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် လျှပ်​ပေါ်​သော​စိတ်​နှင့် ကျင့်​သည်​နည်း​တူ၊ သင်​တို့​သည် နောက်​တစ်​ဖန် မ​ကျင့်​မည်​အ​ကြောင်း သ​ခင်​ဘု​ရား​အ​ခွင့်​နှင့် ငါ​မှာ​လိုက်၏။- ထို​သူ​တို့​သည် ဉာဏ်​အ​လင်း​ကွယ်​သည်​ဖြစ်၍၊ စိတ်​နှ​လုံး မိုက်​မဲ​သော​အား​ဖြင့် အ​လျှင်း​မ​သိ သော​ကြောင့်၊ ဘု​ရား​သ​ခင်၏​အ​သက်​နှင့် ကွာ​ရှင်း​လျက်​ရှိ​ကြ၏။- ထို​သူ​တို့​သည် ရှက်​ကြောက်​ခြင်း​မ​ရှိ၊ တပ်​မက်​ခြင်း အ​လွန်​ပြင်း​သည်​နှင့် ညစ်​ညူး​သော​အ​ကျင့် အ​မျိုး​မျိုး​ကို ကြိုး​စား၍ ကျင့်​လို​သော​ငှာ၊ မိ​မိ​တို့​ကို ကိ​လေ​သာ​လက်​သို့ အပ်​လိုက်​ကြ၏။- ထို​သို့​ဖြစ်​စေ​ခြင်း​ငှာ သင်​တို့​သည် ခ​ရစ်​တော်​တ​ရား​ကို သင်​ကြ​ပြီ​မ​ဟုတ်​ဘဲ၊- အ​ထက်​က ကျင်​လည်​ကြ​သည်​အ​ရာ​မှာ လှည့်​ဖြား​တတ်​သော လော​ဘ​စိတ်​တို့​ဖြင့် ပုပ်​ပျက်​သော​လူ​ဟောင်း​ကို ချွတ်​ပယ်၍၊ စိတ်​နှ​လုံး​သ​ဘော​သစ်​ကို ရ​ပြီး​လျှင်၊ မှန်​သော​ဖြောင့်​မတ်​ခြင်း၊ သန့်​ရှင်း​ခြင်း ပါ​ရ​မီ​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့်​အ​တူ​အ​မျှ ဖန်​ဆင်း​သော လူ​သစ်​ကို ယူ​တင်​ဝတ်​ဆောင်​မည်​အ​ကြောင်း၊ ခ​ရစ်​တော်၏​စ​ကား​ကို ကြား​နာ​ရ​သည်​ဖြစ်၍၊ ယေ​ရှု၌ သ​မ္မာ​တ​ရား​ရှိ​သည်​နှင့်​အ​ညီ၊ ထို​သ​ခင်​ထံ၌ နည်း​ခံ​ကြ​ပြီ​သ​တည်း။
ထို​ကြောင့် မု​သား​စ​ကား​ကို​ပယ်​ရှား၍၊ မှန်​သော​စ​ကား​ကို​သာ အ​ချင်း​ချင်း တစ်​ယောက်​နှင့်​တစ်​ယောက် ပြော​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် အ​ချင်း​ချင်း အင်္ဂါ​ချင်း​ဖြစ်​ကြ၏။- အ​မျက်​ထွက်​ရာ​တွင် အ​ပြစ်​မ​ရှိ​စေ​နှင့်။- အ​မျက်​မ​ပြေ​ဘဲ နေ​မ​ဝင်​စေ​နှင့်။ မာရ်​နတ်​ကို အ​ခွင့်​မ​ပေး​ကြ​နှင့်။- ခိုး​တတ်​သော​သူ​သည် နောက်​တစ်​ဖန် မ​ခိုး​ဘဲ၊ ဆင်း​ရဲ​သော​သူ​အား ပေး​ကမ်း​ဝေ​ငှ​ရန် ရှိ​စေ​ခြင်း​ငှာ၊ မိ​မိ​လက်​နှင့် ကောင်း​သော​အ​လုပ်​ကို လုပ်​ဆောင်​အား​ထုတ်​စေ။- ညစ်​ညူး​သော စ​ကား​တစ်​ခွန်း​ကို​မျှ သင်​တို့​နှုတ်​ထဲ​က မ​ထွက်​စေ​နှင့်။ ကြား​နာ​သော သူ​တို့၏​အ​ကျိုး​ကို ပြု​စု​စေ​ခြင်း​ငှာ၊ တည်​ဆောက်​စ​ရာ​ဖို့ ကောင်း​သော​စ​ကား​ကို​သာ သုံး​ဆောင်​ကြ​လော့။

ထို​ကြောင့် ကြွင်း​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် လျှပ်​ပေါ်​သော​စိတ်​နှင့် ကျင့်​သည်​နည်း​တူ၊ သင်​တို့​သည် နောက်​တစ်​ဖန် မ​ကျင့်​မည်​အ​ကြောင်း သ​ခင်​ဘု​ရား​အ​ခွင့်​နှင့် ငါ​မှာ​လိုက်၏။- ထို​သူ​တို့​သည် ဉာဏ်​အ​လင်း​ကွယ်​သည်​ဖြစ်၍၊ စိတ်​နှ​လုံး မိုက်​မဲ​သော​အား​ဖြင့် အ​လျှင်း​မ​သိ သော​ကြောင့်၊ ဘု​ရား​သ​ခင်၏​အ​သက်​နှင့် ကွာ​ရှင်း​လျက်​ရှိ​ကြ၏။- ထို​သူ​တို့​သည် ရှက်​ကြောက်​ခြင်း​မ​ရှိ၊ တပ်​မက်​ခြင်း အ​လွန်​ပြင်း​သည်​နှင့် ညစ်​ညူး​သော​အ​ကျင့် အ​မျိုး​မျိုး​ကို ကြိုး​စား၍ ကျင့်​လို​သော​ငှာ၊ မိ​မိ​တို့​ကို ကိ​လေ​သာ​လက်​သို့ အပ်​လိုက်​ကြ၏။- ထို​သို့​ဖြစ်​စေ​ခြင်း​ငှာ သင်​တို့​သည် ခ​ရစ်​တော်​တ​ရား​ကို သင်​ကြ​ပြီ​မ​ဟုတ်​ဘဲ၊- အ​ထက်​က ကျင်​လည်​ကြ​သည်​အ​ရာ​မှာ လှည့်​ဖြား​တတ်​သော လော​ဘ​စိတ်​တို့​ဖြင့် ပုပ်​ပျက်​သော​လူ​ဟောင်း​ကို ချွတ်​ပယ်၍၊ စိတ်​နှ​လုံး​သ​ဘော​သစ်​ကို ရ​ပြီး​လျှင်၊ မှန်​သော​ဖြောင့်​မတ်​ခြင်း၊ သန့်​ရှင်း​ခြင်း ပါ​ရ​မီ​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့်​အ​တူ​အ​မျှ ဖန်​ဆင်း​သော လူ​သစ်​ကို ယူ​တင်​ဝတ်​ဆောင်​မည်​အ​ကြောင်း၊ ခ​ရစ်​တော်၏​စ​ကား​ကို ကြား​နာ​ရ​သည်​ဖြစ်၍၊ ယေ​ရှု၌ သ​မ္မာ​တ​ရား​ရှိ​သည်​နှင့်​အ​ညီ၊ ထို​သ​ခင်​ထံ၌ နည်း​ခံ​ကြ​ပြီ​သ​တည်း။ ထို​ကြောင့် မု​သား​စ​ကား​ကို​ပယ်​ရှား၍၊ မှန်​သော​စ​ကား​ကို​သာ အ​ချင်း​ချင်း တစ်​ယောက်​နှင့်​တစ်​ယောက် ပြော​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် အ​ချင်း​ချင်း အင်္ဂါ​ချင်း​ဖြစ်​ကြ၏။- အ​မျက်​ထွက်​ရာ​တွင် အ​ပြစ်​မ​ရှိ​စေ​နှင့်။- အ​မျက်​မ​ပြေ​ဘဲ နေ​မ​ဝင်​စေ​နှင့်။ မာရ်​နတ်​ကို အ​ခွင့်​မ​ပေး​ကြ​နှင့်။- ခိုး​တတ်​သော​သူ​သည် နောက်​တစ်​ဖန် မ​ခိုး​ဘဲ၊ ဆင်း​ရဲ​သော​သူ​အား ပေး​ကမ်း​ဝေ​ငှ​ရန် ရှိ​စေ​ခြင်း​ငှာ၊ မိ​မိ​လက်​နှင့် ကောင်း​သော​အ​လုပ်​ကို လုပ်​ဆောင်​အား​ထုတ်​စေ။- ညစ်​ညူး​သော စ​ကား​တစ်​ခွန်း​ကို​မျှ သင်​တို့​နှုတ်​ထဲ​က မ​ထွက်​စေ​နှင့်။ ကြား​နာ​သော သူ​တို့၏​အ​ကျိုး​ကို ပြု​စု​စေ​ခြင်း​ငှာ၊ တည်​ဆောက်​စ​ရာ​ဖို့ ကောင်း​သော​စ​ကား​ကို​သာ သုံး​ဆောင်​ကြ​လော့။

ဧဖက် 4:17-29

Efeserne 4:17-29