YouVersion လိုဂို
ရှာရန် အိုင်ကွန်

Colossians 4:2-13

ကောလောသဲ 4:2-13 - ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ခြင်း​အ​မှု​ကို အ​မြဲ​ပြု၍၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက် စောင့်​ရှောက်​ကြ​လော့။- ငါ​သည် ခ​ရစ်​တော်၏ နက်​နဲ​သော​အ​ရာ​ကြောင့် အ​ချည်​အ​နှောင်​ခံ​ရ​သည်​ဖြစ်၍။- ထို​နက်​နဲ​သော​အ​ရာ​ကို ဟော​ပြော​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် တ​ရား​ဟော​ရာ​တံ​ခါး​ကို ငါ​တို့​အား ဖွင့်​တော်​မူ​မည် အ​ကြောင်း​ကို​လည်း​ကောင်း၊ ထို​နက်​နဲ​သော​အ​ရာ​ကို ဟော​ပြော​အပ်​သည်​နှင့်​အ​ညီ ငါ​ဖော်​ပြ​မည် အ​ကြောင်း​ကို​လည်း​ကောင်း၊ ငါ​တို့​အ​ဖို့​လည်း ဆု​တောင်း​ကြ​လော့။- ပြင်​ပ​လူ​တို့၏ မျက်​နှာ​ကို​ထောက်​လျက်၊ ပ​ညာ​နှင့် ကျင့်​ဆောင်၍ ကာ​လ​အ​ချိန်​ကို ရွေး​နုတ်​ကြ​လော့။- လူ​အ​သီး​အ​သီး​တို့​အား အ​ဘယ်​သို့ ပြန်​ပြော​ရ​မည်​ကို သိ​နိုင်​မည်​အ​ကြောင်း၊ သင်​တို့​စ​ကား​သည် ဆား​အား​ဖြင့် ငန်​သော​အ​ရ​သာ​နှင့် ပြည့်​စုံ​လျက်၊ အ​စဉ်​မ​ပြတ် တင့်​တယ်​လျောက်​ပတ်​ပါ​စေ။

သ​ခင်​ဘု​ရား၌ သ​စ္စာ​ရှိ​သော​ဆ​ရာ၊ ငါ​တို့​ကျွန် ချင်း​တည်း​ဟူ​သော၊ ငါ​ချစ်​သော​ညီ တု​ခိတ်​သည် ငါ၏ အ​ကြောင်း​အ​ရာ​ရှိ​သ​မျှ​ကို သင်​တို့​အား ဖော်​ပြ​လိမ့်​မည်။- သူ​သည် သင်​တို့၏​အ​ကြောင်း​အ​ရာ​များ​ကို သိ၍၊ သင်​တို့​စိတ်​နှ​လုံး​ကို သက်​သာ​စေ​ခြင်း​ငှာ၊ ထို​သူ ကို​လည်း​ကောင်း၊ သင်​တို့​အ​ထဲ​က​ဖြစ်၍ သ​စ္စာ​ရှိ​သော ငါ​ချစ်​သော​ညီ ဩ​နေ​သိမ်​ကို​လည်း​ကောင်း၊ သင်​တို့​ဆီ​သို့ ငါ​စေ​လွှတ်၏။ သူ​တို့​သည် ဤ​မြို့၌​ဖြစ်​သ​မျှ​သော အ​ကြောင်း​အ​ရာ​ကို သင်​တို့​အား ဖော်​ပြ​ကြ​လိမ့်​မည်။
ငါ​နှင့်​အ​တူ အ​ကျဉ်း​ခံ​ရ​သော​သူ အာ​ရိ​တ္တာ​ခု၊ ဗာ​န​ဗ၏​ညီ​အစ်​ကို​တော်​မာ​ကု၊ ယု​တ္တု​ဟု​ခေါ်​ဝေါ်​သော ယေ​ရှု​တို့​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။ မာ​ကု​အ​တွက် သင်​တို့​ကို ငါ​မှာ​လိုက်​ခဲ့​ပြီ။ သူ​သည် သင်​တို့​ဆီ​သို့ ရောက်​လာ​လျှင် လက်​ခံ​ကြ​လော့။- အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော သူ​တို့​တွင် ဤ​သူ​တို့​သာ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​အ​ဖို့ ငါ​နှင့်​အ​တူ အ​မှု​ဆောင်​သော​သူ​ဖြစ်၍၊ ငါ့​စိတ်​ကို သက်​သာ​စေ​ကြ၏။- သင်​တို့​အ​ထဲ​က​ဖြစ်​သော ခ​ရစ်​တော်၏​ကျွန် ဧ​ပ​ဖြ​သည် သင်​တို့​ကို နှုတ်​ဆက်၏။ သင်​တို့​သည် စုံ​လင်​လျက်၊ ဘု​ရား​သ​ခင်၏ အ​လို​တော်​ကို အ​ကုန်​အ​စင် လေ့​ကျက်​လျက် တည်​ကြည်​မည်​အ​ကြောင်း သူ​သည် သင်​တို့​အ​ဖို့ ကာ​လ​အ​စဉ်​ကြိုး​စား၍ ဆု​တောင်း​တတ်၏။- သင်​တို့​မှ​စ၍ လော​ဒိ​ကိ​မြို့​နှင့် ဟေ​ရ​ပေါ​လိ​မြို့၌ ရှိ​သော သူ​တို့​အ​ဖို့ သူ​သည် အ​လွန်​စေ​တ​နာ​စိတ် အား​ကြီး​သည်​ဟု ငါ​သည် သူ၏​သက်​သေ​ဖြစ်၏။

ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ခြင်း​အ​မှု​ကို အ​မြဲ​ပြု၍၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက် စောင့်​ရှောက်​ကြ​လော့။- ငါ​သည် ခ​ရစ်​တော်၏ နက်​နဲ​သော​အ​ရာ​ကြောင့် အ​ချည်​အ​နှောင်​ခံ​ရ​သည်​ဖြစ်၍။- ထို​နက်​နဲ​သော​အ​ရာ​ကို ဟော​ပြော​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် တ​ရား​ဟော​ရာ​တံ​ခါး​ကို ငါ​တို့​အား ဖွင့်​တော်​မူ​မည် အ​ကြောင်း​ကို​လည်း​ကောင်း၊ ထို​နက်​နဲ​သော​အ​ရာ​ကို ဟော​ပြော​အပ်​သည်​နှင့်​အ​ညီ ငါ​ဖော်​ပြ​မည် အ​ကြောင်း​ကို​လည်း​ကောင်း၊ ငါ​တို့​အ​ဖို့​လည်း ဆု​တောင်း​ကြ​လော့။- ပြင်​ပ​လူ​တို့၏ မျက်​နှာ​ကို​ထောက်​လျက်၊ ပ​ညာ​နှင့် ကျင့်​ဆောင်၍ ကာ​လ​အ​ချိန်​ကို ရွေး​နုတ်​ကြ​လော့။- လူ​အ​သီး​အ​သီး​တို့​အား အ​ဘယ်​သို့ ပြန်​ပြော​ရ​မည်​ကို သိ​နိုင်​မည်​အ​ကြောင်း၊ သင်​တို့​စ​ကား​သည် ဆား​အား​ဖြင့် ငန်​သော​အ​ရ​သာ​နှင့် ပြည့်​စုံ​လျက်၊ အ​စဉ်​မ​ပြတ် တင့်​တယ်​လျောက်​ပတ်​ပါ​စေ။ သ​ခင်​ဘု​ရား၌ သ​စ္စာ​ရှိ​သော​ဆ​ရာ၊ ငါ​တို့​ကျွန် ချင်း​တည်း​ဟူ​သော၊ ငါ​ချစ်​သော​ညီ တု​ခိတ်​သည် ငါ၏ အ​ကြောင်း​အ​ရာ​ရှိ​သ​မျှ​ကို သင်​တို့​အား ဖော်​ပြ​လိမ့်​မည်။- သူ​သည် သင်​တို့၏​အ​ကြောင်း​အ​ရာ​များ​ကို သိ၍၊ သင်​တို့​စိတ်​နှ​လုံး​ကို သက်​သာ​စေ​ခြင်း​ငှာ၊ ထို​သူ ကို​လည်း​ကောင်း၊ သင်​တို့​အ​ထဲ​က​ဖြစ်၍ သ​စ္စာ​ရှိ​သော ငါ​ချစ်​သော​ညီ ဩ​နေ​သိမ်​ကို​လည်း​ကောင်း၊ သင်​တို့​ဆီ​သို့ ငါ​စေ​လွှတ်၏။ သူ​တို့​သည် ဤ​မြို့၌​ဖြစ်​သ​မျှ​သော အ​ကြောင်း​အ​ရာ​ကို သင်​တို့​အား ဖော်​ပြ​ကြ​လိမ့်​မည်။ ငါ​နှင့်​အ​တူ အ​ကျဉ်း​ခံ​ရ​သော​သူ အာ​ရိ​တ္တာ​ခု၊ ဗာ​န​ဗ၏​ညီ​အစ်​ကို​တော်​မာ​ကု၊ ယု​တ္တု​ဟု​ခေါ်​ဝေါ်​သော ယေ​ရှု​တို့​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။ မာ​ကု​အ​တွက် သင်​တို့​ကို ငါ​မှာ​လိုက်​ခဲ့​ပြီ။ သူ​သည် သင်​တို့​ဆီ​သို့ ရောက်​လာ​လျှင် လက်​ခံ​ကြ​လော့။- အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော သူ​တို့​တွင် ဤ​သူ​တို့​သာ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​အ​ဖို့ ငါ​နှင့်​အ​တူ အ​မှု​ဆောင်​သော​သူ​ဖြစ်၍၊ ငါ့​စိတ်​ကို သက်​သာ​စေ​ကြ၏။- သင်​တို့​အ​ထဲ​က​ဖြစ်​သော ခ​ရစ်​တော်၏​ကျွန် ဧ​ပ​ဖြ​သည် သင်​တို့​ကို နှုတ်​ဆက်၏။ သင်​တို့​သည် စုံ​လင်​လျက်၊ ဘု​ရား​သ​ခင်၏ အ​လို​တော်​ကို အ​ကုန်​အ​စင် လေ့​ကျက်​လျက် တည်​ကြည်​မည်​အ​ကြောင်း သူ​သည် သင်​တို့​အ​ဖို့ ကာ​လ​အ​စဉ်​ကြိုး​စား၍ ဆု​တောင်း​တတ်၏။- သင်​တို့​မှ​စ၍ လော​ဒိ​ကိ​မြို့​နှင့် ဟေ​ရ​ပေါ​လိ​မြို့၌ ရှိ​သော သူ​တို့​အ​ဖို့ သူ​သည် အ​လွန်​စေ​တ​နာ​စိတ် အား​ကြီး​သည်​ဟု ငါ​သည် သူ၏​သက်​သေ​ဖြစ်၏။

ကောလောသဲ 4:2-13

Colossians 4:2-13