YouVersion လိုဂို
ရှာရန် အိုင်ကွန်

Acts 3:19-26

တမန်တော် 3:19-26 - ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ ချမ်း​ဧ​သော​အ​ချိန်​ကာ​လ​သည် ရောက်​လာ၍၊- သင်​တို့​အ​ဖို့​အ​လို​ငှာ ခန့်​ထား​တော်​မူ​နှင့်​သော ယေ​ရှု​ခ​ရစ်​ကို စေ​လွှတ်​တော်​မူ​မည်​အ​ကြောင်း၊ သင်​တို့ အ​ပြစ်​များ​ကို ပြေ​စေ​ခြင်း​ငှာ နောင်​တ​ရ၍ စိတ်​ပြောင်း​လဲ​ခြင်း​သို့ ရောက်​ကြ​လော့။- က​မ္ဘာ​ဦး​မှ​စ၍ သန့်​ရှင်း​သော​ပ​ရော​ဖက် ဆ​ရာ​တော်​တို့​နှုတ်​ဖြင့် ဘု​ရား​သ​ခင်​ဗျာ​ဒိတ်​ထား​တော်​မူ​သော ထို​ကပ်​ကာ​လ၊ အ​လုံး​စုံ​သော​အ​ရာ​တို့​ကို အ​သစ်​ပြု​ပြင်​တော်​မူ​သော ကပ်​ကာ​လ​မ​ရောက်​မီ​တိုင်​အောင် ကောင်း​ကင်​ဘုံ​သည် ထို​ခ​ရစ်​တော်​ကို ခံ​ယူ​သိမ်း​ဆည်း​ရ​မည်။- ငါ​တို့​ဘိုး​ဘေး​များ​တို့​အား​လည်း မော​ရှေ​က၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​တို့​အ​မျိုး​သား​ချင်း​တို့​အ​ထဲ၌ ငါ​နှင့်​တူ​သော ပ​ရော​ဖက်​တစ်​ပါး​ကို သင်​တို့​အ​ဖို့​ပေါ်​ထွန်း​စေ​တော်​မူ​မည်။ ထို​ပ​ရော​ဖက် ဟော​ပြော​သော​အ​ရာ​တို့​ကို သင်​တို့​သည် နား​ထောင်​ရ​ကြ​မည်။- အ​ကြင်​သူ​သည် ထို​ပ​ရော​ဖက်၏​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​အံ့၊ ထို​သူ​သည် မိ​မိ​အ​မျိုး​ထဲ​က ပယ်​ရှင်း​ခြင်း​ကို ခံ​ရ​မည်​ဟု​ဟော၏။- ပ​ရော​ဖက်​ရှ​မွေ​လ​မှ​စ၍ နောက်​ဟော​သော ပ​ရော​ဖက်​ရှိ​သ​မျှ​တို့​သည် ဤ​သည်​နေ့​ရက်​ကာ​လ​ကို ဟော​ပြော​ပြ​ညွှန်​ကြ​ပြီ။- သင်​တို့​သည် ပ​ရော​ဖက်​အ​မျိုး​အ​နွယ်​ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်​သည် အာ​ဗြ​ဟံ​ကို၊ သင်၏ အ​မျိုး​အ​နွယ်​အား​ဖြင့် လူ​မျိုး​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ​လိမ့်​မည်​ဟု ဗျာ​ဒိတ်​ထား​တော်​မူ၍၊ ငါ​တို့ ဘိုး​ဘေး​များ​တို့​အား ပေး​တော်​မူ​သော ပ​ဋိ​ညာဉ်​တ​ရား​တော်​နှင့် သင်​တို့​သည်​ဆိုင်​ကြ၏။- သင်​တို့​တွင် မိ​မိ​ဒု​စ​ရိုက်​တို့​ကို ကြဉ်​ရှောင်​ပယ်​ရှား​သော​သူ ရှိ​သ​မျှ​တို့​အား ကောင်း​ချီး​မင်္ဂ​လာ​ကို ပေး​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​သည် မိ​မိ​သား​တော်​ယေ​ရှု​ကို ထ​မြောက်​စေ​တော်​မူ​ပြီး​လျှင်၊ သင်​တို့​ရှိ​ရာ​သို့ ရှေး​ဦး​စွာ​စေ​လွှတ်​တော်​မူ​သည်​ဟု လူ​များ​တို့​အား ပေ​တ​ရု​ဟော​ပြော၏။

ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ ချမ်း​ဧ​သော​အ​ချိန်​ကာ​လ​သည် ရောက်​လာ၍၊- သင်​တို့​အ​ဖို့​အ​လို​ငှာ ခန့်​ထား​တော်​မူ​နှင့်​သော ယေ​ရှု​ခ​ရစ်​ကို စေ​လွှတ်​တော်​မူ​မည်​အ​ကြောင်း၊ သင်​တို့ အ​ပြစ်​များ​ကို ပြေ​စေ​ခြင်း​ငှာ နောင်​တ​ရ၍ စိတ်​ပြောင်း​လဲ​ခြင်း​သို့ ရောက်​ကြ​လော့။- က​မ္ဘာ​ဦး​မှ​စ၍ သန့်​ရှင်း​သော​ပ​ရော​ဖက် ဆ​ရာ​တော်​တို့​နှုတ်​ဖြင့် ဘု​ရား​သ​ခင်​ဗျာ​ဒိတ်​ထား​တော်​မူ​သော ထို​ကပ်​ကာ​လ၊ အ​လုံး​စုံ​သော​အ​ရာ​တို့​ကို အ​သစ်​ပြု​ပြင်​တော်​မူ​သော ကပ်​ကာ​လ​မ​ရောက်​မီ​တိုင်​အောင် ကောင်း​ကင်​ဘုံ​သည် ထို​ခ​ရစ်​တော်​ကို ခံ​ယူ​သိမ်း​ဆည်း​ရ​မည်။- ငါ​တို့​ဘိုး​ဘေး​များ​တို့​အား​လည်း မော​ရှေ​က၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​တို့​အ​မျိုး​သား​ချင်း​တို့​အ​ထဲ၌ ငါ​နှင့်​တူ​သော ပ​ရော​ဖက်​တစ်​ပါး​ကို သင်​တို့​အ​ဖို့​ပေါ်​ထွန်း​စေ​တော်​မူ​မည်။ ထို​ပ​ရော​ဖက် ဟော​ပြော​သော​အ​ရာ​တို့​ကို သင်​တို့​သည် နား​ထောင်​ရ​ကြ​မည်။- အ​ကြင်​သူ​သည် ထို​ပ​ရော​ဖက်၏​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​အံ့၊ ထို​သူ​သည် မိ​မိ​အ​မျိုး​ထဲ​က ပယ်​ရှင်း​ခြင်း​ကို ခံ​ရ​မည်​ဟု​ဟော၏။- ပ​ရော​ဖက်​ရှ​မွေ​လ​မှ​စ၍ နောက်​ဟော​သော ပ​ရော​ဖက်​ရှိ​သ​မျှ​တို့​သည် ဤ​သည်​နေ့​ရက်​ကာ​လ​ကို ဟော​ပြော​ပြ​ညွှန်​ကြ​ပြီ။- သင်​တို့​သည် ပ​ရော​ဖက်​အ​မျိုး​အ​နွယ်​ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်​သည် အာ​ဗြ​ဟံ​ကို၊ သင်၏ အ​မျိုး​အ​နွယ်​အား​ဖြင့် လူ​မျိုး​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ​လိမ့်​မည်​ဟု ဗျာ​ဒိတ်​ထား​တော်​မူ၍၊ ငါ​တို့ ဘိုး​ဘေး​များ​တို့​အား ပေး​တော်​မူ​သော ပ​ဋိ​ညာဉ်​တ​ရား​တော်​နှင့် သင်​တို့​သည်​ဆိုင်​ကြ၏။- သင်​တို့​တွင် မိ​မိ​ဒု​စ​ရိုက်​တို့​ကို ကြဉ်​ရှောင်​ပယ်​ရှား​သော​သူ ရှိ​သ​မျှ​တို့​အား ကောင်း​ချီး​မင်္ဂ​လာ​ကို ပေး​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​သည် မိ​မိ​သား​တော်​ယေ​ရှု​ကို ထ​မြောက်​စေ​တော်​မူ​ပြီး​လျှင်၊ သင်​တို့​ရှိ​ရာ​သို့ ရှေး​ဦး​စွာ​စေ​လွှတ်​တော်​မူ​သည်​ဟု လူ​များ​တို့​အား ပေ​တ​ရု​ဟော​ပြော၏။

တမန်တော် 3:19-26

Acts 3:19-26