YouVersion လိုဂို
ရှာရန် အိုင်ကွန်

2 Timothy 1:9-18

၂ တိမောသေ 1:9-18 - ဘု​ရား​သ​ခင်​သည် ငါ​တို့​ကျင့်​သော​အ​ကျင့်​ကို ထောက်​တော်​မ​မူ။ ရှေး​ကပ်​ကာ​လ​မ​ရောက်​မီ၊ ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​အ​ဖို့ ကိုယ်​တော်​တိုင်​ကြံ​စည်​တော်​မူ​သော ကျေး​ဇူး​တော်​နှင့်​အ​ညီ ငါ​တို့​ကို​ကယ်​တင်၍၊ သန့်​ရှင်း​သော​အ​ရာ၌ ခေါ်​သွင်း​တော်​မူ၏။- ထို​ကျေး​ဇူး​တော်​ကား၊ ငါ​တို့​ကို​ကယ်​တင်​သော​သ​ခင်​ယေ​ရှု​ခ​ရစ် ပေါ်​ထွန်း​သည်​အ​ရာ​မှာ ယ​ခု​ထင်​ရှား​လျက်​ရှိ၏။ ထို​သ​ခင်​သည် သေ​ခြင်း​အ​ကြောင်း​ကို ပယ်​ရှား၍၊ အ​သက်​ရှင်​ခြင်း​အ​ကြောင်း​နှင့် မ​ဖောက်​ပြန်​ခြင်း​အ​ကြောင်း​ကို ဧ​ဝံ​ဂေ​လိ​တ​ရား​အား​ဖြင့် ထင်​ရှား​စေ​တော်​မူ​ပြီ။- ထို​တ​ရား​ကို ဟော​ပြော​သော​သူ​အ​ရာ၌​လည်း​ကောင်း၊ တ​မန်​တော်​အ​ရာ၌​လည်း​ကောင်း၊ တစ်​ပါး​အ​မျိုး​သား​တို့၏ ဆ​ရာ​အ​ရာ၌​လည်း​ကောင်း ငါ့​ကို​ခန့်​ထား​တော်​မူ​ပြီ၊- ထို​အ​ကြောင်း​ကြောင့် ဤ​ဆင်း​ရဲ​ဒု​က္ခ​ကို ငါ​ခံ​ရ၏။ သို့​သော်​လည်း ရှက်​ကြောက်​ခြင်း​မ​ရှိ။ အ​ဘယ်​သူ​ကို ငါ​ယုံ​ကြည်​သည်​ဟု ငါ​သိ၏။ သူ၌ ငါ​အပ်​ထား​သော​အ​ရာ​ကို​လည်း၊ ထို​နေ့​ရက်​တိုင်​အောင် စောင့်​နိုင်​တော်​မူ​သည်​ဟု ငါ​သ​ဘော​ကျ၏။
ငါ့​ထံ၌ ကြား​ရ​ပြီး​သော၊ စင်​ကြယ်​သော​တ​ရား စ​ကား​အ​ချုပ်​အ​ခြာ​ကို၊ ယေ​ရှု​ခ​ရစ်၌ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း​နှင့်​တ​ကွ စွဲ​လမ်း​လော့။- သင်၌​အပ်​ထား​သော အ​ရာ​မြတ်​ကို ငါ​တို့၌ ကျိန်း​ဝပ်​တော်​မူ​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့် စောင့်​ရှောက်​လော့။
အာ​ရှိ​ပြည်၌​နေ​သော သူ​အ​ပေါင်း​တို့​သည် ငါ့​ကို​ပယ်​ကြ​ပြီ​ဟု၊ သင်​သည် ကြား​သိ၏။ ထို​သူ​တို့​တွင် ဖု​ဂေ​လု​နှင့် ဟေ​ရ​မော​ဂင်​ပါ​သ​တည်း။- ထာ​ဝ​ရ​ဘု​ရား၏ က​ရု​ဏာ​တော်​သည် ဩ​နေ​သိ​ဖော်၏​အိမ်၌ သက်​ရောက်​ပါ​စေ​သော။ သူ​သည်​ငါ့​ကို အ​ဖန်​ဖန်​သက်​သာ​စေ​ပြီ။ ငါ၌​သံ​ကြိုး​ချည်​နှောင်​လျက် ရှိ​သော်​လည်း၊ သူ​သည် ရှက်​ကြောက်​ခြင်း​မ​ရှိ​ဘဲ၊- ရော​မ​မြို့​သို့​ရောက်​သော​အ​ခါ သာ၍​ကြိုး​စား​လျက် ငါ့​ကို​ရှာ၍​တွေ့၏။- သူ​သည် ထို​နေ့​ရက်၌ သ​ခင်​ဘု​ရား၏​လက်​မှ က​ရု​ဏာ​တော်​ကို ခံ​ရ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ပေး​သ​နား​တော်​မူ​ပါ​စေ​သော။ သူ​သည် ဧ​ဖက်​မြို့၌​လည်း ငါ့​ကို အ​ဘယ်​မျှ​လောက် ပြု​စု​သည်​ကို သင်​သည် အ​မှန်​သိ၏။

ဘု​ရား​သ​ခင်​သည် ငါ​တို့​ကျင့်​သော​အ​ကျင့်​ကို ထောက်​တော်​မ​မူ။ ရှေး​ကပ်​ကာ​လ​မ​ရောက်​မီ၊ ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​အ​ဖို့ ကိုယ်​တော်​တိုင်​ကြံ​စည်​တော်​မူ​သော ကျေး​ဇူး​တော်​နှင့်​အ​ညီ ငါ​တို့​ကို​ကယ်​တင်၍၊ သန့်​ရှင်း​သော​အ​ရာ၌ ခေါ်​သွင်း​တော်​မူ၏။- ထို​ကျေး​ဇူး​တော်​ကား၊ ငါ​တို့​ကို​ကယ်​တင်​သော​သ​ခင်​ယေ​ရှု​ခ​ရစ် ပေါ်​ထွန်း​သည်​အ​ရာ​မှာ ယ​ခု​ထင်​ရှား​လျက်​ရှိ၏။ ထို​သ​ခင်​သည် သေ​ခြင်း​အ​ကြောင်း​ကို ပယ်​ရှား၍၊ အ​သက်​ရှင်​ခြင်း​အ​ကြောင်း​နှင့် မ​ဖောက်​ပြန်​ခြင်း​အ​ကြောင်း​ကို ဧ​ဝံ​ဂေ​လိ​တ​ရား​အား​ဖြင့် ထင်​ရှား​စေ​တော်​မူ​ပြီ။- ထို​တ​ရား​ကို ဟော​ပြော​သော​သူ​အ​ရာ၌​လည်း​ကောင်း၊ တ​မန်​တော်​အ​ရာ၌​လည်း​ကောင်း၊ တစ်​ပါး​အ​မျိုး​သား​တို့၏ ဆ​ရာ​အ​ရာ၌​လည်း​ကောင်း ငါ့​ကို​ခန့်​ထား​တော်​မူ​ပြီ၊- ထို​အ​ကြောင်း​ကြောင့် ဤ​ဆင်း​ရဲ​ဒု​က္ခ​ကို ငါ​ခံ​ရ၏။ သို့​သော်​လည်း ရှက်​ကြောက်​ခြင်း​မ​ရှိ။ အ​ဘယ်​သူ​ကို ငါ​ယုံ​ကြည်​သည်​ဟု ငါ​သိ၏။ သူ၌ ငါ​အပ်​ထား​သော​အ​ရာ​ကို​လည်း၊ ထို​နေ့​ရက်​တိုင်​အောင် စောင့်​နိုင်​တော်​မူ​သည်​ဟု ငါ​သ​ဘော​ကျ၏။ ငါ့​ထံ၌ ကြား​ရ​ပြီး​သော၊ စင်​ကြယ်​သော​တ​ရား စ​ကား​အ​ချုပ်​အ​ခြာ​ကို၊ ယေ​ရှု​ခ​ရစ်၌ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း​နှင့်​တ​ကွ စွဲ​လမ်း​လော့။- သင်၌​အပ်​ထား​သော အ​ရာ​မြတ်​ကို ငါ​တို့၌ ကျိန်း​ဝပ်​တော်​မူ​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့် စောင့်​ရှောက်​လော့။ အာ​ရှိ​ပြည်၌​နေ​သော သူ​အ​ပေါင်း​တို့​သည် ငါ့​ကို​ပယ်​ကြ​ပြီ​ဟု၊ သင်​သည် ကြား​သိ၏။ ထို​သူ​တို့​တွင် ဖု​ဂေ​လု​နှင့် ဟေ​ရ​မော​ဂင်​ပါ​သ​တည်း။- ထာ​ဝ​ရ​ဘု​ရား၏ က​ရု​ဏာ​တော်​သည် ဩ​နေ​သိ​ဖော်၏​အိမ်၌ သက်​ရောက်​ပါ​စေ​သော။ သူ​သည်​ငါ့​ကို အ​ဖန်​ဖန်​သက်​သာ​စေ​ပြီ။ ငါ၌​သံ​ကြိုး​ချည်​နှောင်​လျက် ရှိ​သော်​လည်း၊ သူ​သည် ရှက်​ကြောက်​ခြင်း​မ​ရှိ​ဘဲ၊- ရော​မ​မြို့​သို့​ရောက်​သော​အ​ခါ သာ၍​ကြိုး​စား​လျက် ငါ့​ကို​ရှာ၍​တွေ့၏။- သူ​သည် ထို​နေ့​ရက်၌ သ​ခင်​ဘု​ရား၏​လက်​မှ က​ရု​ဏာ​တော်​ကို ခံ​ရ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ပေး​သ​နား​တော်​မူ​ပါ​စေ​သော။ သူ​သည် ဧ​ဖက်​မြို့၌​လည်း ငါ့​ကို အ​ဘယ်​မျှ​လောက် ပြု​စု​သည်​ကို သင်​သည် အ​မှန်​သိ၏။

၂ တိမောသေ 1:9-18

2 Timothy 1:9-18