YouVersion လိုဂို
ရှာရန် အိုင်ကွန်

1 Timothy 6:11-21

၁ တိမောသေ 6:11-21 - သို့​ဖြစ်၍၊ အို ဘု​ရား​သ​ခင်၏​လူ၊ သင်​သည် ထို​အ​ပြစ်​များ​ကို ကြဉ်​ရှောင်​လော့။ ဖြောင့်​မတ်​စွာ ကျင့်​ခြင်း၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း၊ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း၊ သည်း​ခံ​ခြင်း၊ နူး​ညံ့​သိမ်​မွေ့​ခြင်း​တို့​ကို မှီ​အောင်​လိုက်​လော့။- ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်၍ ကောင်း​စွာ​သော တိုက်​လှန်​ခြင်း​ကို ပြု​လော့။ ထာ​ဝ​ရ​အ​သက်​ကို ကိုင်​ယူ​လော့။ ထို​အ​သက်​ကို​ရ​မည်​အ​ကြောင်း၊ သင်​သည် ခေါ်​တော်​မူ​ခြင်း​ကို​ခံ​ရ၍၊ သက်​သေ​အ​များ​တို့ ရှေ့၌ ကောင်း​မွန်​စွာ​ဝန်​ခံ​ပြီ။- ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ် ထင်​ရှား​ပေါ်​ထွန်း​တော်​မူ​သည်​တိုင်​အောင်၊ သင်​သည်​အ​ညစ်​အ​ကြေး​နှင့် ကင်း​စင်၍ အ​ပြစ်​တင်​ခွင့် မ​ရှိ​ဘဲ​လျက်၊ ပ​ညတ်​တော်​ကို စောင့်​ရှောက်​မည်​အ​ကြောင်း၊- အ​လုံး​စုံ​တို့​ကို အ​သက်​ရှင်​စေ​တော်​မူ​သော ဘု​ရား​သ​ခင့်​ရှေ့​မှာ​လည်း​ကောင်း၊ ပု​န္တိ​ပိ​လတ်​မင်း​ထံ ကောင်း​သော​ဝန်​ခံ​ခြင်း​ဘက်၌ သက်​သေ​ခံ​တော်​မူ​သော ယေ​ရှု​ခ​ရစ် ရှေ့​မှာ​လည်း​ကောင်း၊ ငါ​သည် သင့်​ကို​ပ​ညတ်​ထား၏။- မ​ရ​ဏ​နှင့်​ကင်း​လွတ်​သော​သူ တစ်​ပါး​တည်း​ဖြစ်​တော်​မူ​ထ​သော၊ အ​ဘယ်​သူ​မျှ မ​ချဉ်း​ကပ်​နိုင်​သော အ​လင်း​ထဲ၌​နေ​တော်​မူ​ထ​သော အ​ဘယ်​သူ​မျှ မ​မြင်​ဖူး​ရာ၊ မ​မြင်​နိုင်​ရာ ဖြစ်​တော်​မူ​ထ​သော၊ မင်္ဂ​လာ​ရှိ​သော တစ်​ပါး​တည်း​သော အ​ရှင်​ဖြစ်​တော်​မူ​ထ​သော၊ ဘု​ရင်​တ​ကာ​တို့၏ ဘု​ရင်၊ သ​ခင်​တ​ကာ​တို့၏​သ​ခင်​သည်၊ ကာ​လ​အ​ချိန်​ရောက်​သော​အ​ခါ၊ သ​ခင်​ယေ​ရှု​ခ​ရစ်၏ ထင်​ရှား​ပေါ်​ထွန်း​ခြင်း​ကို ပြ​တော်​မူ​လိမ့်​မည်။ ထို​ဘု​ရား​သ​ခင်​သည် ထာ​ဝ​ရ​ဂုဏ်​အ​သ​ရေ အ​စွမ်း​သ​တ္တိ ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။
ဤ​ဘ​ဝ၌ ငွေ​ရ​တတ်​သော​သူ​တို့​သည် မာန်​မာ​န စိတ်​နှင့် ကင်း​လွတ်၍၊ မ​မြဲ​သော​စည်း​စိမ်​ကို မ​ကိုး​စား​ဘဲ၊ ငါ​တို့​ခံ​စား​ဖို့​ရာ အ​လုံး​စုံ​တို့​ကို​ကြွယ်​ဝ​စွာ ပေး​သ​နား​တော်​မူ​သော၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ကိုး​စား​ရ​မည်​အ​ကြောင်း​နှင့်၊- သူ​တစ်​ပါး​အား​ကျေး​ဇူး​ပြု​ခြင်း၊ ကောင်း​သော​အ​ကျင့်၌ ကြွယ်​ဝ​ပြည့်​စုံ​ခြင်း၊ စွန့်​ကြဲ​ချင်​သော စေ​တ​နာ​စိတ်​ရှိ​ခြင်း၊ အ​ချင်း​ချင်း ဆက်​ဆံ​ခြင်း၊- မှန်​သော​အ​သက်​ကို ဝင်​စား​လို​သော​ငှာ၊ နောင်​ဘ​ဝ၌ ကောင်း​သော​ဘ​ဏ္ဍာ​ကို မိ​မိ​တို့​အ​ဖို့ ဆည်း​ပူးခြင်း​တို့​ကို ပြု​ရ​မည်​အ​ကြောင်း ပ​ညတ်​ထား​လော့။
အို တိ​မော​သေ၊ သင်၌​အပ်​ထား​သော အ​ရာ​ကို စောင့်​ရှောက်​လော့။ တ​ရား​မဲ့​ဖြစ်​သော အ​ချည်း​နှီး စ​ကား​ပြော​ခြင်း​ကို​လည်း​ကောင်း၊ သိ​ပ္ပံ​အ​တတ်​ဟူ၍ အ​လွဲ​ခေါ်​ဝေါ်​သော သိ​ပ္ပံ​အ​တတ် ဆီး​တား​နှောင့်​ယှက်​ခြင်း​ကို​လည်း​ကောင်း ရှောင်​လော့။- ထို​သိ​ပ္ပံ​အ​တတ်​ကို လူ​အ​ချို့​တို့​သည် ဝန်​ခံ​ပြု​စု​သော​အား​ဖြင့်၊ ယုံ​ကြည်​ခြင်း​တ​ရား​လမ်း​မှ လွဲ​ကြ​ပြီ။ သင်၌​ကျေး​ဇူး​တော် ရှိ​စေ​သ​တည်း။ အာ​မင်။
တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင်​ပြီး၏။

သို့​ဖြစ်၍၊ အို ဘု​ရား​သ​ခင်၏​လူ၊ သင်​သည် ထို​အ​ပြစ်​များ​ကို ကြဉ်​ရှောင်​လော့။ ဖြောင့်​မတ်​စွာ ကျင့်​ခြင်း၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း၊ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း၊ သည်း​ခံ​ခြင်း၊ နူး​ညံ့​သိမ်​မွေ့​ခြင်း​တို့​ကို မှီ​အောင်​လိုက်​လော့။- ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်၍ ကောင်း​စွာ​သော တိုက်​လှန်​ခြင်း​ကို ပြု​လော့။ ထာ​ဝ​ရ​အ​သက်​ကို ကိုင်​ယူ​လော့။ ထို​အ​သက်​ကို​ရ​မည်​အ​ကြောင်း၊ သင်​သည် ခေါ်​တော်​မူ​ခြင်း​ကို​ခံ​ရ၍၊ သက်​သေ​အ​များ​တို့ ရှေ့၌ ကောင်း​မွန်​စွာ​ဝန်​ခံ​ပြီ။- ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ် ထင်​ရှား​ပေါ်​ထွန်း​တော်​မူ​သည်​တိုင်​အောင်၊ သင်​သည်​အ​ညစ်​အ​ကြေး​နှင့် ကင်း​စင်၍ အ​ပြစ်​တင်​ခွင့် မ​ရှိ​ဘဲ​လျက်၊ ပ​ညတ်​တော်​ကို စောင့်​ရှောက်​မည်​အ​ကြောင်း၊- အ​လုံး​စုံ​တို့​ကို အ​သက်​ရှင်​စေ​တော်​မူ​သော ဘု​ရား​သ​ခင့်​ရှေ့​မှာ​လည်း​ကောင်း၊ ပု​န္တိ​ပိ​လတ်​မင်း​ထံ ကောင်း​သော​ဝန်​ခံ​ခြင်း​ဘက်၌ သက်​သေ​ခံ​တော်​မူ​သော ယေ​ရှု​ခ​ရစ် ရှေ့​မှာ​လည်း​ကောင်း၊ ငါ​သည် သင့်​ကို​ပ​ညတ်​ထား၏။- မ​ရ​ဏ​နှင့်​ကင်း​လွတ်​သော​သူ တစ်​ပါး​တည်း​ဖြစ်​တော်​မူ​ထ​သော၊ အ​ဘယ်​သူ​မျှ မ​ချဉ်း​ကပ်​နိုင်​သော အ​လင်း​ထဲ၌​နေ​တော်​မူ​ထ​သော အ​ဘယ်​သူ​မျှ မ​မြင်​ဖူး​ရာ၊ မ​မြင်​နိုင်​ရာ ဖြစ်​တော်​မူ​ထ​သော၊ မင်္ဂ​လာ​ရှိ​သော တစ်​ပါး​တည်း​သော အ​ရှင်​ဖြစ်​တော်​မူ​ထ​သော၊ ဘု​ရင်​တ​ကာ​တို့၏ ဘု​ရင်၊ သ​ခင်​တ​ကာ​တို့၏​သ​ခင်​သည်၊ ကာ​လ​အ​ချိန်​ရောက်​သော​အ​ခါ၊ သ​ခင်​ယေ​ရှု​ခ​ရစ်၏ ထင်​ရှား​ပေါ်​ထွန်း​ခြင်း​ကို ပြ​တော်​မူ​လိမ့်​မည်။ ထို​ဘု​ရား​သ​ခင်​သည် ထာ​ဝ​ရ​ဂုဏ်​အ​သ​ရေ အ​စွမ်း​သ​တ္တိ ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။ ဤ​ဘ​ဝ၌ ငွေ​ရ​တတ်​သော​သူ​တို့​သည် မာန်​မာ​န စိတ်​နှင့် ကင်း​လွတ်၍၊ မ​မြဲ​သော​စည်း​စိမ်​ကို မ​ကိုး​စား​ဘဲ၊ ငါ​တို့​ခံ​စား​ဖို့​ရာ အ​လုံး​စုံ​တို့​ကို​ကြွယ်​ဝ​စွာ ပေး​သ​နား​တော်​မူ​သော၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ကိုး​စား​ရ​မည်​အ​ကြောင်း​နှင့်၊- သူ​တစ်​ပါး​အား​ကျေး​ဇူး​ပြု​ခြင်း၊ ကောင်း​သော​အ​ကျင့်၌ ကြွယ်​ဝ​ပြည့်​စုံ​ခြင်း၊ စွန့်​ကြဲ​ချင်​သော စေ​တ​နာ​စိတ်​ရှိ​ခြင်း၊ အ​ချင်း​ချင်း ဆက်​ဆံ​ခြင်း၊- မှန်​သော​အ​သက်​ကို ဝင်​စား​လို​သော​ငှာ၊ နောင်​ဘ​ဝ၌ ကောင်း​သော​ဘ​ဏ္ဍာ​ကို မိ​မိ​တို့​အ​ဖို့ ဆည်း​ပူးခြင်း​တို့​ကို ပြု​ရ​မည်​အ​ကြောင်း ပ​ညတ်​ထား​လော့။ အို တိ​မော​သေ၊ သင်၌​အပ်​ထား​သော အ​ရာ​ကို စောင့်​ရှောက်​လော့။ တ​ရား​မဲ့​ဖြစ်​သော အ​ချည်း​နှီး စ​ကား​ပြော​ခြင်း​ကို​လည်း​ကောင်း၊ သိ​ပ္ပံ​အ​တတ်​ဟူ၍ အ​လွဲ​ခေါ်​ဝေါ်​သော သိ​ပ္ပံ​အ​တတ် ဆီး​တား​နှောင့်​ယှက်​ခြင်း​ကို​လည်း​ကောင်း ရှောင်​လော့။- ထို​သိ​ပ္ပံ​အ​တတ်​ကို လူ​အ​ချို့​တို့​သည် ဝန်​ခံ​ပြု​စု​သော​အား​ဖြင့်၊ ယုံ​ကြည်​ခြင်း​တ​ရား​လမ်း​မှ လွဲ​ကြ​ပြီ။ သင်၌​ကျေး​ဇူး​တော် ရှိ​စေ​သ​တည်း။ အာ​မင်။ တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင်​ပြီး၏။

၁ တိမောသေ 6:11-21

1 Timothy 6:11-21