1 Timothy 5:1-8

အသက်ကြီးသောသူကို ကျပ်တည်းစွာ မဆုံးမနှင့်။ အဘကဲ့သို့ မှတ်၍ တောင်းပန်လော့။ လူပျိုတို့ကို ညီအစ်ကိုကဲ့သို့လည်းကောင်း၊- အသက်ကြီးသောမိန်းမတို့ကို အမိကဲ့သို့လည်းကောင်း၊ မိန်းမပျိုတို့ကို အလွန်စင်ကြယ်သော အခြင်းအရာနှင့်တကွ၊ နှမကဲ့သို့လည်းကောင်း မှတ်၍ ကျင့်လော့။- မုဆိုးမအမှန်ဖြစ်သော မိန်းမတို့ကို မစလုပ်ကျွေးလော့။- သားမြေးရှိသော မုဆိုးမဖြစ်လျှင်၊ ထိုသားမြေးတို့သည် ရှေ့ဦးစွာ ဘုရားဝတ်ကို ရည်မှတ်လျက်၊ မိမိအိမ်ကို ပြုစု၍ မိဘဘိုးဘွား၌ ကျေးဇူးဆပ်ခြင်းငှာ သင်ကြစေ။ ထိုအမှုသည် ဘုရားသခင်နှစ်သက်တော်မူသောအမှုဖြစ်၏။- မုဆိုးမအမှန်ဖြစ်၍ တစ်ယောက်တည်းကျန်ရစ်သော မိန်းမသည်၊ ဘုရားသခင်ကို ကိုးစား၍ ဆုတောင်း ပတ္ထနာပြုခြင်း၌ နေ့ညမပြတ် တည်နေတတ်၏။- ကာမဂုဏ်စည်းစိမ်၌ပျော်မွေ့သော မုဆိုးမမူကား၊ အသက်ရှိလျက်ပင် အသေဖြစ်၏။- ထိုသူတို့ကို အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှာ ဤသို့ ပညတ်ထားလော့။- မိမိလူတို့ကိုမပြုစု၊ ထိုမျှမက၊ မိမိအိမ်သူအိမ်သားတို့ကို မပြုစုသောသူမည်သည်ကား၊ ယုံကြည်ခြင်းတရားကို ငြင်းပယ်၏။ မယုံကြည်ဖူးသောသူထက် သာ၍ ယုတ်မာ၏။
၁ တိမောသေ 5:1-8