YouVersion လိုဂို
ရှာရန် အိုင်ကွန်

1 Pedro 5:2-11

၁ ရှင်ပေတရု 5:2-11 - သင်​တို့​နှင့်​အ​တူ​ရှိ​သော ဘု​ရား​သ​ခင်၏ သိုး​တော်​စု​ကို ထိန်း​ခြင်း​အ​မှု​မှာ၊ အ​နိုင်​ထိန်း​ရ​သော​ကြောင့် မ​ဟုတ်၊ မ​စင်​ကြယ်​သော​စီး​ပွား​ကို တပ်​မက်​သော​ကြောင့် မ​ဟုတ်​ဘဲ၊ အ​လို​လို​စေ​တ​နာ​စိတ်​ရှိ၍ ကြည့်​ရှု​အုပ်​ထိန်း​ကြ​လော့။- အ​သီး​အ​သီး​အုပ်​သော အ​သင်း​တော်​တို့​ကို အာ​ဏာ​ထား၍ အ​စိုး​တ​ရ​ပြု​သည်​မ​ဟုတ်​ဘဲ၊ သိုး​တော်​စု​ရှေ့​မှာ ပုံ​သက်​သေ​ကို​ပြ​သော​သူ ဖြစ်​ကြ​လော့။- သို့​ဖြစ်​လျှင်၊ သိုး​ထိန်း​အ​ကြီး ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ၊ သင်​တို့​သည် မ​ညှိုး​မ​နွမ်း​တတ်​သော၊ ဘုန်း​ကြီး​သော ပန်း​ဦး​ရစ်​သ​ရ​ဖူ​ကို ခံ​ရ​ကြ​လိမ့်​မည်။
ထို​နည်း​တူ၊ အ​သက်​ပျို​သော​သူ​တို့၊ အ​သက်​ကြီး​သော သူ​တို့၏ စ​ကား​ကို နား​ထောင်​ကြ​လော့။ ထို​မျှ​မ​က၊ အ​ချင်း​ချင်း တစ်​ယောက်​အောက်​တစ်​ယောက် နှိမ့်​ချ​လျက်​နေ၍၊ နှိမ့်​ချ​ခြင်း​တန်​ဆာ​ကို ဆင်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ထောင်​လွှား​စော်​ကား​သော သူ​တို့​ကို ဘု​ရား​သ​ခင် ဆီး​တား​တော်​မူ၏။ စိတ်​နှိမ့်​ချ​သော သူ​တို့​အား ကျေး​ဇူး​ပြု​တော်​မူ၏။- ထို​ကြောင့် ကာ​လ​အ​ချိန်​တန်​လျှင်၊ ဘု​ရား​သ​ခင်​သည် သင်​တို့​ကို ချီး​မြှောက်​တော်​မူ​မည်​အ​ကြောင်း၊ တန်​ခိုး​ကြီး​သော လက်​တော်​အောက်၌ ကိုယ်​ကို​ကိုယ် နှိမ့်​ချ​ကြ​လော့။- သင်​တို့​ကို​သ​တိ​နှင့် ကြည့်​ရှု​တော်​မူ​သော​ကြောင့်၊ သင်​တို့၌ စိုး​ရိမ်​ခြင်း​အ​မှု​ရှိ​သ​မျှ​တို့​ကို ကိုယ်​တော်၌ အပ်​နှံ​ကြ​လော့။
သ​မ္မာ​သ​တိ​ရှိ​လျက် မ​အိပ်​ဘဲ​စောင့်​နေ​ကြ​လော့။ သင်​တို့၏ ရန်​သူ​တည်း​ဟူ​သော မာရ်​နတ်​သည်၊ ဟောက်​သော​ခြင်္သေ့​ကဲ့​သို့ အ​ဘယ်​သူ​ကို မျို​ရ​မည်​နည်း​ဟူ၍ လှည့်​လည်​ရှာ​ဖွေ​လျက်​ရှိ၏။- သို့​ဖြစ်၍၊ လူ​ပြည်​အ​ရပ်​ရပ်​တို့၌​ရှိ​သော သင်​တို့ ညီ​အစ်​ကို​များ​တို့​သည် ထို​သို့​သော​ဆင်း​ရဲ​ကို ခံ​ရ​ကြ​သည်​ဟု သိ​မှတ်​လျက်၊ ယုံ​ကြည်​ခြင်း၌​တည်၍ မာရ်​နတ်​ကို ဆီး​တား​ကြ​လော့။
ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် ငါ​တို့​ကို ထာ​ဝ​ရ​ဘုန်း​အ​သ​ရေ​တော်​သို့ ခေါ်​တော်​မူ​သော၊ ခပ်​သိမ်း​သော​ကျေး​ဇူး​ကို ပြု​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ခ​ဏ​ဆင်း​ရဲ​ခံ​ပြီး​သော သင်​တို့​ကို စုံ​လင်​တည်​ကြည်​ခိုင်​ခံ့ မြဲ​မြံ​စေ​တော်​မူ​လိမ့်​မည်။- ထို​ဘု​ရား​သ​ခင်​သည် က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​အ​သ​ရေ အ​စွမ်း​သ​တ္တိ ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။

သင်​တို့​နှင့်​အ​တူ​ရှိ​သော ဘု​ရား​သ​ခင်၏ သိုး​တော်​စု​ကို ထိန်း​ခြင်း​အ​မှု​မှာ၊ အ​နိုင်​ထိန်း​ရ​သော​ကြောင့် မ​ဟုတ်၊ မ​စင်​ကြယ်​သော​စီး​ပွား​ကို တပ်​မက်​သော​ကြောင့် မ​ဟုတ်​ဘဲ၊ အ​လို​လို​စေ​တ​နာ​စိတ်​ရှိ၍ ကြည့်​ရှု​အုပ်​ထိန်း​ကြ​လော့။- အ​သီး​အ​သီး​အုပ်​သော အ​သင်း​တော်​တို့​ကို အာ​ဏာ​ထား၍ အ​စိုး​တ​ရ​ပြု​သည်​မ​ဟုတ်​ဘဲ၊ သိုး​တော်​စု​ရှေ့​မှာ ပုံ​သက်​သေ​ကို​ပြ​သော​သူ ဖြစ်​ကြ​လော့။- သို့​ဖြစ်​လျှင်၊ သိုး​ထိန်း​အ​ကြီး ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ၊ သင်​တို့​သည် မ​ညှိုး​မ​နွမ်း​တတ်​သော၊ ဘုန်း​ကြီး​သော ပန်း​ဦး​ရစ်​သ​ရ​ဖူ​ကို ခံ​ရ​ကြ​လိမ့်​မည်။ ထို​နည်း​တူ၊ အ​သက်​ပျို​သော​သူ​တို့၊ အ​သက်​ကြီး​သော သူ​တို့၏ စ​ကား​ကို နား​ထောင်​ကြ​လော့။ ထို​မျှ​မ​က၊ အ​ချင်း​ချင်း တစ်​ယောက်​အောက်​တစ်​ယောက် နှိမ့်​ချ​လျက်​နေ၍၊ နှိမ့်​ချ​ခြင်း​တန်​ဆာ​ကို ဆင်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ထောင်​လွှား​စော်​ကား​သော သူ​တို့​ကို ဘု​ရား​သ​ခင် ဆီး​တား​တော်​မူ၏။ စိတ်​နှိမ့်​ချ​သော သူ​တို့​အား ကျေး​ဇူး​ပြု​တော်​မူ၏။- ထို​ကြောင့် ကာ​လ​အ​ချိန်​တန်​လျှင်၊ ဘု​ရား​သ​ခင်​သည် သင်​တို့​ကို ချီး​မြှောက်​တော်​မူ​မည်​အ​ကြောင်း၊ တန်​ခိုး​ကြီး​သော လက်​တော်​အောက်၌ ကိုယ်​ကို​ကိုယ် နှိမ့်​ချ​ကြ​လော့။- သင်​တို့​ကို​သ​တိ​နှင့် ကြည့်​ရှု​တော်​မူ​သော​ကြောင့်၊ သင်​တို့၌ စိုး​ရိမ်​ခြင်း​အ​မှု​ရှိ​သ​မျှ​တို့​ကို ကိုယ်​တော်၌ အပ်​နှံ​ကြ​လော့။ သ​မ္မာ​သ​တိ​ရှိ​လျက် မ​အိပ်​ဘဲ​စောင့်​နေ​ကြ​လော့။ သင်​တို့၏ ရန်​သူ​တည်း​ဟူ​သော မာရ်​နတ်​သည်၊ ဟောက်​သော​ခြင်္သေ့​ကဲ့​သို့ အ​ဘယ်​သူ​ကို မျို​ရ​မည်​နည်း​ဟူ၍ လှည့်​လည်​ရှာ​ဖွေ​လျက်​ရှိ၏။- သို့​ဖြစ်၍၊ လူ​ပြည်​အ​ရပ်​ရပ်​တို့၌​ရှိ​သော သင်​တို့ ညီ​အစ်​ကို​များ​တို့​သည် ထို​သို့​သော​ဆင်း​ရဲ​ကို ခံ​ရ​ကြ​သည်​ဟု သိ​မှတ်​လျက်၊ ယုံ​ကြည်​ခြင်း၌​တည်၍ မာရ်​နတ်​ကို ဆီး​တား​ကြ​လော့။ ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် ငါ​တို့​ကို ထာ​ဝ​ရ​ဘုန်း​အ​သ​ရေ​တော်​သို့ ခေါ်​တော်​မူ​သော၊ ခပ်​သိမ်း​သော​ကျေး​ဇူး​ကို ပြု​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ခ​ဏ​ဆင်း​ရဲ​ခံ​ပြီး​သော သင်​တို့​ကို စုံ​လင်​တည်​ကြည်​ခိုင်​ခံ့ မြဲ​မြံ​စေ​တော်​မူ​လိမ့်​မည်။- ထို​ဘု​ရား​သ​ခင်​သည် က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​အ​သ​ရေ အ​စွမ်း​သ​တ္တိ ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။

၁ ရှင်ပေတရု 5:2-11

1 Pedro 5:2-11