YouVersion လိုဂို
ရှာရန် အိုင်ကွန်

1 Peter 1:13-21

၁ ရှင်ပေတရု 1:13-21 - သို့​ဖြစ်၍၊ သင်​တို့​စိတ်​နှ​လုံး​ကို ခါး​ပန်း​စည်း၍ သ​မ္မာ​သ​တိ​ရှိ​ကြ​လော့။ ယေ​ရှု​ခ​ရစ် ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ၊ သင်​တို့​ဆီ​သို့​ရောက်​လ​တ္တံ့​သော ဆု​ကျေး​ဇူး​ကို အ​ဆုံး​တိုင်​အောင် မျှော်​လ​င့်​ကြ​လော့။- အ​ထက်​က သင်​တို့​သည် မှောင်​မိုက်​ထဲ​မှာ​ကျင့်​သော တပ်​မက်​ခြင်း​တ​ရား​ကို ယ​ခု​မ​လိုက်​မ​ကျင့်​ဘဲ၊ နား​ထောင်​တတ်​သော သူ​ငယ်​ကဲ့​သို့ ဖြစ်၍၊- သင်​တို့​ကို​ခေါ်​တော်​မူ​သော သူ​သည် သန့်​ရှင်း​တော်​မူ​သည်​နည်း​တူ၊ ကျင့်​ကြံ​ပြု​မူ​သ​မျှ​တို့၌ သန့်​ရှင်း​ခြင်း ရှိ​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ ငါ​သည် သန့်​ရှင်း​တော်​မူ​သော​ကြောင့်၊ သင်​တို့​သည်​လည်း သန့်​ရှင်း​ခြင်း​ရှိ​ကြ​လော့​ဟု ကျမ်း​စာ​လာ​သ​တည်း။- လူ​မျက်​နှာ​ကို​မ​ငဲ့၊ ခပ်​သိမ်း​သော​သူ​တို့၏ အ​ကျင့်​အ​တိုင်း စီ​ရင်​တော်​မူ​သော​ခ​မည်း​တော်​ကို သင်​တို့​သည် ဆု​တောင်း​ကိုး​ကွယ်​လျှင်၊ ဧည့်​သည်​ဖြစ်​စဉ်​ကာ​လ​ပတ်​လုံး ကြောက်​ရွံ့​သော​စိတ်​နှင့် ကျင့်​နေ​ကြ​လော့။- မိ​စဉ်​ဘ​ဆက် ကျင်​လည်​သော အ​ချည်း​နှီး​ကျင့်​ကြံ​ပြု​မူ​ခြင်း​မှ၊ ရွှေ​ငွေ​အ​စ​ရှိ​သော ဖောက်​ပြန် ပျက်​စီး​တတ်​သော ဥ​စ္စာ​နှင့် သင်​တို့​ကို ရွေး​တော်​မူ​သည်​မ​ဟုတ်။- အ​ဘယ်​အ​ပြစ်​မျှ​မ​ရှိ၊ အ​ညစ်​အ​ကြေး​နှင့် ကင်း​စင်​သော သိုး​သ​ငယ်​ကဲ့​သို့​သော ခ​ရစ်​တော်၏ အ​သွေး​တော်​မြတ်​နှင့် ရွေး​တော်​မူ​သည်​ကို သိ​မှတ်​ကြ​လော့။- ထို​ခ​ရစ်​တော်​ကား၊ ဤ​က​မ္ဘာ​မ​တည်​မ​ရှိ​မီ ခန့်​ထား​တော်​မူ​ခြင်း​ကို ခံ​နှင့်​သည်​ဖြစ်၍၊ ကိုယ်​တော်​အား​ဖြင့် ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​သော သင်​တို့​အ​ဖို့၊ ဤ​နောက်​ဆုံး​သော​ကာ​လ၌ ထင်​ရှား​တော်​မူ​ပြီ။- သင်​တို့​သည် ဘု​ရား​သ​ခင်​ကို ထောက်​လျက် ယုံ​ကြည်​ခြင်း၊ မျှော်​လ​င့်​ခြင်း​ရှိ​စေ​ခြင်း​ငှာ၊ ထို​သ​ခင်​ကို ဘု​ရား​သ​ခင်​သည် သေ​ခြင်း​မှ​ထ​မြောက်​စေ၍ ဘုန်း​အ​သ​ရေ​ကို ပေး​သ​နား​တော်​မူ​ပြီ။

သို့​ဖြစ်၍၊ သင်​တို့​စိတ်​နှ​လုံး​ကို ခါး​ပန်း​စည်း၍ သ​မ္မာ​သ​တိ​ရှိ​ကြ​လော့။ ယေ​ရှု​ခ​ရစ် ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ၊ သင်​တို့​ဆီ​သို့​ရောက်​လ​တ္တံ့​သော ဆု​ကျေး​ဇူး​ကို အ​ဆုံး​တိုင်​အောင် မျှော်​လ​င့်​ကြ​လော့။- အ​ထက်​က သင်​တို့​သည် မှောင်​မိုက်​ထဲ​မှာ​ကျင့်​သော တပ်​မက်​ခြင်း​တ​ရား​ကို ယ​ခု​မ​လိုက်​မ​ကျင့်​ဘဲ၊ နား​ထောင်​တတ်​သော သူ​ငယ်​ကဲ့​သို့ ဖြစ်၍၊- သင်​တို့​ကို​ခေါ်​တော်​မူ​သော သူ​သည် သန့်​ရှင်း​တော်​မူ​သည်​နည်း​တူ၊ ကျင့်​ကြံ​ပြု​မူ​သ​မျှ​တို့၌ သန့်​ရှင်း​ခြင်း ရှိ​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ ငါ​သည် သန့်​ရှင်း​တော်​မူ​သော​ကြောင့်၊ သင်​တို့​သည်​လည်း သန့်​ရှင်း​ခြင်း​ရှိ​ကြ​လော့​ဟု ကျမ်း​စာ​လာ​သ​တည်း။- လူ​မျက်​နှာ​ကို​မ​ငဲ့၊ ခပ်​သိမ်း​သော​သူ​တို့၏ အ​ကျင့်​အ​တိုင်း စီ​ရင်​တော်​မူ​သော​ခ​မည်း​တော်​ကို သင်​တို့​သည် ဆု​တောင်း​ကိုး​ကွယ်​လျှင်၊ ဧည့်​သည်​ဖြစ်​စဉ်​ကာ​လ​ပတ်​လုံး ကြောက်​ရွံ့​သော​စိတ်​နှင့် ကျင့်​နေ​ကြ​လော့။- မိ​စဉ်​ဘ​ဆက် ကျင်​လည်​သော အ​ချည်း​နှီး​ကျင့်​ကြံ​ပြု​မူ​ခြင်း​မှ၊ ရွှေ​ငွေ​အ​စ​ရှိ​သော ဖောက်​ပြန် ပျက်​စီး​တတ်​သော ဥ​စ္စာ​နှင့် သင်​တို့​ကို ရွေး​တော်​မူ​သည်​မ​ဟုတ်။- အ​ဘယ်​အ​ပြစ်​မျှ​မ​ရှိ၊ အ​ညစ်​အ​ကြေး​နှင့် ကင်း​စင်​သော သိုး​သ​ငယ်​ကဲ့​သို့​သော ခ​ရစ်​တော်၏ အ​သွေး​တော်​မြတ်​နှင့် ရွေး​တော်​မူ​သည်​ကို သိ​မှတ်​ကြ​လော့။- ထို​ခ​ရစ်​တော်​ကား၊ ဤ​က​မ္ဘာ​မ​တည်​မ​ရှိ​မီ ခန့်​ထား​တော်​မူ​ခြင်း​ကို ခံ​နှင့်​သည်​ဖြစ်၍၊ ကိုယ်​တော်​အား​ဖြင့် ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​သော သင်​တို့​အ​ဖို့၊ ဤ​နောက်​ဆုံး​သော​ကာ​လ၌ ထင်​ရှား​တော်​မူ​ပြီ။- သင်​တို့​သည် ဘု​ရား​သ​ခင်​ကို ထောက်​လျက် ယုံ​ကြည်​ခြင်း၊ မျှော်​လ​င့်​ခြင်း​ရှိ​စေ​ခြင်း​ငှာ၊ ထို​သ​ခင်​ကို ဘု​ရား​သ​ခင်​သည် သေ​ခြင်း​မှ​ထ​မြောက်​စေ၍ ဘုန်း​အ​သ​ရေ​ကို ပေး​သ​နား​တော်​မူ​ပြီ။

၁ ရှင်ပေတရု 1:13-21

1 Peter 1:13-21