YouVersion လိုဂို
ရှာရန် အိုင်ကွန်

1 Corinthians 3:16-23

၁ ကောရိန္သု 3:16-23 - သင်​တို့​သည် ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော် ဖြစ်​ကြ​သည်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ထဲ၌ ကျိန်း​ဝပ်​တော်​မူ​သည်​ကို​လည်း​ကောင်း မ​သိ​ကြ​သ​လော။- အ​ကြင်​သူ​သည် ဘု​ရား​သ​ခင်​၏ ဗိ​မာန်​တော်​ကို ဖျက်​ဆီး၏။ ထို​သူ​ကို ဘု​ရား​သ​ခင် ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။ ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော်​သည် သန့်​ရှင်း​ရ၏။ သင်​တို့​သည်​လည်း၊ ထို​ဗိ​မာန်​တော် ဖြစ်​ကြ၏။- အ​ဘယ်​သူ​မျှ ကိုယ်​ကို မ​လှည့်​ဖြား​စေ​နှင့်။ သင်​တို့​တွင် အ​ကြင်​သူ​သည် ဤ​လော​က၌ ပ​ညာ​ရှိ​ဖြစ်​သည်​ဟု ကိုယ်​ကို​ထင်၏။ ထို​သူ​သည် ပ​ညာ​ရှိ​အ​ဖြစ်​သို့ ရောက်​လို​သော​ငှာ လူ​မိုက်​ဖြစ်​ပါ​စေ။- အ​ကြောင်း​မူ​ကား၊ လော​ကီ​ပ​ညာ​သည် ဘု​ရား​သ​ခင့်​ရှေ့၌ မိုက်​မဲ​ခြင်း​ဖြစ်၏။ ကျမ်း​စာ​လာ​သည်​ကား၊ ဘု​ရား​သ​ခင်​သည် ပ​ညာ​ရှိ​တို့​ကို သူ​တို့၏ ပ​ရိ​ယာယ်​အား​ဖြင့် ဖမ်း​ဆီး​တော်​မူ၏​ဟု လာ​သ​တည်း။- တစ်​ဖန်​တုံ၊ ပ​ညာ​ရှိ​တို့၏ အ​ကြံ​အ​စည်​တို့​သည် အ​ချည်း​နှီး​ဖြစ်​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​သိ​တော်​မူ၏​ဟု လာ​သ​တည်း။- ထို​သို့​ဖြစ်​လျှင်၊ အ​ဘယ်​သူ​မျှ လူ​တို့၌ ဝါ​ကြွား​ခြင်း​မ​ရှိ​စေ​နှင့်။ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် သင်​တို့​အ​ဖို့ ဖြစ်​ကြ၏။- ပေါ​လု​ဖြစ်​စေ၊ အာ​ပေါ​လု​ဖြစ်​စေ၊ ကေ​ဖ​ဖြစ်​စေ၊ ဤ​လော​က​ဖြစ်​စေ၊ အ​သက်​ရှင်​ခြင်း​ဖြစ်​စေ၊ သေ​ခြင်း​ဖြစ်​စေ၊ မျက်​မှောက်​အ​ရာ​ဖြစ်​စေ၊ နောက်​လာ​လ​တ္တံ့​သော အ​ရာ​ဖြစ်​စေ၊ ခပ်​သိမ်း​သော အ​ရာ​တို့​သည် သင်​တို့​အ​ဖို့ ဖြစ်​ကြ၏။- သင်​တို့​သည်​လည်း၊ ခ​ရစ်​တော်​အ​ဖို့ ဖြစ်​ကြ၏။ ခ​ရစ်​တော်​သည်​လည်း ဘု​ရား​သ​ခင်​အ​ဖို့ ဖြစ်​တော်​မူ၏။

သင်​တို့​သည် ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော် ဖြစ်​ကြ​သည်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ထဲ၌ ကျိန်း​ဝပ်​တော်​မူ​သည်​ကို​လည်း​ကောင်း မ​သိ​ကြ​သ​လော။- အ​ကြင်​သူ​သည် ဘု​ရား​သ​ခင်​၏ ဗိ​မာန်​တော်​ကို ဖျက်​ဆီး၏။ ထို​သူ​ကို ဘု​ရား​သ​ခင် ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။ ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော်​သည် သန့်​ရှင်း​ရ၏။ သင်​တို့​သည်​လည်း၊ ထို​ဗိ​မာန်​တော် ဖြစ်​ကြ၏။- အ​ဘယ်​သူ​မျှ ကိုယ်​ကို မ​လှည့်​ဖြား​စေ​နှင့်။ သင်​တို့​တွင် အ​ကြင်​သူ​သည် ဤ​လော​က၌ ပ​ညာ​ရှိ​ဖြစ်​သည်​ဟု ကိုယ်​ကို​ထင်၏။ ထို​သူ​သည် ပ​ညာ​ရှိ​အ​ဖြစ်​သို့ ရောက်​လို​သော​ငှာ လူ​မိုက်​ဖြစ်​ပါ​စေ။- အ​ကြောင်း​မူ​ကား၊ လော​ကီ​ပ​ညာ​သည် ဘု​ရား​သ​ခင့်​ရှေ့၌ မိုက်​မဲ​ခြင်း​ဖြစ်၏။ ကျမ်း​စာ​လာ​သည်​ကား၊ ဘု​ရား​သ​ခင်​သည် ပ​ညာ​ရှိ​တို့​ကို သူ​တို့၏ ပ​ရိ​ယာယ်​အား​ဖြင့် ဖမ်း​ဆီး​တော်​မူ၏​ဟု လာ​သ​တည်း။- တစ်​ဖန်​တုံ၊ ပ​ညာ​ရှိ​တို့၏ အ​ကြံ​အ​စည်​တို့​သည် အ​ချည်း​နှီး​ဖြစ်​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​သိ​တော်​မူ၏​ဟု လာ​သ​တည်း။- ထို​သို့​ဖြစ်​လျှင်၊ အ​ဘယ်​သူ​မျှ လူ​တို့၌ ဝါ​ကြွား​ခြင်း​မ​ရှိ​စေ​နှင့်။ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် သင်​တို့​အ​ဖို့ ဖြစ်​ကြ၏။- ပေါ​လု​ဖြစ်​စေ၊ အာ​ပေါ​လု​ဖြစ်​စေ၊ ကေ​ဖ​ဖြစ်​စေ၊ ဤ​လော​က​ဖြစ်​စေ၊ အ​သက်​ရှင်​ခြင်း​ဖြစ်​စေ၊ သေ​ခြင်း​ဖြစ်​စေ၊ မျက်​မှောက်​အ​ရာ​ဖြစ်​စေ၊ နောက်​လာ​လ​တ္တံ့​သော အ​ရာ​ဖြစ်​စေ၊ ခပ်​သိမ်း​သော အ​ရာ​တို့​သည် သင်​တို့​အ​ဖို့ ဖြစ်​ကြ၏။- သင်​တို့​သည်​လည်း၊ ခ​ရစ်​တော်​အ​ဖို့ ဖြစ်​ကြ၏။ ခ​ရစ်​တော်​သည်​လည်း ဘု​ရား​သ​ခင်​အ​ဖို့ ဖြစ်​တော်​မူ၏။

၁ ကောရိန္သု 3:16-23

1 Corinthians 3:16-23