YouVersion လိုဂို
ရှာရန် အိုင်ကွန်

1 Corinthians 2:9-13

၁ ကောရိန္သု 2:9-13 - ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ၊ ဘု​ရား​သ​ခင်​ကို ချစ်​သော​သူ​တို့​အ​ဖို့ အ​လို​ငှာ၊ ဘု​ရား​သ​ခင်​ပြင်​ဆင်​တော်​မူ​သော အ​ရာ​တို့​ကို လူ​မျက်​စိ​ဖြင့်​မ​မြင်၊ နား​ဖြင့်​မ​ကြား၊ စိတ်​နှ​လုံး​ဖြင့် မ​ကြံ​စည်​သေး။- ထို​အ​ရာ​တို့​ကို ဘု​ရား​သ​ခင်​သည် မိ​မိ​ဝိ​ညာဉ်​တော်​အား​ဖြင့် ငါ​တို့​အား​ဖော်​ပြ​တော်​မူ၏။ ဝိ​ညာဉ်​တော်​သည် ဘု​ရား​သ​ခင်၏ နက်​နဲ​သော အ​ရာ​တိုင်​အောင် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို စစ်​တော်​မူ၏။- လူ၏​နက်​နဲ​သော​အ​ရာ​ကို လူ၌​ရှိ​သော မိ​မိ​စိတ်​ဝိ​ညာဉ်​မှ တစ်​ပါး အ​ဘယ်​သူ​သိ​သ​နည်း။ ထို​နည်း​တူ ဘု​ရား​သ​ခင်၏ နက်​နဲ​သော​အ​ရာ​ကို ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ​မ​သိ။- ငါ​တို့​သည် လော​ကီ​ဝိ​ညာဉ်​ကို မ​ခံ​ရ​ကြ။ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော အ​ရာ​တို့​ကို သိ​ခြင်း​အ​လို​ငှာ ဘု​ရား​သ​ခင်​ထံ​မှ ကြွ​လာ​သော ဝိ​ညာဉ်​ကို​ခံ​ရ​ကြ​ပြီ။- ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော အ​ရာ​တို့​ကို ငါ​တို့​သည် လူ​ပ​ညာ​ကို​အ​မှီ​ပြု၍ နား​လည်​သော​စ​ကား​နှင့် မ​ဟော။ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည် ဝိ​ညာဉ်​နှင့် စပ်​ဆိုင်​သော​အ​ရာ​ကို ဝိ​ညာဉ်​စ​ကား​အား​ဖြင့် ဖွင့်​ပြ၍ ပဲ့​ပြင်​တော်​မူ​သော​စ​ကား​နှင့် ငါ​တို့​သည် ဟော​ကြ၏။

ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ၊ ဘု​ရား​သ​ခင်​ကို ချစ်​သော​သူ​တို့​အ​ဖို့ အ​လို​ငှာ၊ ဘု​ရား​သ​ခင်​ပြင်​ဆင်​တော်​မူ​သော အ​ရာ​တို့​ကို လူ​မျက်​စိ​ဖြင့်​မ​မြင်၊ နား​ဖြင့်​မ​ကြား၊ စိတ်​နှ​လုံး​ဖြင့် မ​ကြံ​စည်​သေး။- ထို​အ​ရာ​တို့​ကို ဘု​ရား​သ​ခင်​သည် မိ​မိ​ဝိ​ညာဉ်​တော်​အား​ဖြင့် ငါ​တို့​အား​ဖော်​ပြ​တော်​မူ၏။ ဝိ​ညာဉ်​တော်​သည် ဘု​ရား​သ​ခင်၏ နက်​နဲ​သော အ​ရာ​တိုင်​အောင် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို စစ်​တော်​မူ၏။- လူ၏​နက်​နဲ​သော​အ​ရာ​ကို လူ၌​ရှိ​သော မိ​မိ​စိတ်​ဝိ​ညာဉ်​မှ တစ်​ပါး အ​ဘယ်​သူ​သိ​သ​နည်း။ ထို​နည်း​တူ ဘု​ရား​သ​ခင်၏ နက်​နဲ​သော​အ​ရာ​ကို ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ​မ​သိ။- ငါ​တို့​သည် လော​ကီ​ဝိ​ညာဉ်​ကို မ​ခံ​ရ​ကြ။ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော အ​ရာ​တို့​ကို သိ​ခြင်း​အ​လို​ငှာ ဘု​ရား​သ​ခင်​ထံ​မှ ကြွ​လာ​သော ဝိ​ညာဉ်​ကို​ခံ​ရ​ကြ​ပြီ။- ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော အ​ရာ​တို့​ကို ငါ​တို့​သည် လူ​ပ​ညာ​ကို​အ​မှီ​ပြု၍ နား​လည်​သော​စ​ကား​နှင့် မ​ဟော။ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည် ဝိ​ညာဉ်​နှင့် စပ်​ဆိုင်​သော​အ​ရာ​ကို ဝိ​ညာဉ်​စ​ကား​အား​ဖြင့် ဖွင့်​ပြ၍ ပဲ့​ပြင်​တော်​မူ​သော​စ​ကား​နှင့် ငါ​တို့​သည် ဟော​ကြ၏။

၁ ကောရိန္သု 2:9-13

1 Corinthians 2:9-13