1 Corinthians 16:13-18

သင်တို့သည် သတိနှင့် စောင့်နေကြလော့။ ယုံကြည်ခြင်း၌ တည်ကြလော့။ ယောက်ျား အစွမ်းသတ္တိနှင့်တကွ ခွန်အားစုံလင်လျက် နေကြလော့။- သင်တို့သည် ခပ်သိမ်းသောအမှုတို့ကို ချစ်ခြင်းမေတ္တာစိတ်နှင့် ဆောင်ရွက်ကြလော့။- ညီအစ်ကိုတို့၊ သတေဖန်၏အိမ်သူအိမ်သားတို့သည် အခါယပြည်တွင် အဦးသီးသော အသီးဖြစ်၍၊ သန့်ရှင်းသူတို့၏အမှုကို ဆောင်ရွက်ခြင်းငှာ ကိုယ်ကိုကိုယ် အပ်ကြောင်းကို သင်တို့ သိကြသည်နှင့်အညီ၊- ထိုသို့သော သူတို့၏ အုပ်စိုးခြင်းကိုလည်းကောင်း၊ ငါတို့နှင့် အတူလုပ်ကိုင်၍ အမှုဆောင်သောသူရှိသမျှတို့၏ အုပ်စိုးခြင်းကိုလည်းကောင်း၊ သင်တို့ဝန်ခံကြမည်အကြောင်း ငါတောင်းပန်၏။- သတေဖန်၊ ဖော်တုနတ်၊ အခါယကုတို့သည် ရောက်လာသောကြောင့် ငါဝမ်းမြောက်ခြင်းရှိ၏။- အကြောင်းမူကား၊ သင်တို့သည် ပြုစု၍ မပြည့်စုံသမျှကို သူတို့သည် ထပ်၍ပြည့်စုံစေသဖြင့်၊ ငါ့စိတ်နှင့် သင်တို့စိတ်ကို သက်သာစေကြပြီ။ ထိုသို့သော သူတို့ကို လက်ခံကြလော့။
၁ ကောရိန္သု 16:13-18